မြန်မာနိုင်ငံ

မြန်မာနိုင်ငံခေါ် တရားဝင်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အရှေ့တောင်‌အာရှ၏ ပင်မကုန်းမြေပေါ်တွင် ပထဝီ အကြီးမားဆုံးသော တိုင်းပြည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရ​က်တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ ( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင်လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။

အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား (ဗမာ "Burma") ဟုသာ အသိအမှတ်ပြုခံခဲ့ရပြီး မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လော(လာအို)နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက် အရပ်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တို့ဖြင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံ ပတ်လည်အနားသား၏ သုံးပုံတစ်ပုံ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) မှာ တစ်ဆက်တည်းသော ကမ်းရိုးတန်းအဖြစ်တွေ့ရှိနိုင်သည်။

ခေတ်သစ်ကာလအချိန်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသောလူဦးရေ ၄င်း၏နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် လူသားအရင်းမြစ်များအား အဓိကအခန်းများမှ ဖော်ဆောင်လျက်ရှိသည်။ ၁၉၉၂ ခုနှစ်က အာဏာရယူခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ တင်းကြပ်စွာ ထိန်းချုပ်ထားမှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ အောက်တွင် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ လူမျိုးရေးတင်းမာမှုနှင့် အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်ရင်ဆိုင်ရလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှု နက်ရှိုင်းစွာခံရသည့် မိမိ၏ ယဉ်ကျေးမှုတွင် ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုနှင့် တိုင်းရင်းသားဓလေ့များ မပျောက်ကွက်အောင် ယနေ့တိုင် ထိမ်းသိမ်းလျက်ရှိသည်။


သမိုင်း

ပုဂံခေတ်မတိုင်မှီမြန်မာနိုင်ငံ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။ (မသက်ဇင်)

ပုဂံခေတ်

အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။



ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။

အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။

ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။

တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။

ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။


ကျမ်းကိုး

  • ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
  • ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
  • ရခိုင်ရာဇ၀င် ။ အောင်သာဦး
  • အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
  • မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
  • မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  • မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ
မူရင်း ရင်းမြစ်


အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)

ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။

တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)

တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။

ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)

နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်။

ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)

အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။

ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်

မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ

(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊

(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊

(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။

  • ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။

ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။

လယ်တွင်း ကိုးခရိုင်

စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃) မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆) မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။

ဗြိတိသျှကိုလိုနီခေတ်(၁၈၈၆-၁၉၄၈)
ကိုလိုနီ အလံ၁၉၃၇-၁၉၄၈

မြန်မာနိုင်ငံသည် အင်္ဂလိပ်မြန်မာ စစ်ပွဲ သုံးကြိမ် အပြီး၁၈၈၆တွင် ဗြိတိသျှအင်ပါယာ အတွင်း သွတ်သွင်းခံခဲ့ ရပြီး၊ ဗြိတိသျှပိုင်အိန္ဒိယ၏ ပြည်နယ်ကြီးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၃၇ခုနှစ် အရောက်တွင် ဗြိတိသျှအိန္ဒိယမှ ခွဲထုတ်ခါ သီးခြားကိုလိုနီ အဖြစ် ထပ်မံသတ်မှတ် ခံရသည်။ ဗြိတိသျှတို့သည် လယ်ယာစိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြား လုပ်ငန်းများ တိုးတက်စေရန် အိန္ဒိယ နှင့် တရုတ် လူမျိုး အများအပြား ခေါ်သွင်းလာခဲ့ရာ မကြာမီပင် မြို့ပြဒေသ များ၌ မြန်မာများအစား ၄င်းတို့က နေရာဝင်ယူလာကြသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ရထားလမ်းများ၊ ကျောင်းများ အများအပြား ဆောက်လုပ်ခဲ့သည်သာမက နာမည်ဆိုးနှင့် ကျော်ကြားသော အင်းစိန်ထောင် အပါအဝင် ထောင်များစွာတို့ကိုလည်း ဆောက်လုပ်ခဲ့သည်။ ၁၉၃၀ခုနှစ် များတစ်လျှောက် မြန်မာနိုင်ငံတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှုများ အများအပြား ပေါ်ပေါက်ခဲ့ပြီး မကြာခဏ အကြမ်းဖက် နှိမ်နင်းခံရလေ့ ရှိသည်။ ဗြိတိသျှတို့၏ မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓ ဘာသာ အပေါ် မထီမဲ့မြင် ပြုမှုများသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များ မြစ်ဖျားခံရာ ဖြစ်လာသည်။

