ညီပု(မင်းသား)


ဦးညီပု
ဦးညီပု
မွေးသက္ကရာဇ်
နိုင်ငံ မြန်မာ
အမည်ရင်း ဘဌေး
မိဘအမည် ဦးဘညွန့်နှင့် ဒေါ်ညိမ်းရှင်
မွေးဖွားရာ ဒေသ ပြည်မြို့
ထင်ရှားကျော်ကြားမှု ပထမဆုံး ရုပ်ရှင်သရုပ်ဆောင်


ဦးညီပု (၁၉၁၅-၁၉၉၆) သည် မြန်မာသရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်သည်။


 အတ္ထုပ္ပတ္တိ

သူသည် ၁၉၀၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြည်မြို့၌ အဖဦးဘညွန့် အမိ ဒေါ်ညိမ်းရှင်တို့မှ ဒုတိယမြောက်သားအဖြစ် မွေးဖွားခဲ့သည်။ ငယ်မည်မှ မောင်ဘဌေး ဖြစ်သည်။

မြန်မာ့ ရုပ်ရှင်လုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်း လာခဲ့သည်။ ဦးညီပုသည် ဟိုက်စကူး ကျောင်းသား လူငယ်တစ်ဦးဖြစ်၍ မိဘများမှာလည်း ချမ်းသာကြွယ်ဝသည့် မြန်မာအဆွေကုမ္ပဏီပိုင်ရှင် သူဌေးများ ဖြစ်ကြသည်။ ပီမိုးနင်း (ပိုက်ဆံကြီး) ဝတ္ထုကို ဒါရိုက်တာ ဦးတုတ်ကြီး (ပညာ့အလင်း သတင်းစာတိုက် မန်နေဂဵာနှင့် အယ်ဒီတာ ဦးပု) ရိုက်ကူးသည့် မေတ္တာနှင့် သူရာ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး မြန်မာရုပ်ရှင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားတွင် "ရီရီ" (ကြည့်မြင်တိုင်သူ မအေးကြည်)က မင်းသမီး ဖြစ်သည်။ ဇာတ်ပို့သရုပ်ဆောင်တို့မှာ ဦးပုနှင့် ဘောလုံးသမား မောင်မောင်ခဵစ်တိုႛ ဖြစ်သည်။ ထိုဇာတ်ကားကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ရန်ကုန်မြို့ စီနီမာဒီပဲရင့်တွင် ရုံတင်ပြသခဲ့သည်။

အဆိုပါ မြန်မာ ပထမရုပ်ရှင်မင်းသားကို အကြောင်းပြ၍ မိဘများသည် မြန်မာ့အဆွေ နယူးဘားမား ရုပ်ရှင်ကုမ္ပဏီ တည်ထောင်၍ ရုပ်ရှင်ကားမဵားကို ထုတ်လုပ်ခဲ့ပေသည်။ ကုမ္ပဏီထောင်ပြီး ပထမဆုံးကားမှာတောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားကို ရိုက်ကူး တင်ဆက်ခဲ့သည်။ မြန်မာ့ ပထမ ရုပ်ရှင်မင်းသား၏ အစ်ကိုကြီးဖြစ်သူ ဦးတင်နွယ်သည် ရုပ်ရှင် ဒၝရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာဖြစ်၎င်း၊ ရုပ်ရှင် ကုမ္ပဏီ အုပ်ခဵုပ်သူ အဖြစ်၎င်း ညီငယ်နှစ်ဦးဖြစ်သည့် မောင်မောင်စိုးနှင့် မောင်တင်မောင်တိုႛမှာလည်း သရုပ်ဆောင်၊ ဒၝရိုက်တာမဵား အဖြစ်၎င်း၊ ရုပ်ရှင် ထုတ်လုပ်သူမဵား အဖြစ်၎င်း ဆောင်ရွက်ခဲ့ကြပေသည်။ ထိုႛပြင် မြန်မာ့ ပထမ ရုပ်ရှင်မင်းသား၏ အစ်မတစ်ဦးမှာလည်း ထူးခြားစွာ အမဵိုးသမီး ရုပ်ရှင် ကင်မရာမင်း အဖြစ် ဆောင်ရွက်ခဲ့ပေသည်။

