ရှမ်းခေါက်ဆွဲပြုလုပ်နည်း

အသုံးပြုရန်ပါဝင်သော ပစ္စည်းများ

(၁)ခေါက်ဆွဲ ဆန်စီး တထုပ်၊

(၂)ခရမ်းချဉ်သီး ၃၀ ကျပ်သား၊

(၃) ကြက်သား၂၀ကျပ်သား၊

(၄)ကြက်သွန်နီ ၁၅ကျပ်သား၊

(၅) ကျပ်သွန်ဖြူ ၁၀ကျပ်သား၊

(၆)တရုတ်မဆလာ တထုပ်၊

(၇)နှမ်း ထောင်း

(၈)ပဲငံပြာရည် အကြည်ရည်၊

(၉)ငရုတ်သီး အစိမ်းမှုန့်၊

(၁၀)ကြက်သွန်မြိတ်၊

 

ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း

ခေါက်ဆွဲကို ပြုတ် ရေအေးနဲ့ ဆေးထား.။ ခရမ်းချဉ်သီးကို အထက်အောက် ကြက်ခြေခတ်မွန်းထား ပြီးနောက် ရေဆူလာရင်ပြုတ်ထား ၊ အခွံနားတွေ လိမ်လာလျှင်ဆယ် ၊အခွံခွာ အစေ့ထုတ် နုတ်နုတ်ဆင်း။ ကြက်ကိုနုတ်နုတ်ဆင်း ၊ကြက်သွန်ဖြူ ၊နီ ကို ဂျင်းဖြင့်ဆီသတ်ပါ။ ကြက်သားနူးခါနီးလျှင် ခရမ်းချဉ်သီး နုတ်နုတ်ဆင်း ရောထည့် အနှစ်ဖြစ်အောင် ချက်ပါ။ ထို့နောက် အရသာ ထည့်.။ နှမ်းလှော်ထောင်း၊ တရုတ်မဆလာ ငရုတ်သီးအစိမ်းမှုန့် တို့ ခွက်ငယ်များဖြင့် အဆင့်သင့်ထည့်ထား ထို့နောက် ဆီသန့်ကို အပူပေးဆူလာလျှင် ၎င်းခွက်ငယ်များ လောင်းထည့် ဆီသတ်ပါ.။


Comments