ဇေယျ(မင်းသား)

ဇေယျ

မွေးသက္ကရာဇ် ၁၉၁၆ ဇွန် ၁၂
အမည်ရင်း လှမောင်
မိဘအမည် ဦးမောင် + ဒေါ်ဆင်
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ညောင်ကုန်းရွာ၊ စစ်ကိုင်းမြို့နယ်
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု နိုင်ငံကျော်ရုပ်ရှင်မင်းသား
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွန်ယက်

ခေတ်သစ် သရုပ်ဆောင် အတွက် ဇေယျ (ခေတ်သစ် သရုပ်ဆောင်) ကို ကြည့်ပါ။

ဇေယျ သည် မြန်မာ့ရုပ်ရှင်ခေတ်ဦးပိုင်းက ထင်ရှားသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဇာတ်ဆောင်စရိုက် ပေါ်လွင်ပီပြင်လွန်းသဖြင့် "ရိုးရိုးကြီး ဇေယျ" ဟုဂုဏ်ပြုခေါ်ဆိုအသိအမှတ်ပြုခံရပြီး ပရိတ်သတ်၏ချစ်ခင်လေးစားမှု ရရှိခဲ့သူလည်းဖြစ်သည်။

၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင် တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင် ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဌမမြောက် သားဖြစ်သည်။ သုံးတန်းအထိ ပညာသင်ကြားခဲ့ပြီး မိဘ၏ ဥယျာဉ်လုပ်ငန်းကို ကူညီလုပ်ကိုင်ခဲ့သည်။ အသက်(၁၈)နှစ် အရွယ်တွင် မန္တလေး၊ ကျောက်သွေးတန်းမှ ကျောက်ကုန်သည် သမီး မသန်းတင်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ၉ ယောက် ထွန်းကားခဲ့သည်။

ကာယဗလဘွဲ့များ

၁၉၄၃-ခုနှစ်တွင် စစ်ကိုင်းကာယဗလအဖွဲ့မှ ကျင်းပသော ဇေယျာမောင်ဘွဲ့၊ ၁၉၄၆-ခုနှစ်တွင် ရွှေမန်းမောင် ဘွဲ့များကို ရရှိခဲ့သည်။

ရုပ်ရှင်လောက

၁၉၄၆-ခုနှစ်တွင် ``ခေတ်သစ်ဖာတစ်လုံးခေါင်းကျား´´ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ သည်။ မန္တလေးကျောက်သွေးတန်း၌ ကျောက်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဘဝသံသရာ၊ သည်ဆောင်းဟေမာန်၊ ဪမိန်းမ စသောဇာတ်ကားများမှာ အထူးထင်ရှားသည်။

၁၉၅၀ ပြည့်နှစ်တွင် 'မြဲတဲ့သစ္စာ'၊ 'အကျော်အမော်'၊ 'ဘဝသံသရာ' ဇာတ်ကားများဖြင့် ရုပ်ရှင်သရုပ်ဆောင် လောကသို့ ပြန်လည် ဝင်ရောက်လာပြီး၊ ၁၉၅၆ ခုနှစ်တွင် 'ဘဝသံသရာ' ဇတ်ကားဖြင့် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့သည်။ ဇေယျာရွှေပြည် ရုပ်ရှင် ကုမ္ပဏီကို တည်ဆောင်ခဲ့သည်။ 'မချစ်လည်းပြုံး ချစ်လည်းပြုံး' ဇာတ်ကားကို နောက်ဆုံး ရိုက်ကူးခဲ့ပြီး၊ အသက် ၆၉ နှစ် အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူသည်။

ရုပ်ရှင် ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ 'ဘဝသံသရာ'၊ 'သည်ဆောင်းဟေမာန်'၊ 'ဪမိန်းမ' စသော ဇာတ်ကားများမှာ အထူး ထင်ရှားသည်။

၁၉၈၁ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့တွင် ရန်ကုန် မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက်တွင် ဇနီးဖြစ်သူက ရဟန်းအမ ပြုကာ ပခုက္ကူ ဆရာတော်အား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဝင်ခဲ့သည်။ ရဟန်းဘွဲ့ အမည်မှာ ရှင်ဝဇီရာနန္ဒ ဖြစ်သည်။

ဘ၀နိဂုံး

ရဟန်းဘဝဖြင့် စစ်ကိုင်းတောင်ရိုး၊ ညောင်တုန်းချောင်၌ သီတင်းသုံး နေခဲ့ပြီး၊ ၁၉၉၆-ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့် ၊ ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။

Comments