၁၉၂၀ ကျောင်းသားသပိတ်တွင် တက္ကသိုလ်ဝင်တန်း ကေဵာင်းသား မောင်ညီပုသည်လည်း အစိုးရ ဟိုက်စကူးကေဵာင်းကို ကိုယ်စားပြု၍ သပိတ်မှောက် ကေဵာင်းသား ခေၝင်းဆောင် တစ်ဦး ဖြစ်လာသည်။ ကေဵာင်းသား သပိတ်ကြီး ပြီးသော် မောင်ညီပုသည် ကျောင်းထွက်လိုက်သည်။ ထိုစဉ် လန်ဒန်အတ် ဦးအုန်းမောင်သည် ဒုတိယ ခြေလှမ်းအဖြစ် ကျေးတောသူမို့ ဇာတ်ကားကို ရိုက်ကူးသည်။ မောင်ညီပုက မင်းသား အဖြစ်၎င်း၊ မငွေမြိုင်အား "ခင်ခင်နု" ဟု အမည်ပေးကာ မင်းသမီး အဖြစ်၎င်း ပၝဝင် သရုပ်ဆောင်ကြသည်။ အဆိုပါ ရုပ်ရှင် ဇာတ်ကားကို ၁၉၂၁ နှစ်တွင် ရုံတင်ပြသသည်။

၁၉၂၂-ခုနှစ်တွင် မိဘများ၏ တိုက်တွန်းချက်အရ အင်္ဂလန်တွင် ကူးသန်းရောင်းဝယ်ရေးပညာ သွားရောက်သင်ကြားရန် စီစဉ်လေသည်။ ထိုစဉ် လန်ဒန်အတ် ဦးအုန်းမောင်သည် မောင်ဘတင့် - ခင်ခင်နု တိုႛဖြင့် "တသက်လုံး ဖုံးသမျှ ကုန်းတော့မှပေၞ" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေရာ ငွေကြေး လိုအပ်သဖြင့် မောင်ညီပုက ငွေအား လူအား စိုက်ထုတ် ကူညီခဲ့လေသည်။ ယင်းနောက် ဦးအုန်းမောင်တိုႛ၏ ဘားမားဖလင် ရုပ်ရှင် ကုမ္ပဏီကို မောင်ညီပု၏ မိဘမဵားက လွှဲပြောင်း ယူလိုက်သည်။ ကုမ္ပဏီ အမည်ကို မြန်မာအဆွေ နယူးဘားမား ဖလင်ဟု အမည်ပြောင်းသည်။ မောင်ညီပုသည် ဘိလပ်သိုႛ ပညာသင် မသွားမီ မိမိတို့ ရုပ်ရှင် ကုမ္ပဏီမှ "တောမြိုင်စွန်းက လွမ်းအောင်ဖန်" ကားကို သရုပ်ဆောင် ဒၝရိုက်တာ အဖြစ် ရိုက်ကူးသည်။ ပြင်ဦးလွင်တွင် သွားရောက်ရိုက်ကူးရာ သရုပ်ဆောင်တို့မှာ မောင်ညီပု၊ မောင်မောင်စိုး၊ မမြညွန့် ၊ မခင်သစ်၊ ရွှေရိုး (ဘကလေး) တို့ ဖြစ်သည်။ အဆိုပါကားကို ၁၂၊ ၅၊ ၁၉၂၃ နေ့တွင် စီနီမာဒီပဲရစ်နှင့် ရွိင်ရယ်ရုံတို့တွင် တင်ဆက်သည်။ ယင်းရုပ်ရှင်ကား ရိုက်ကူးပြီးနောက် မောင်ညီပုသည် ဘိလပ်သို့ ပညာသင်သွားရန် အစီအစဉ်ကို ဖျက်လိုက်လေတော့သည်။

၁၉၂၃-ခုနှစ်ထဲတွင် ဒါရိုက်တာ မောင်ညီပုသည် "ကားသစ်မယ်" ကားကို မောင်မောင်စိုး၊ မမြညွန့် ၊ မြိုင်ရာဇာ ဖိုးစောတို့ဖြင့် ရိုက်ကူးသည်။ ကိုယ်တိုင် သရုပ်ဆောင် အဖြစ် ပါဝင်ခြင်း မရှိပေ။ ယင်းကားကို ပြည်မြို့ လယ်တီကုန်းတွင် သွားရောက် ရိုက်ကူးသည်။ ကားသစ်မယ်ကားကို ၁၃၊ ၁၀၊ ၁၉၂၃ နေ့တွင် စီနီမာဒီပဲရစ်ရုံ၌ တင်ဆက်သည်။