၁၉၃၇ခုနှစ် ဧပြီ၁ရက်နေ့တွင် မြန်မာနိုင်ငံအား ဗြိတိသျှ-အိန္ဒိယမှ တရားဝင်ခွဲထုတ်ခဲ့သည်။ အဆိုပါ ခွဲရေး-တွဲရေး ကိစ္စသည် မြန်မာလူမျိုးများ အကြား စိတ်ဝမ်းကွဲ စေခဲ့ပြီး လွတ်လပ်ရေးရပြီးကာလ လက်နက်ကိုင်တောခို မှုများပေါ်ပေါက်စေရသည့် အခြေခံအကြောင်းရင်းများတွင် ပါဝင်သည်ဟုဆိုကြသည်။ ၁၉၄၀ခုနှစ်များတွင် သခင်အောင်ဆန်း နှင့်ရဲဘော်သုံးကျိပ်တို့ ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားကာ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ကိုဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းတွင် ဂျပန်နှင့် ဘီအိုင်အေ တပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွါခဲ့ရသည်။ ထိုစဉ်က မြန်မာအများစုမှာ ဂျပန်တို့နှင့် ပူးပေါင်းခဲ့ကြသော်လည်း ချင်း၊ ကချင်စသည့် တိုင်းရင်းသားအချို့မှာ ဗြိတိသျှ-ဘားမား စစ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ မြန်မာ့မြေပေါ် မှဆုတ်ခွါအပြီးတွင် ဘားမားရိုင်ဖယ် တပ်ရင်းမှာ ချင်းဒစ် အထူးတပ်ဖွဲ့တွင် ပါဝင်လာကာ အမေရိကန်-ကချင်ရိန်းဂျား တပ်ရင်း မှာလည်း ဂျပန် တို့အား တန်ပြန် ထိုးစစ်ဆင်နေ ခဲ့ကြသည်။ ၁၉၄၂မှ ၁၉၄၄ထိ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘီအိုင်အေ နှင့် ရခိုင်အမျိုးသားတပ်မတော် တို့ ဂျပန်တို့နှင့် ပူးပေါင်း တိုက်ပွဲဝင် ခဲ့သော်လည်း ၁၉၄၅ခုနှစ်တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ဂျပန်တို့အား ပြန်လည်တော်လှန်ခဲ့ကြသည်။ ၁၉၄၇ခုနှစ် အရောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရ အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ဇူလိုင်၁၉ရက်နေ့တွင် သူ၏ဝန်ကြီးများနှင့်အတူ နယ်ချဲ့လက်ပါးစေ တို့၏ လုပ်ကြံခြင်း ခံခဲ့ရသည်။

တိုင်းကြီးကိုးတိုင်း (ဖ.ဆ.ပ.လ ခေတ်)

နိုင်ငံတော် အုပ်ချုပ်ရေး လွယ်ကူစေရန် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် တိုင်းကြီး ၉-တိုင်း၊ ၉-ဌာနခွဲကာ တိုင်းမင်းကြီးများကို ခန့်ထားလေသည်။ ယင်းတို့မှာ -

(၁) ချင်းဝိသေသတိုင်း- ချင်းတောင်, ရခိုင်တောင်တန်းနယ်များ ပါဝင်၍ ဖါလံမြို့တွင်ရုံး စိုက်သည်၊

