ရွှေ



အက်တမ် အမှတ်စဉ် (Atomic number) 79
အမ်တမ်၏ထုထည် (Atomic mass) 196.9655 g.mol -1
Electronegativity acoording to Pauling 2.4
သိပ်သည်းဆ (Density) 19.3 g.cm-3 at 20°C
အရည်ပျော်မှတ် (Melting point) 1062 °C
အရည်ဆူမှတ် (Boiling point) 2000 °C
Vanderwaals radius 0.144 nm
Ionic radius 0.137 nm (+1)
Isotopes 7
Electronic shell [ Xe ] 4f14 5d10 6s1
Energy of first ionisation 888 kJ.mol -1
Energy of second ionisation 1974.6 kJ.mol -1
Standard Potential +1,68 V ( Au+/ Au )
ရှာဖွေတွေ့ရှိခဲ့သူ c.a. 3000 BC

Gold (ရွှေ)

ရွှေသည် ပုံမှန်အခြေအနေတွင် အ၀ါရောင်ရှိသော သတ္ထုတစ်မျိုးဖြစ်ပါသည်။ သို့သော် အသေးစိတ် ခွဲခြမ်း လေ့လာကြည့်ပါက အနက်ရောင်၊ ပတ္တမြားရောင် သို့မဟုတ် ခရမ်းနုရောင် များအဖြစ်တွေ့ရှိနိုင်သည်။ ၎င်းသည် ပုံသွင်းရာတွင် အလွယ်ကူဆုံးသော သတ္ထုတစ်မျိုးဖြစ်ပါသည်။ ရွှေ ၁ အောင်စ(၂၈ ဂရမ်) ကို ၃၀၀ စတုရန်းပေအထိ ဆွဲဆန့် ရနိုင်ပါသည်။ နူးညံ့သော သတ္ထုတစ်မျိုးဖြစ်၍ အခြားဒြပ်စင်များနှင့် ပေါင်းစပ်ပါက ၎င်း၏ အရည်သွေးများ ကျဆင်းသွားနိုင်ပါသည်။ အပူနှင့် လျှပ်စစ် စီးကူးမှုအားကောင်းသော သတ္ထုတစ်မျိုးဖြစ်ပြီး၊ လေကြောင့် ပြောင်းလည်းမှုများ မဖြစ်ပေါ်နိုင်ပါ။ ၎င်းအပြင် ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများတွင် အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုကြပါသည်။ ရွှေကို အများအားဖြင့် လက်ဝတ်ရတနာများတွင် ရောစပ်အသုံးပြုပါသည်။ ရွှေပါဝင်မှု ပမာဏကို ကာရက် ဖြင့်ဖေါ်ပြပါသည်။(၂၄ ကာရက် ပါရှိလျှင် ရွှေစစ်သည်ဟု သတ်မှတ်ပါသည်) မသန့်စင်ရသေးသော ရွှေများအား အနားတစ်ဖက်လျင် ၆၀ ကုဗပေ ဟု ခန့်မှန်းဖော်ပြပါသည်။ ရွှေကို Auric chloride (AuCl3) နှင့် Chlorauic acid (HAuCl4) ဒြပ်ပေါင်းများအဖြစ်လည်း တွေ့ရှိနိုင်ပါသည်။ Nitric acid တစ်ဆနှင့် Hydrochloric acid သုံးဆပါဝင်သော ဒြပ်နှောကို Aqua regia ဟု ခေါ်ပါသည် (၎င်းဒြပ်နှောသည် ရွှေကို အရည်ပျော်စေနိုင်ပါသည်)။ ရွှေသည် လေကြောင့် ပြောင်းလည်းပျက်စီးမှု မရှိသည့်အပြင် အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုနိုင်သော သတ္ထုတစ်မျိုးဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့ဟာ ရွှေကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု အဖြစ် သိရှိလာ ကြပြီး သတ္တုတို့ရဲ့ဘုရင်လို့ ခေါ်စမှတ် ပြုလာကြပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ခေါ်တဲ့ Gold ဟာ အင်္ဂလိပ်ပေါရာဏ စကား Geola မှ ဆင်းသက် လာပြီး အ၀ါရောင်လို့ အနက်အဓိပ္ပာယ် ရပါတယ်။ ရွှေကိုတွေ့ရှိ သုံးစွဲခဲ့တာ နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဒီနေ့ အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ မက်မောမှု တို့ကတော့ လူတိုင်းမှာ ရှိနေဆဲပါပဲ။