၁၉၂၄-ခုနှစ်တွင် မောင်ညီပုသည် "တစ်ခိုင်လုံးရွှေ" ဇာတ်ကားတွင် မောင်မောင်စိုး၊ မမြညွန့်၊ ရွှေရိုး၊ ဦးတုတ်ကြီးတိုနှင့် တွဲဖက် သရုပ်ဆောင်သည်။ ဒါ ရိုက်တာများ ဦးတုတ်ကြီး ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ၁၂၊ ၁၀၊ ၁၉၂၄ နေ့တွင် စီနီမာဒီပဲရစ်ရုံ၌ တင်ဆက်သည်။

၁၉၂၅ ခုနှစ်ထဲတွင် မောင်ညီပုသည် သရုပ်ဆောင် ဒါရိုက်တာ အဖြစ် မှိုင်းဝေဝေ နှင့် ပလုတ်တုတ်တုတ် ရုပ်ရှင်နှစ်ကားကို တပြိုင်နက် ရိုက်ကူးသည်။ မှိုင်းဝေဝေ ကားသည် ရှိတ်စပီးယား၏ A Winter's Tale ကို မှီး၍ လယ်တီပ္ပိတ ဦးမောင်ကြီးကို ဇာတ်ညွှန်းရေးစေကာ ရိုက်ကူးသော ကားဖြစ်သည်။ ယင်းကားကို ပြည်မြို.၊ ပုသိမ်မြို. မော်တင်စွန်းတို့တွင် သွားရောက်ရိုက်ကူးသည်။ အဆိုပါ ရုပ်ရှင်ကားကို ၁၃၊ ၉၊ ၁၉၂၅ နေ့တွင် အယ်လ်ဖင်စတုံးရုံ နှင့် စီနီမာဒီပဲရစ်ရုံတိုႛတွင် တင်ဆက်သည်။ `မှိုင်းဝေဝေ´ကားသည် ၄၅ ပိုင်း ရှိ၍ ၁၅ ပိုင်းစီ ခွဲ၍ ပြရသည်။ ၎င်းကားတွင် မောင်ညီပု၊ မောင်ရိုး၊ မခင်သစ်၊ မမြညွန့် တို့ ပါဝင်သည်။

၁၉၂၇ ခုနှစ်ထဲတွင် ဒါရိုက်တာ မောင်ညီပုသည် မြသဘက်နှင့် မြအေးယဉ် အမည်ရှိ ရုပ်ရှင်နှစ်ကားကို ရိုက်ကူးရာ သရုပ်ဆောင်နေရာတွင် ပါဝင်ခြင်း မရှိပေ။ မြသဘက် ဇာတ်ကားတွင် မောင်မောင်စိုးနှင့်မမြညွန့် ပါဝင်၍ ယင်းကားကို ၁၄၊ ၅၊ ၁၉၂၇ နေ့၌ ရုံတင်ပြသသည်။ ဝင်ငွေ ၃၈,၂၉၅ ကျပ် ရရှိ၍ အိုလံပီယာရုံ၌ တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယကားဖြစ်သော"မြအေးယဉ်" ကားသည် ဒဂုန် မဂ္ဂဇင်းပါ ဒဂုန် ခင်ခင်လေး၏ "တမြေစံ" ဝတ္တုကိုရိုက်ကူးခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်ကားတွင် မောင်မောင်စိုး၊ မမြညွန့်၊ သာချို၊ မြသောင်း၊ ဒေါ်ဂျမ်းစိန်တို့ပါဝင်သည်။ အဆိုပါကားကို ၁၉၊ ၁၁၊ ၁၉၂၇ နေ့တွင် အိုလံပီယာရုံ၌ တင်ဆက်သည်။

