ကြက်သားကို ရေဆေးပါ။ ဂျင်းကို အပြားလေးများလှီးကာ ကြက်သားကို ဆားဖြင့်နယ်ကာ
ရောပြုတ်ပါ။ ကြက်သားနူးလာလျှင် အသားများကို မျှင်ယူပြီး အရိုးများကို
စွပ်ပြုတ်ချက်ရန် ဖယ်ထားပါ။ ကြက်ရိုးများကို ရေထည့်တည်ပြီးနောက်
ကြက်သွန်ဖြူ ၊ ငရုတ်ကောင်းတို့ ထောင်းထည့်ကာ ဆား၊ ငန်ပြာရည်
အပေါ့အငန်မြည်းပြီး စွပ်ပြုတ်ချက်ပါ။  ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး ရှာလကာရည်ဖြင့် စိမ်ထားပါ။  မုန်ညင်းချဉ်ကို သေးသေးလှီးပါ။  ဆီတို့ဟူးကို ရေဖြင့်ဖျော်ပါ။  ပဲငပိကို ပဲငန်ပြာရည် အကြည်ဖြင့်ဖျော်ပါ။  ဆီပူတွင် ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ ငရုတ်ဆီချက်ပါ။  ပဲပင်ပေါက်ကို ရေနည်းနည်းဖြင့်ပျြတ်ပါ။  ပဲပင်ပေါက်ကို ဆယ်ယူပြီးနောက် ကျန်ရှိသော ပဲပင်ပေါက်ပြုတ်ရည်ထဲကို ကော်မှုန့်ထည့်ကာ ကော်အပျစ်ရအောင် ချက်ပါ။ မြီးရှည်ခြောက်ကို ပြုတ်ပြီးနောက် ရေအေးဖြင့်စိမ်ကာ ဆန်ခါဖြင့်စစ်ထားပါ။   အသားမျှင်ထားသော
ကြက်သား၊ မြီးရှည်ဖတ် နှင့် ပြင်ဆင်ထားသော အရာများအားလုံး ရောနယ်ပြီးနောက်
ကြက်စွပ်ပြုတ်ရည်နဲ့ တွဲဖက်ကာ ရှမ်းမြီးရှည် ချက်စားနိုင်ပါပြီရှင်။ ကိုးကားမြန်မာအင်တာနက်ဖိုရမ် - http://myanmarinternetforum.com/ |