ကျန်းမာရေး ဆိုင်ရာ ဆေးလောကမှာလည်း ရွှေကို အသုံးပြုလျက် ရှိပြီး ထိုးဆေး ဖော်စပ်ကာ လူတို့ရဲ့ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးလေ့ရှိပါတယ်။ မြန်မာတို့ကတော့ ရွှေဟာ အဆိပ်အတောက် ကင်းစေတယ်။ ဆေးဖက်ဝင် ပစ္စည်းလည်း ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။ ဒါ့အပြင် စီးပွားရေး ဈေးကွက် မှာလည်း ရွှေနဲ့တွက်ချက် တန်ဖိုး သတ်မှတ်တာကို တစ်ကမ္ဘာလုံးက လက်ခံကြပါတယ်။ ဒါကြောင့် ယခုအခါ လူတို့က အသုံးဝင်လှတဲ့ရွှေကို နောင်ရေးအတွက် စုဆောင်း လာကြပါတယ်။ ရွှေစုကြသူတွေမှာ ဂျပန် လူမျိုးတွေ သာမက ပြင်သစ် လူမျိုးတွေကပါ စုဆောင်း လာကြပါတယ်။

ကမ္ဘာ့စီးပွားရေး လောကမှာလည်း ရွှေဟာ အရေးပါ လာခဲ့ပါတယ်။ အရောင် အဆင်း ရှိပြီး တောက်ပြောင် နေတဲ့ မြတ်နိုးဖွယ် ရတနာ တစ်ပါးဖြစ်တဲ့ ရွှေဟာ ကြေး(ဂျီး) ညော်တက်ခြင်းမရှိဘဲ ဘယ်နေရာမှာပဲ ထားသည် ဖြစ်စေ၊ အရောင် အဆင်း ပြောင်းလဲ သွားတယ်လို့ မရှိပါဘူး။ ရွှေရဲ့ အရောင်ဟာ ပြိုးပြိုး ပြက်ပြက်နဲ့ တောက်ပတဲ့ အ၀ါရောင်ဖြစ်ပြီး မာခြင်းအဆင့်-၃ ရှိကာ သိပ်သည်းဆကတော့ ၁၉.၃၂ ပဲ ဖြစ်ပါတယ်။ရွှေကို ရွှေသတ္တုတွေ ကိန်းအောင်းရာ အနည်ကျကျောက်၊ အသွင်ပြောင်းကျောက်၊ မီးသင့်ကျောက်တွေကနေ ထုတ်ယူရရှိ ပါတယ်။ ရွှေကို တခြားသတ္တုတွေနဲ့ ရောပြီးတော့ လည်း တွေ့ရတတ်ပါတယ်။ ရွှေကြောတွေကိုတော့ ကမ္ဘာ့မြေလွှာ အောက်ခြေရှိ ကျောက်သား အလွှာတွေရဲ့ အက်ကြောင်းကြီးတွေမှာ တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သန်းကနေ ၁၀ သန်းကာလ အတွင်း ရွှေအများအပြား ပါရှိတဲ့ သလင်းကျောက် တွေဟာ ကမ္ဘာ့မြေထု အတွင်းပိုင်း တစ်နေရာက အက်ကြောင်းကြီး တွေထဲကို ကျရောက်ခဲ့ရာ ကနေ ရွှေကြောတွေ ဖြစ်လာတာ ဖြစ်ပါတယ်။