၁၉၂၉ ခုနှစ်တွင် သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ရိုက်ကူးသော ကားမှာ "ဆုထူးပန်" ကားဖြစ်သည်။ မောင်ညီပု၊ မောင်မောင်စိုး၊ ခင်ခင်နု၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သည်။ ယင်းကားကို ၃၀၊ ၃၊ ၁၉၂၉ နေ့ဟာရီကစ်ရှာနားရုံတွင် တင်ဆက်၍ ဝင်ငွေ ၁၄,၁၃၉ ကျပ် ရရှိသည်။ အဆိုပါ ဆုထူးပန် ရုပ်ရှင်ကားကို အင်္ဂလန်နိုင်ငံသို့ တင်ပို့ ပြသခဲ့သည်။ ဤကားကို အင်္ဂလန်၌ ပြသရာတွင် တူရိယာ သံစုံသွင်း၍ နောက်ခံ အင်္ဂလိပ်ဘာသာဖြင့် အသေးစိတ် ပြောပြကာ တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဆုထူးပန်ကားသည် မြန်မာ့ရုပ်ရှင် လောကတွင် အဆင့်မြင့်ဆုံး ဖြစ်၍ အနောက်တိုင်းသိုႛ ပထမဆုံး တင်ပို့ ပြသသော ကားလည်း ဖြစ်သည်။

၁၉၂၉ ခုနှစ်ထဲတွင် ရုံတင်သည့် ဒါရိုက်တာ မောင်ညီပု၏ ဒုတိယ ရုပ်ရှင်ကားမှာ "မြိုင်နန်းစံ" ကားဖြစ်သည်။ သရုပ်ဆောင် အဖြစ် ပါဝင်ခြင်း မရှိဘဲ ဒါရိုက်တာ အဖြစ် ရိုက်ကူးခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားတွင် မောင်စိန်ညိုနှင့် ခင်ခင်လေးတို့ ပါဝင်သည်။ ၃၁၊ ၈၊ ၁၉၂၉ နေ့ အယ်လ်ဖရက်ရုံ၌ တင်ဆက်ရာ ဝင်ငွေ ၁၅,၇၁၀ ကျပ် ရရှိသည်။ အဆိုပါကားကို အလောင်းတော်ကဿဖတွင် သွားရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

၁၉၃၂ ခုနှစ်တွင် ဒါရိုက်တာ ဦးညီပုသည် အစ်ကိုကြီး ဦးတင်နွယ်နှင့် တွဲဖက်၍ "သမိုင်းညွန့်ပေါင်း" ရုပ်ရှင်ကားကို ရိုက်ကူးသည်။ ၎င်းရုပ်ရှင်ကားတွင် မောင်ညီပု၊ မောင်မောင်ကလေး၊ ခင်ခင်မြင့်၊ မောင်စိန်ညို၊ မသောင်း၊ ဦးထွားတို့ ပါဝင်ကြသည်။ သမိုင်းညွန့်ပေါင်း ကားကို ၉၊ ၉၊ ၁၉၃၃ နေ့တွင် ပလာဇာရုံနှင့် အယ်လ်ဖရက်ရုံတို့တွင် တင်ဆက်ပြသရာ ဝင်ငွေ ၁၅,၂၁၃ ကျပ် ရရှိသည်။

၁၉၃၄ ခုနှစ်တွင် ဒါရိုက်တာ ဦးညီပုသည် ဒါရိုက်တာ ဦးအောင်ဇံနှင့် တွဲဖက်၍ "ချစ်ရေစင်" ကို ဘမြင့်၊ ခင်မေလေး၊ ဦးထွားတို့ဖြင့် ရိုက်ကူးသည်။ အဆိုပါရုပ်ရှင်ကားကို ၁၉၃၄ ခု၊နိုဝင်ဘာလ ၃၀ ရက်နေ့ ပလာဇာရုံ၌ တင်ဆက်သည်။

