ဖါးစည်

မြန်မာနိုင်ငံတွင်ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းအစရှိသော တိုင်းရင်းသားလူမျိုးများစွာတို့သည် ရှေးပဝေသဏီကာလကပင် အတူတကွနေထိုင်ခဲ့ကြပေသည်။
ထိုသို့နေထိုင်ခဲ့ကြသောတိုင်းရင်းသားလူမျိုးများအသီးသီးတို့တွင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံကိုယ်စီရှိကြမည်ဟုယုံကြည်ပါသည်။ ကရင်အမျိုးသားများ အမြတ်တနိုး ထားရှိသည့်အထဲတွင် ဖားစည်သည်ထိပ်ဆုံးကပါဝင်နေပါသည်။   ကရင်လူမျိုးထဲက ကရင့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်ဖားစည်ကို ဘိုးဘွားဘီဘင်လက်ထက်ကတည်းက အမြတ်တနိုးရှိခဲ့ပြီး ယခုခေတ် ကရင်လူမျိုး များအတွက် လေးစားတန်ဖိုးထားရသည့် အမှတ်အသားတစ်ခု ဖြစ်ပါသည်။


ယခုမျက်မှောက်ခေတ်ကာလတွင်  ကယားပြည်နယ်တွင် ဖါးစည်သွန်းလုပ်သည့်လုပ်ငန်းမှာ အများဆုံးဖြစ် သည်။
ဖါးစည်ဖြစ်ပေါ်လာပုံသမိုင်းနှင့်ပက်သက်၍ အသက်(၇ဝ)ကျော်ရှိကရင်ယဉ်ကျေးမှု
အဖွဲ့ဝင်လူကြီးတစ်ဦးက ယခုလိုပြောပြပါသည်။

ရှေးတုန်းကဆိုရင် တောတောင်အတွင်းမှာ ရွာတည်ပြီးနေကြတဲ့ကရင်လူမျိုးတွေဟာ  တစ်အိမ်နဲ့ တစ်အိမ် တစ်ရွာနဲ့တစ်ရွာဟာ အလှမ်းဝေးကွာလှပါတယ်။ ရွာသူရွာသားတွေ စုဝေးစေချင်တဲ့အခါ ဖားစည်ကို ရိုးရိုးတီးခတ်အသံပေးပြီး စုရုံးကြတယ်။ အရေးကြီးကိစ္စပေါ်လာလို့ဘဲဖြစ်ဖြစ်၊ ရန့်သူ့ဘေးနဲ့ ကြုံရလို့ဘဲဖြစ်ဖြစ် ဖားစည်ကို အမှတ်အသားနဲ့တီးခတ်ကြပြီးလူစုကြတယ်။ ရွာသူရွာသားတွေဟာ အချက်ပေးအမှတ် အသားနဲ့ တီးခတ်တဲ့ဖားစည်သံကို နားထောင်ပြီး ကိစ္စရဲ့အကြောင်းအရင်းကို နားလည်သဘောပေါက်ကြပါတယ်။
    ဖါးးစည်ရဲ့စူးစူးရှရှမြည်ဟီးသော အသံဟာရွာမှာရှိတဲ့ရောဂါဘယတွေကို ပျာက်ကင်းစေနိုင်ပြီး မကောင်းဆိုးဝါးများ ကြောက်လန့်ကာ ရှောင်ပြေးကြရတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဖါးးစည်ဟာ အထွဋ်အမြတ်ထားတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် အတိတ်နိမိတ်များလည်းပြတတ်ပါတယ်။ ဖါးးစည်အသံဟာ အကွာအဝေး  တစ်ယူဇနာအထိပြေးပါတယ်။
” 
  