ရွှေကိုတော့ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ မြေပေါ်မှာ သာမက ပင်လယ်တွင်းက ပင်လယ်ရေ အဆပေါင်း ကုဋေ တစ်ထောင်မှာ ရွှေဟာ ခြောက်ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေမှာ ရွှေဟာ အနည်းနဲ့ အများ ထွက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရွှေထွက် အများဆုံး နိုင်ငံတွေကတော့ တောင်အာဖရိက၊ ရုရှား၊ ကနေဒါ၊ အမေရိကန်၊ ဘရာဇီး၊ တရုတ်၊ သြစတြေးလျ၊ ဂါနာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရွှေကို မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနဲ့ စဥ့်ကူးမြို့နယ်မှ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူ တောင်ဒေသတို့မှာ တွေ့ရှိရပါတယ်။


သဘာဝ သတ္တုတွင်းထွက် များစွာထဲမှာမှ ရှားပါးစွာ တွေ့ရှိရတဲ့ ရွှေဟာ ရှေးနှစ်ပေါင်း များစွာ ကတည်းက လူတို့အမြတ်တနိုး အသုံးပြုလာခဲ့ကြတာ ဖြစ်ပါတယ်။ လူတို့က ရွှေကို အသွင် အမျိုးမျိုးနဲ့ အသုံးပြုလာခဲ့ကြတယ်။ လက်ဝတ် ရတနာ အဖြစ်လည်းကောင်း၊ ရွှေဒင်္ဂါးပြု လုပ်ပြီး အသပြာ အဖြစ်လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ အာရှတိုက်မှာတော့ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာ ရွှေက အစဉ်အလာ အားဖြင့် ခေတ်စားခဲ့တဲ့ တန်ဖိုးကြီး လူ့အသုံးအဆောင် ဖြစ်ပါတယ်။ တန်ဖိုးခိုင်မာပြီး အပျက်အစီး မရှိတဲ့အတွက် ကမ္ဘာ့ငွေကြေးစံပြု သတ္တုလည်း ဖြစ်ပါတယ်။


ရွှေချောင်းတွေကို သိမ်းဆည်း ကြတယ်။ ရွှေဒင်္ဂါး တွေကို ၀တ်ဆင်ပြီး ကျောက်မျက်တွေနဲ့ ရောပြီးတော့လည်း အဆင်တန်ဆာ အလှအပအဖြစ် ဆင်မြန်းခဲ့ကြပါတယ်။ မြန်မာလူမျိုးတို့ကတော့ ရွှေကို မြတ်မြတ် နိုးနိုး တန်ဖိုးထားပြီး ၀တ်ဆင် ကြပါတယ်။ လက်ဝတ် လက်စား အဆင် တန်ဆာများ၊ ဆံပင်ထုံးဖွဲ့မှု ပစ္စည်းများ၊ နန်းမှုနန်းရာ အသုံးအဆောင်များ၊ ရွှေဆိုင်းခတ်ခြင်းများ ပြုလုပ်ရုံသာမကပါဘူး၊ အထူးသဖြင့် မြန်မာလူမျိုးတို့အတွက် အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်တဲ့ ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြပါတယ်။


မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်လို့ ခေါ်ပြီး အနောက်တိုင်းမှာတော့ ၂၄ ကာရက်ရွှေလို့ ခေါ်ဝေါ်ပါတယ်။ ရွှေတစ်ကျပ်သားမှာ ငွေ ဒါမှမဟုတ် ကြေးနီ တစ်ပဲသား ပါဝင်တဲ့ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး နှစ်ပဲသား ပါဝင်တဲ့ရွှေကို ၁၄ ပဲရည်လို့ ခေါ်ပါတယ်။ သုံးပဲသား ပါဝင်တဲ့ရွှေကိုတော့ ၁၃ ပဲရည်လို့ ခေါ်ကြပါ တယ်။ ရွှေပန်းထိမ် လုပ်ငန်းကိုလည်း မြန်မာနိုင်ငံ အရပ်ရပ်မှာ လုပ်ကိုင်နေ ကြပါတယ်။


