တရားဂုဏ်တော်ခြောက်ပါး တို.မှာ- ၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော… ၂။ သန္ဒိဋ္ဌိကော… ၃။ အကာလိကော… ၄။ ဧဟိပဿိကော… ၅။ သြပနေယျိကော… ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ… ၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင်၏
တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ
အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍
ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော
အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။ ၂။ သန္ဒိဋ္ဌိကော ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားရှင်
ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း
ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။ ၃။ အကာလိကော အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။ လောကီ
ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ
ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ်
စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော
ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။ ၄။ ဧဟိပဿိကော မြတ်စွာဘုရားရှင်
တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင်
ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု
အဓိပ္ပာယ်ရပါသည်။ ၅။ သြပနေယျိကော မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။ ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ သစ္စာတရားကို
သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ
အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။ |
မူလစာမျက်နှာ > တ >