ကရင်ဖါးးစည်တွင် မင်္ဂလာဖါးစည်နဲ့အမင်္ဂလာဖါးစည်ဟူ၍ နှစ်မျိုးရှိသည်။ မင်္ဂလာဖါးစည်တွင် ဖားရုပ်များ တစ်ကောင်နှင့်တစ်ကောင်နောက်လိုက်နေသည်။  ထိုဖါးစည်ကိုမင်္ဂလာရှိသောနေ့ထူးနေ့မြတ်များဖြစ်ကြသည့် ကောက်ဦးစားပွဲ၊ အိမ်သစ်တက်မင်္ဂလာ၊ ကရင်နှစ်သစ်ကူးပွဲတော်၊ ထိမ်းမြှားလက်ထပ် မင်္ဂလာပွဲ၊ ဧည့်ခံပွဲ၊ စစ်အောင်နိုင်ပွဲ၊  စစ်ချီတိုက်ပွဲများ အထိမ်းအမှတ်အဖြစ်တီးခတ်ကြပါသည်။ အမင်္ဂလာ ဖါးးစည်၏ဖားရုပ်များသည် မျက်နှာချင်းဆိုင်ရန်ထောင်နေပြီး သွေးကွဲနေသည့်ပုံသ¿ာန်ကို ဆောင်ထား ပါသည်။ အသုဘကိစ္စများ၊ရွာမှာရှိသော ကရင်လူမျိုးများသည် အကျင့်သီလဖေါက်ပြန်ခဲ့ပါက ရွာထဲမှရွာအပြင်ကိုနှင်ထုတ်ဒါဏ်ပေးသည့်အခါများတွင် တီးခတ်ကြပါသည်။ ရိုးရိုးဆိုရလျှင် မင်္ဂလာဖါးစည်ကို “ဖါးစည်အအေး” ဟုခေါ်ဆိုပြီးအမင်္ဂလာဖါးစည်ကို “ဖါးစည်အပူ” ဟုခေါ်ဆိုကြပါသည်။     ထူးဆန်းတာတစ်ခုကတော့ ကရင့်အမျိုးသားအလံမှာလည်း နေခြည်ဖြာအနီရောင်(၉)သွယ် ၏အလယ်မှာ ဖားစည်ရုပ်မပါမပြီးဖြစ်နေပါသည်။ ထို့ကြောင့်ဖါးးစည်သည် ကရင့်တစ်မျိုးသားလုံးအတွက် ထင်ရှား သော အမှတ် အသားတစ်ခုဖြစ်သည်။

ယခင်ကရင်ဘိုးဘွားတွေက ဖားစည်ဖြစ်လာတာ နှစ်ပေါင်း(၃ဝဝ)ကျော်ခန့်ရှိခဲ့သည်ဟု ပြောခဲ့ကြ သည်။ ဖားစည်ကို နေရာတိုင်း အချိန်တိုင်းမှာ မသွန်းလောင်းကြပါ။  ထူးခြားသည့်အချိန်မှာဘဲ သွန်းလုပ် ကြပါသည်။ ပျော်ပွဲရွှင်ပွဲ၊ မင်္ဂလာဆောင်တဲ့အချိန်၊ အိမ်ဦးတက်တဲ့အချိန်၊ နှစ်သစ်ကူးအချိန်၊ နေ့လည်ပိုင်း အချိန်လောက်မှာ သွန်းလောင်းကြပါသည်။