၁၉၃၄ မေလတွင် ဒါရိုက်တာ ဦးညီပုနှင့် ဦးတင်ဖေ (မောင်မောင်စိုး) တို့သည် ဂျပန်နိုင်ငံသို့ သွားရောက်၍ ရုပ်ရှင်လုပ်ငန်းများ လေ့လာကြသည်။ တဖက်ကလည်း မြန်မာအဆွေ အေဝမ်း ကုမ္ပဏီ အတွက် ဓာတ်ပြားများ ထုတ်လုပ်ရန် စက်ကရိယာ ပစ္စည်းများ ဝယ်ယူရန် ဖြစ်ပေသည်။ ဦးညီပုတို့ ညီအစ်ကိုနှစ်ဦးသည် ဂျပန်နိုင်ငံတွင် မြင်တွေႚရသော ရှုခင်းများကို အမှတ်တရ အနေဖြင့် "လေးလရာသီ ဂျပန်ပြည်"ဟု အမည်ပေးကာ ရိုက်ကူးခဲ့ကြသည်။ ထို.နောက် ဂျပန်ရုပ်ရှင်၊ ပညာရှင်များနှင့် တွဲဖက်၍ "ဂျပန့်ရင်သွေး" ရုပ်ရှင်ကားကို ရိုက်ကူးသည်။ မောင်ညီပု၊ မောင်မောင်စိုးတို.က အမျိုးသား သရုပ်ဆောင်များ အဖြစ် ပါဝင်၍ ဂျပန်မလေး နေရာတွင် နာမည်ကျော် ဂျပန် အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင် "အေးမိစံ" တိုႛ ပါဝင်သည်။

ဇနီးအမည် မှာ ဒေါ်စန်းရင် ဖြစ်သည်။ ဦးညီပုသည် မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီတွင် ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ဥက္ကဌ အဖြစ် ဆောင်ရွက်သည်။ ပြည်ပ ရုပ်ရှင် လေ့လာရေး ခရီးစဉ် အဖြစ် ဆိုဗီယက်ရုရှား၊ ဂျာမန်နှင့် တရုတ်နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည်။

ဘ၀နိဂုံး

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ အဖြစ်မှ အနားယူပြီးနောက် ရာသက်ပန် နာယက အဖြစ် ဆောင်ရွက်ယင်း ဒါန၊ သီလ၊ ဘာဝနာ လုပ်ငန်းများကို တတ်အားသရွေ့ ဆောင်ရွက်နေရာမှ မြန်မာ့ ပထမ ရုပ်ရှင်မင်းသား ဦးညီပုသည် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန် သွားလေသည်။ ကွယ်လွန်ချိန်မှာ အသက် ၉၆နှစ်ပြည့်ရန် ၁၁ ရက် အလိုတွင် ဖြစ်သည်။ မြန်မာ့ ပထမ ရုပ်ရှင်မင်းသား သို့မဟုတ် မြန်မာ့ရုပ်ရှင် ဖခင်ဟု ခေါ်ဆိုရမည် ဖြစ်သော "ဦးညီပု" ကွယ်လွန် သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းသရုပ်ဆောင် ခဲ့သည့် ရုပ်ရှင်ကားများ၊ ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများ၊ ၎င်းထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများသည် မြန်မာ့ရုပ်ရှင် သမိုင်း၌ မော်ကွန်းတင်လျက် ကျန်ရှိနေမည် ဖြစ်ပါသည်။

ပါဝင်ခဲ့သောဇာတ်ကားများ

  • မေတ္တာနှင့် သူရာ (၁၉၂၀)
  • ကျေးတောသူမို့ (၁၉၂၁)
  • တောမြိုင်စွန်းက လွမ်းအောင်ဖန် (သရုပ်ဆောင်နှင့် ဒါရိုက်တာ) (၁၉၂၃)
  • တခိုင်လုံးရွှေ (၁၉၂၄)
  • မှိုင်းဝေေ၀ (၁၉၂၅)
  • ဆုထူးပန် (၁၉၂၉)
  • ရွှေနှင်းဆီ (၁၉၃၁)
  • သမိုင်းညွန့်ပေါင်း (၁၉၃၃)
  • ဂျပန့်ရင်သွေး (သရုပ်ဆောင်နှင့် ဒါရိုက်တာ) (၁၉၃၅)


ကိုးကား

  • ဆရာ မင်းယုဝေ၏ ပထမ ရုပ်ရှင်မင်းသား ဦးညီပု၊ ပထမမြန်မာများ စာအုပ်၊ (၁၉၆၈)။
  • မြန်မာ့ရုပ်ရှင် ဖခင် (ပထမဆုံး ရုပ်ရှင်မင်းသား) သရုပ်ဆောင် ဒါရိုက်တာ၊ စက်မှုပညာရှင် ဆရာကြီး ဦးညီပု (၁၉၀၀-၁၉၉၆) ၏ ဘဝမှတ်တမ်း အကျဉ်းချုပ်၊ (၇၊ ၉၊ ၁၉၉၆) နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ။
Comments