မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖက်တွင်ရှိပြီး ကချင်တိုင်းရင်းသားများ၏ မြို့လည်း ဖြစ်သည်။ သမိုင်းစဉ်မြစ်ကြီးနားမြို့သည် ယခင်ကြေးနန်းရုံး သဲဆိပ်နှင့် ဆုတောင်းပြည့်ဘုရား တစ်လျှောက် ယခင် ဆနာကောင်း၊ ရှမ်းတို့အခေါ် ဆာယာကုန်း(သာယာကုန်း) ရွာငယ်လေးမှ စတင်ပေါ်ပေါက်လာသည်ဟု ဆိုပေသည်။ “ဆာနာကောင်း”( SaNaKawng)ဟု ခေါ်တွင်ခဲ့ခြင်းမှာ “ဆာနာဒူဝါ”( SaNaDuWa)နေထိုင်ခဲ့သော နေရာဖြစ်၍ ပုဂ္ဂိုလ်ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ကြသည်ဟုလည်း ယူဆကြသည်။ ဗြိတိသျှတို့ ဗန်းမော်၊ မိုးကောင်းဘက်မှ စစ်ချီဝင်ရောက်လာစဉ် ၎င်းနေရာကို ရုံးစိုက် စစ်စခန်းချခဲ့၍ ဗိုလ်ကုန်းဟု ခေါ်တွင် ခဲ့ကြောင်း သိရသည်။ ယခင်က “အကြဲ”(A Chye) အမည်ရှိ ကချင်အမျိုးသားတစ်ဦး လယ်လုပ်ခဲ့သော နေရာကို “အကြဲနာ”(A Chye Na)ဟုခေါ်ရာမှ မြစ်ကြီးနားဟု တွင်လာကြောင်းလည်း အဆိုရှိသည်။ တစ်ချို့ကလည်း ယခု “ဆုတောင်းပြည့်ဘုရား” ယခင် “ သာယာကုန်း” အရှေ့ဘက် မြစ်ကမ်းသည် ခဲတစ်ပြစ်စာမျှသာ ရှိသည်။ မြစ်ကြောင်းကျဉ်းသည့် နေရာတွင် တည်ထားသောရွာ ဖြစ်သဖြင့် “မြစ်ကျဉ်းနား”ဟုခေါ်ရာမှ “မြစ်ကြီးနား”ဟု ခေါ်တွင်လာကြောင်း အဆိုရှိကြသည်။ တစ်ချို့လူကြီးများကလည်း မြစ်ကြီးနား တည်နေရာတွင် မှက်၊ ခြင် အလွန်ထူပြောပြီး ကိုက်ခဲလွန်းသောကြောင့် “အကြဲနာ”ဟု ခေါ်ရာမှ မြစ်ကြီးနားဟု တွင်လာသည်ဆိုသည်။ ယခင် “သာယာကုန်း”အနီးတွင် ဗန်းမော်ဘက်မှ ဆန်တက်လာသော လှေသမ္ဗာန်များ နားရာအနီး မြစ်အတွင်းရှိ သစ်ငုတ်၌ ကျီးငှက်များနားလေ့ရှိသဖြင့် “ကျီးနား”ဟုခေါ်ရာမှ မြစ်ကြီးနား ဖြစ်လာသည်ဟုလည်း ဆိုသည်။ မြစ်ကြီးနားသည် မြန်မာဘုရင်များ လက်ထက်ကတည်းက တည်ရှိခဲ့သည်။ ၁၈၉၂-ခုနှစ် မတိုင်မီက ရှမ်းမြန်မာရွာ မျှသာဖြစ်၍ မြစ်ကြီးနားဟု ခေါ်တွင်ခဲ့သည်မှာလည်း မြစ်ကြီးဧရာဝတီနားတွင် တည်ရှိသောကြောင့်ဟု ဆိုသည်။ ဗြိတိသျှအစိုးရတို့ သိမ်းပိုက်ပြီးနောက် တဖြည်းဖြည်း အရေးပါလာ၍ အရေးပိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ၁၉၄၇-ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၆)အရ ကချင်တောင်တန်းဒေသနှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင် တို့ကို ပေါင်း၍ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့ရာ မြစ်ကြီးနားသည် ပြည်နယ်မြို့တော်အဖြစ်၎င်း ခရိုင်မြို့တော်အဖြစ်၎င်း ဖြစ်ပေါ်ခဲ့သည်။ ကျေးရွာရပ်ကွက်
စိတ်ဝင်စားဘွယ်နေရာများ
ကိုးကား
|
မူလစာမျက်နှာ > မ >