ဖားစည်ရဲ့ပုံစံက မျက်နှာပြင်ပိတ်ပြီး ဖင်ပိုင်းတို့တွင်ဖွင့်၍ထားပါသည်။ ကိုယ်ထည်မှာခပ်သွယ် သွယ်လေးသိမ်ပြီး ဖင်ပိုင်းတွင်နည်းနည်းလေးစွင့်ကားသွားပါသည်။ ဖါးးစည်ကိုတီးခတ်တော့မယ်ဆိုရင် လက်နှစ်ဖက် ကိုစလုံးကိုအသုံးပြုတီးခတ်ရပါသည်။ ညာဘက်လက်ဖြင့် ဖါးစည်၏မျက်နှာပြင်ကိုထုပြီး ဘယ်ဘက်လက်က ဒုတ်ပါးပါးလေးတစ်ချောင်း(သို့မဟုတ်) နှီးစည်းဖြင့်ဖြစ်စေ ဖါးးစည်ထဲသို့လျှိုသွင်း၍ တီးခတ်ရပါသည်။  ဖားစည်၏မျက် နှာပြင်အလယ်တွင် နေမင်း၏အလင်းရောင်သဏ္ဍာန်ဖျာထွက်နေသော အသံလှိုင်းတို့အား တုန်ခါစေသော အမှတ်အသားများပါရှိသည်။ ရောင်ခြည်မှာ (၆)သွယ်မှ (၁၂)သွယ်အထိ ၊တချို့မှာတော့(၁၈)သွယ်အထိရှိပါသည်။ ရောင်ခြည်ဖြာသန်းနေတဲ့အပေါ်ဘက်နားမှာတော့ စက်ဝိုင်းအရစ် တွေပါရှိပါသည်။ စက်ဝိုင်းအရစ်များမှာ (၆)ခုမှ (၉)ခု အထိရှိကြပါသည်။ စက်ဝိုင်းတစ်ခုနဲ့တစ်ခုတို့၏အကြားမှာ ဖားပြုပ်ရုပ်၊ငါးရုပ်၊ငှက်ရုပ်၊ပန်းပွင့်အရုပ်တွေနဲ့ ပုံဖေါ်ထားကြပါသည်။ ဖားပြုပ်ရုပ်များသည် တစ်ကောင်၏ နောက်သို့တစ်ကောင်လိုက်နေသောပုံစံကို သရုပ်ဖေါ်ထားပါသည်။ ဖားတကောင်ထပ်၊ နှစ်ကောင်ထပ်၊ သုံးကောင်ထပ်လိုက်နေသောပုံစံများ ဘားစည်၊ အမျိုးမျိုးရှိပါသည်။

ဘားစည်မျက်နှာပြင်ပေါ်တွင် ဖားပြုပ်ရုပ်သည် ထူးဆန်းနက်နဲသော အဓိပ္ပါယ်ရှိသည်ဟုယူဆ ကြပါသည်။ ဖားပြုပ်သည် ဖားဘုရင်လည်းဖြစ်၊ သူတစ်ပါးကိုရန်မူလေ့မရှိ၊ ရန်ငြိမ်းသည့်သတ္တဝါဖြစ်ပြီး၊ ရန်မူလာသော သတ္တဝါများအား ၄င်း၏အရေခွံထဲမှ ထွက်လာသောအစေးများကို သေစေသောသတ္တိထူးများသူ့မှာရှိပါသည်။

ဖားပြုပ်တို့သည်ရန်မူခြင်းမရှိဘဲ သဘာဝစိတ်နေသဘောထားအရ ရိုးသားပြီး အရေးအကြောင်းနှင့်ကြုံလာခဲ့ရင်လည်း ခံနိုင်ရည်ကောင်းခြင်းတို့ကိုပမာပြုကာ ကရင်လူမျိုးတို့၏ ရိုးသားဖြူစင်ပြီး အေးချမ်းစွာနေထိုင်လိုသော စရိုက်ရှိခြင်းများကို နှိုင်းယှဉ်ထားခြင်းဖြစ်ကြောင်း တွေ့ကြရပါတယ်။ မြွေဆိုး၊မြွေဟောက်တွေ သူ့ကိုလာကိုက်လို့မရပါ။