နောက်ပြီး မြန်မာ့ ပန်းပုပညာမှာ ပန်းထိမ် အတတ်ပညာဟာ အဖိုးတန် သတ္တုကို လူသုံးကုန် ပစ္စည်းအဖြစ် ပြုလုပ်ရတဲ့ ပညာရပ် ဖြစ်ပါ တယ်။ မြန်မာ့ပန်းထိမ် ပညာရှင်တွေဟာ ရွှေထည်၊ ငွေထည်တွေကို ပျူခေတ် ကတည်းက လက်ရာ မြောက်စွာ တတ်ကျွမ်းခဲ့ ကြပါတယ်။ ဒါကြောင့်လည်း သမိုင်းစဉ်တစ် လျှောက်လုံးမှာ မြန်မာ့ပန်းထိမ် လက်ရာများဟာ အလှနဲ့ သဘာဝကို အလှဆင်နေပါတယ်။


မြန်မာ့ပန်းထိမ် လက်ရာများက မြန်မာ့လူ့ဘောင် အဖွဲ့အစည်း ရှိသည်နှင့်အမျှ ကာလပတ်လုံး ဂုဏ်ယူဝင့်ကြွားဖွယ် သမိုင်းတွင်နေမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။

အသုံးပြုခြင်း

ရွှေကို လက်ဝတ်ရတနာများ၊ ဖန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများတွင် ပိုမိုကောင်းမွန်စေရန်အတွက် ရောစပ်ပစ္စည်းအဖြစ် လိုအပ်သလို အသုံးပြုပါသည်။ လက်ဝတ်ရတနာများတွင် ရွှေထုတ်လုပ်မှု ပမာဏ၏ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုပါသည်။ လက်ဝတ် ရတနာများအတွက် ရွှေသည် ၎င်းနှင့်ပေါင်းစပ်သော အခြားသတ္ထုများ အပေါ်တွင် မူတည်၍ အဖြူရောင်၊ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် အစရှိသဖြင့် အရောင်များ ပြောင်းလည်းသွားစေသည်။ ရွှေစေးကို ဖန်ပစ္စည်းများနှင့် ပေါင်းစပ်လျှင် အနီရောင် သို့မဟုတ် ခရမ်းနုရောင် အဖြစ် ပြောင်းသွားပါသည်။ ရွှေသတ္ထုခဲများသည် နေရောင်ခြည်ကို အလင်းပြန်စေရန်အတွက် ပါးလွှာသော သတ္ထုပြားများအဖြစ် အသုံးပြုနိုင်သည်။ လျှပ်စစ်နှင့်ဆိုင်သော စက်ရုံများတွင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုသည့် ကြေးနီအား ကာကွယ်ရန်နှင့် ပြုပြင်မွမ်းမံရာတွင်လည်း ရွှေကို အသုံးပြုပါသည်။

