ရဲလေး(အဆိုတော်)

ရဲလေး

မွေးသက္ကရာဇ် ၁၉၈၄၊ ဇန်န၀ါရီ (၁၁)
အမည်ရင်း ရဲထွန်းမင်း
မိဘအမည် ဦး + ဒေါ်
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ရန်ကုန်မြို့
ပညာအရည်အချင်း B.Sc (Botany)
အလုပ်အကိုင် သရုပ်ဆောင်၊ အဆိုတော်
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု လက်ရှိ နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင်
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွန်ယက် ရဲလေး၏ အင်တာနက် စာမျက်နှာ


ရဲလေးသည် လက်ရှိ နာမည်ကျော် Hip-Hop အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်သည်။

ကိုယ်‌ရေးကိုယ်‌တာ

ရဲလေးကို ဇန်န၀ါရီ (၁)၊ ၁၉၈၄-ခု တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ရဲထွန်းမင်း ဖြစ်ပြီး မွေးချင်းညီအစ်ကို သုံးယောက်မှာ အလတ်ဖြစ်သည်။ ကရင်မြန်မာလူမျိုး ဖြစ်သည်။ သူသည် ဗိုလ်တထောင်(၆) မှ ၁၀-တန်းအောင်မြင်ခဲ့ပြီး ရုက္ခဗေဒဘာသာရပ်ဖြင့် ၂၀၀၄-ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။

အနုပညာလှုပ်‌ရှားမှု

ရဲလေးသည် ညီဝမ်းကွဲဖြစ်သူ ဘိုလေးနှင့် တွဲဖက်၍ Adaptor အမည်ဖြင့် သီချင်းများ စတင်သီဆိုခဲ့သည်။ Adaptor ၏ ပထမဦးဆုံး စီးရီး “ဘာလာရှုပ်” ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ခဲ့သည်။ ထို့နောက် အခြားသူများ၏ သီချင်းခွေများအတွက် Featuring ပါဝင်သီဆိုပေးခြင်းဖြင့် သူ့အား လူသိများ နာမည်ရလာခဲ့သည်။ သူ ပါဝင်သီဆိုခဲ့သော တေးအယ်လ်ဘမ်များမှာ ဘိုဘိုနဲ့ လင်းပင်ဟိန်းတို့ရဲ့ “တကယ့်အဖြစ်အပျက်” ၊ အဖွဲ့စုံ ပါဝင်သီဆိုသည့် “ပေးဦးနော်” ၊ “ရူးအောင်ချစ်မိသူ” အစရှိသော တေးစီးရီးများဖြစ်သည်။ သူသည် သရုပ်ဆောင်အဖြစ်လည်း ဗွီစီဒီများနှင့် ကြော်ငြာများတွင် ပါဝင်ခဲ့သည်။ သူ ဦးဆုံး သရုပ်ဆောင်သည့် ဗီစီဒီမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးသည့် “သက်တံ့တွေပေါ်မှာ” ဆိုသည့် သီချင်းဖြစ်သည်။

၂၀၀၅ ခုနှစ်မှစ၍ သူ၏ အောင်မြင်မှုများ စတင်ခဲ့သည်။ သူ၏ အအောင်မြင်ဆုံးသီချင်းများမှာ သူကိုယ်တိုင်ရေးသည့် “ထိပ်ဆုံးမှာအမေ” ၊ Bambino နှင့် တွဲဖက်သီဆိုသည့် “ပြောမထွက်ခဲ့သူ” သီချင်းများ ဖြစ်သည်။ ပရိသတ်များ များပြားလာသည့်အချိန်မှာပင် “ကျွန်တော်နှင့်သက်ဆိုင်သော” ဟူသည့် သူ၏ ပထမဦးဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ၂၀၀၅ အောက်တိုဘာလ (၈)ရက်နေ့မှာ ထွက်ရှိနိုင်ခဲ့လေသည်။

ရဲလေးသည် ဂီတရုပ်ရှင် နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုရအောင် ကြိုးစားခဲ့သည်။ သူ၏ ပထမဦးဆုံးရုပ်ရှင်ကား “နေတစ်ခြမ်း လတစ်ခြမ်း” ကို ၂၀၀၅ ခုနှစ်အတွင်းက ရိုက်ကူးခဲ့ပါတယ်။ အကြည်တော်၏ ၀တ္ထု၊ ဒါရိုက်တာဇော်ကိုကို၏ လက်ရာဖြစ်ပြီး သူနှင့်အတူ စိုင်းစိုင်းခမ်းလှိုင်ချစ်သုဝေ နှင့် ပြည့်ဖူးခိုင်တို့ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ နောက်ပိုင်းမှာလဲ ဇတ်လမ်းတွေ တော်တော်များများ ရိုက်လာတာကို တွေ့ရပါတယ်...။

သီချင်းခွေများ

  1. ဘာလာရှုပ် (၂၀၀၂-ခုနှစ်)
  2. ကျွန်တော်နှင့် သက်ဆိုင်သော
  3. အိမ်

ရုပ်ရှင်ကားများ

  1. နေတစ်ခြမ်း လတစ်ခြမ်း

နေရပ်လိပ်စာ

အမှတ် (၁၄)၇-လွှာ(B)၊ ဓမ္မ၀ိဟာရလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။

Comments