ဖားပြုပ်ဟာအဆိပ်အရမ်းပြင်းလှပါသည်။  ဖားတွေထဲမှာ ဖားပြုပ်ဟာ တန်ခိုးထက်ပြီးသစ္စာတည်တယ်။ ဖားပြုပ်အော် လျှင် မလွဲမသွေမိုးရွာမယ်။ ဥနဲ့ကလေးတွေကို ပြန်မစားဘူး။ ဖါးပြုပ်ရဲ့ ဥနဲ့အရေခွံတွေကိုစားမိရင် မူးဝေအော့အန်ပြီး သေဆုံးနိုင်သည်။ ဒါပေမဲ့ ဖားပြုပ်ရဲ့ အရေခွံဟာဆေးဖက်ဝင်ပါသည်။ ယားနာတွေ၊ပွေးနာ၊ မီးလောင်တဲ့အနာတွေ၊ အစရှိသော အရေပြား ရောဂါများ ကင်းခြင်များကိုက်ရင်လည်း ဘာဆေးမှမလိုဘဲ ဖားပြုပ်အရေခွံနဲ့အုပ်ပေးလိုက်ပါက တခဏတာ အချိန်ကာလ အတွင်းမှာ မီးထဲရေလောင်း ထည့်သလိုမျိုး ပျောက်ကင်းစေနိုင်ပါသည်။
 
ကရင့်ရိုးရာပုံပြင်အရ တစ်နေ့သ၌ရှေးဟောင်းကရင်အဘိုးအိုဖြစ်သူဖူးမော်တော် တစ်ယောက်က တောင်ယာလုပ်ပြီးအသက်မွေးရှာပါသည်။ တစ်နေ့မှာဖူးမော်တော် တောင်ယာသွားကြည့်သောအခါ လူရိုင်းတစ်အုပ် က၄င်း၏  တောင်ယာထဲကစပါးအသီးအနှံတွေကို ဝင်ရောက်ကစားဖျက်ဆီးတာကို အဝေးကနေလှမ်းမြင်ရပါသည်။

ပြီးတော့ဖူးမော်တော်က အကြံတစ်ခုထုတ်လိုက်သည်။ နောက်တစ်နေ့မှာတော့ ဖူးမော်တော် တောင်ယာခင်းထဲမှာ လှဲအိပ်လိုက်ပြီး  သူ့ထံသို့ဦးတည်လာသောလူရိုင်းတစ်အုပ်ကိုတွေ့ရသည်။ ဖူးမော်တော်ကတောင်ယာထဲတွင် လူသေ အဖြစ်ဟန်ဆောင်လိုက်သည်။ ၄င်းအချင်းအရာကိုတွေ့မြင်ရသော လူရိုင်းအုပ်စုကဖူးမော်တော်သေပြီးထင်လို့ အသုဘအခမ်းအနားအတွက် အုပ်စုထဲမှလူရိုင်းများကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင် မျောက်များသည် ဖားစည်(၃)မျိုးရွှေရောင် ငွေရောင်နှင့်အဖြူရောင်ဖားစည်များကို ယူဆောင်လာကြသည်။ စည်များကိုတီးခတ်စဉ် အတွင်း ဖူးမော်တော်က ထထိုင်လိုက်ရာ မျောက်များက လန့်ပြီးထွက်ပြေးသောကြောင့် အဖြူုရောင်ဖားစည်သည် ရေထဲသို့ပြုတ်ကျသွားတော့သည်။ ဖူးမော်တော်သည် ကျန်ရစ်သောဖားစည်များကို ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၄င်းတို့သည်ကရင်လူမျိုးတို့၏ အမြတ်နိုးဆုံးအရာများဖြစ်သွားကြသည်။ တကယ်တော့ မျောက်တွေလို့ထင်ရတဲ့လူရိုင်းအုပ်စုဟာ လူသူပေါက်ရောက်နဲသော တောတောင်မှာနေသည့် အရိုင်းကရင်မျိုးနွယ်စု များ ဖြစ်ပါသည်။

အရင်ခေတ်နဲ့ယခုခေတ်ဘားစည်ကွာခြားမှုနှင့် တိမ်မြုပ်နေသောဖါးစည်များအကြောင်းကို ဖထွးဖူးဂယ်မှ ယခုလိုပြောပါသည်။