သဘာဝမှာတွေ့ရှိမှု အခြေအနေ

ရွှေကို ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး တွေ့ရှိမှုနှုန်းထားအရ (0.03g/1000kg) ဖြစ်ပါသည်။ အလေးချိန်အားဖြင့် 0.03 ppm (part per millions) ဖြစ်သည်။ ၎င်း၏ မြင့်မားသော သိပ်သည်းမှုများကြောင့် အလွှာများအဖြစ် လည်းကောင်း၊ အတုံးအခဲများ အဖြစ် လည်းကောင်း၊ ရွှေကြောများတွင် အတူတကွ တွေ့ရှိနိုင်ပါသည်။ ၎င်းကို သဘာဝတွင် သီးသန့် တွေ့ရှိနိုင်ပြီး၊ သလင်းကျောက်များ၊ (sulfide mineral, iron disulfide) ကဲ့သို့ တွင်းထွက် ပစ္စည်းများနှင့် ဆက်နွယ်နေပါသည်။ ရွှေကို ကျောက်စရစ်များနှင့် သော်လည်းကောင်း၊ သလင်းကျောက်များနှင့် သော်လည်းကောင်း၊ တန်ဖိုးကြီး တွင်းထွက်ပစ္စည်းများအဖြင့် သော်လည်းကောင်း၊ ပေါင်းစပ်၍ အဓိက တူးဖော်ရရှိသည်။ ကမ္ဘာပေါ်တွင် ရွှေထွက်ရှိမှု၏ သုံးပုံ နှစ်ပုံသည် တောင်အာဖရိကနှင့် အမေရိကန်ရှိ ရွှေထုတ်လုပ်သည့် ဒေသများဖြစ်သော South Dakota နှင့် Nevada ဒေသတို့မှ ထွက်ရှိသည်။ အခြား အဓိကထွက်ရှိသော နေရာများမှာ ကနေဒါနှင့် ရုရှား တို့ဖြစ်သည်။ ရွှေကို ပင်လယ်ရေအောက်မှလည်း တွေ့ရှိရပါသည်။ သို့သော် ၎င်းကို ရေအောက်မှ တူးဖော်ရန် အစီအစဉ် ရေးဆွဲခဲ့သော စီးပွားရေးလုပ်ငန်းစဉ်မှာ ထိရောက်မှုမရှိခဲ့ပါ။
ကမ္ဘာ့ထုတ်လုပ်မှု ပမာဏမှာ တစ်နှစ်လျင် တန်ချိန် ၂၅၀၀ ခန့်ဖြစ်ပါသည်။ အရန်အနေဖြင့် အသင့်ထားရှိမှုမှာ တန်ချိန် တစ်သောင်း ခန့် ထားရှိပါသည်။ ၂၀၀၁ ခုနှစ်အကုန်တွင် တွက်ချက်မှုအရ ကမ္ဘာ့ရွှေထုတ်လုပ်ပြီး ပမာဏမှာ တန်ချိန် ၁၄၅,၀၀၀ ဖြစ်ပါသည်။

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ

အသက်ရှူခြင်း – ရွှေအမှုန့်များကို အချိန်ကြာမြင့်စွာ ရှူရှိုက်ပါက အသက်ရှူလမ်းကြောင်း ကျိန်းစပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ထိတွေ့ခြင်း – ထိတွေ့ရုံဖြင့် ဆိုးကျိုးများမဖြစ်ပေါ်နိုင်ဟု မျှော်လင့်ရပါသည်။ သို့သော် ခန္ဓာကိုယ်နှင့် မတည့်ပါက ကျိန်းစပ်ယားယံခြင်းများ၊ မျက်စေ့စပ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အဆစ်အမြစ် ယောင်ရမ်းခြင်းများ ကုသရာတွင် ရွှေကို အသုံးပြုပါသည်။

ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ

ရွှေသည် စီးပွားရေးနယ်ပယ်တွင် တန်ဖိုးမဖြတ်နိုင်သော အရာဖြစ်သည်။ ရွှေသည် ဇီဝကျဆင်းမှုအဖြစ် နည်းပါးသွားရန် မျှော်လင့်နေရပြီး ထိုနေရာမှာ ၎င်းကို တင်ပြရန် သက်သေခံမရှိပါ။ ပတ်ဝန်းကျင်တွင် ရွှေကို တွေ့ရသောအခါ ၎င်းကို စီးပွားရေးပြဿနာများအား ဖြေရှင်းရန် အသုံးပြုခဲ့ကြသည်။ ရွှေသည် အရည်ပျော်ရန်မလွယ်ကူပါ။ ရွှေကို စုဆောင်းခြင်းနှင့် အသုံးပြုနိုင်သော လက္ခဏာများရှိသည် ဟုယုံကြည်ရပါသည်။

ကိုးကား

မြန်မာအွန်လိုင်းစွယ်စုံကျမ်း-www.wikimyanmar.co.cc


Comments