အရင်ခေတ်ဖါးးစည်က အသံတော်တော်ကောင်းပါတယ်။  ယခုဖားစည်အသံကသိပ်မကောင်းတော့ ဘူး။ သွန်းလုပ်တာလည်းပစ္စည်းတွေရှားပါးလာတယ်။  အရင်ကဖားစည်တစ်လုံးဟာ တန်ဖိုးမြင့်မားစွာရောင်း လို့ရတယ်။ ယခုဖားစည်ကပစ္စည်းတွေမစုံတော့ တစ်လုံးကို(၅)သိန်းလောက်ဘဲ ရောင်းလို့ရပါတယ်။   ယခုတစ်ချို့ ကရင်ရွာမှာဆိုရင် ရွှေဖါးးစည်နဲ့ငွေဖားစည်ကျန်ရှိပါသေးတယ်။ သူတို့ကဖွက်ထားတယ်။ လူတွေလာမေးရင်မပြောပြ ဘူး။ တစ်မျိုးမှာဆိုရင်တစ်ယောက်ဘဲသူတို့အသိပေးတယ်။ သူတို့ကပြောတယ် ကရင်တိုင်းပြည်လွတ်လပ်ရေး မရှိသေးတဲ့အချိန်မှာမပြချင်ဘူး။ ပြဖို့အချိန်မတန်သေးဘူး။ ပြရင်သူများလုယူမှာစိုးလို့ပြောကြပါတယ်။ ကရင် တိုင်းပြည်အုပ်ချုပ်နိုင်တဲ့တစ်နေ့ကျရင် ပြမှာဘဲလို့ပြောပါတယ်။

ယခုဘားစည်ဟာ ပိုးကရင်ဒေသတွင်မှာ အများဆုံးတွေ့ရပါသည်။ စကောကရင်ရွာမှာဆိုရင် သိပ်မတွေ့ရတော့ဘူး။ တစ်ချို့ကဖါးစည်ဘဲသိတယ်။ ဖါးးစည်အကြောင်းကိုမသိကြရှာဘူး။ အဲဒါကြောင့် ကရင့်ရိုးရာ ဖါးးစည်ဟာ တစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး။

ရှေးခေတ်အခါက မင်္ဂလာကြေးတင်တောင်းခြင်း၊ တရားစီရင်ခြင်းတို့တွင် လျှော်ကြေးအဖြစ်ဖြင့်ဖား စည်တို့ကို တန်ဘိုးများသတ်မှတ်ကာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါကရင်ရွာများ၌ ဖါးစည်ကိုရှာ၍ပင် မတွေ့နိုင်တော့ပါ။ ထို့ကြောင့်ကရင်အမျိုးသားများသည် မိမိတို့၏လူမျိုး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဖါးစည်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အတူ ဖားစည်သွန်းလုပ်ခြင်းအတတ်ပညာဖြင့် ဆက်လက်၍ ဖါးစည်အသစ်များ သွန်းလုပ်သင့်ပါသည်။ ကရင့်တို့၏အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ရိုးရာယဉ်ကျေးမှုများကိုလေ့လာမည်ဆိုလျှင် ဦးစွာ ပထမကရင့်ဖါးစည်ကိုလေ့လာရမည်ဖြစ်ပါသည်။ သို့မှသာ ကရင်လူမျိုးတို့နှင့် တစ်သားတည်းတည်ရှိခဲ့သော ကရင့်ဖါးစည်သည်၊ ကရင်အမျိုးသားထုတစ်ရပ်လုံးအားအစဉ်ကိုယ်စားပြုနေမည့် တူရိယာပစ္စည်းဖြစ်သည်ဆိုခြင်းကို နှောင်းခေတ်ကရင်လူငယ်တိုင်း ခံယူကြ မည်သာဖြစ်ကြောင်းရေးသားလိုက်ရပါသည်။

ရေးသားသူ

နော်ဘွေဝါး
Comments