(၂) ကော်သူလေး အထူးတိုင်း-သံလွင်ခရိုင် အပါအဝင် ဖါပွန်မြို့၌ ရုံးစိုက်သည်၊

(၃) တနင်္သာရီတိုင်း- တောင်ငူ, သထုံ, မော်လမြိုင်,ထားဝယ်, မြိတ်ခရိုင်တို့ပါဝင်သည်၊

(၄) ဧရာဝတီတိုင်း-ပုသိမ်,ဟင်္သတ,မြောင်းမြ,မအူပင်,ဖျာပုံခရိုင်တို့ပါဝင်သည်၊

(၆) ပဲခူးတိုင်း-ပဲခူး,အင်းစိန်,သာယာဝတီ,ပြည်,ရန်ကုန်ခရိုင်တို့ပါဝင်သည်၊

(၇) မကွေးတိုင်း-မကွေး,သရက်,မင်းဘူး,ပခုက္ကူ,ကန်ပလက်ခရိုင်တို့ ပါဝင်သည်၊

(၈) မန္တလေးတိုင်း-မန္တလေး, ကျောက်ဆည်, ရမည်းသင်း, မိတ္ထိလာ, မြင်းခြံခရိုင်တို့  ပါဝင်သည်၊

(၉) စစ်ကိုင်းတိုင်း-စစ်ကိုင်း,ရွှေဘို,ကသာ,မော်လိုက်,မုံရွာ, ခရိုင်တို့ ပါဝင်သည်။

(လွတ်လပ်ရေး ဖ-ဆ-ပ-လ ခေတ်မှ)

တိုင်းနှင့် ပြည်နယ် ၁၄-ခု(မ.ဆ.လ ခေတ်(၁၉၇၄)မှ ၂၀၁၀ ထိ)

(၁) ရန်ကုန်တိုင်း- တိုင်း၏ မြို့တော်သည် ရန်ကုန်မြို့ ဖြစ်သည်။

(၂) ပဲခူးတိုင်း- တိုင်း၏ မြို့တော်သည် ပဲခူးမြို့ ဖြစ်သည်။

(၃) ဧရာဝတီတိုင်း- တိုင်း၏ မြို့တော်သည် ပုသိမ်မြို့ ဖြစ်သည်။

(၄) တနင်္သာရီတိုင်း- တိုင်း၏ မြို့တော်သည် ထားဝယ်မြို့ ဖြစ်သည်။

(၅) မန္တလေးတိုင်း- တိုင်း၏ မြို့တော်သည် မန္တလေးမြို့ ဖြစ်သည်။

(၆) စစ်ကိုင်းတိုင်း- တိုင်း၏ မြို့တော်သည် စစ်ကိုင်းမြို့ ဖြစ်သည်။

(၇) မကွေးတိုင်း- တိုင်း၏ မြို့တော်သည် မကွေးမြို့ ဖြစ်သည်။

(၈) ကရင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဘားအံမြို့ ဖြစ်သည်။

(၉) ကယားပြည်နယ်‌- ပြည်နယ်၏ မြို့တော်သည် လွိုင်ကော်မြို့ ဖြစ်သည်။

(၁၀) ကချင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မြစ်ကြီးနားမြို့ ဖြစ်သည်။

(၁၁) ချင်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် ဟားခါးမြို့ ဖြစ်သည်။

(၁၂) မွန်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် မော်လမြိုင်မြို့ ဖြစ်သည်။

(၁၃) ရခိုင်ပြည်နယ်- ပြည်နယ်၏ မြို့တော်သည် စစ်တွေမြို့ ဖြစ်သည်။

(၁၄) ရှမ်းပြည်နယ်- ပြည်နယ်၏ မြို့တော်သည် တောင်ကြီးမြို့ ဖြစ်သည်။


မြန်မာတိုင်းရင်းသားတိုင်းနယ်/ ပြည်နယ်နေ့များ

- ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ (၁၂)ရက်

- ကချင်ပြည်နယ်နေ့ ဇန်နဝါရီလ (၁၅)ရက်

- ကယားပြည်နယ်နေ့ ဇန်နဝါရီလ (၁၁) ရက်

- ကရင်ပြည်နယ်နေ့ နိုဝင်ဘာလ (၇)ရက်

- ချင်းပြည်နယ်နေ့ ဖေဖော်ဝါရီလ (၂၀)ရက်

- မွန်ပြည်နယ်နေ့ မတ်လ (၁၉)ရက်

- ရခိုင်ပြည်နယ်နေ့ ဒီဇင်ဘာလ (၁၅) ရက်

- ရှမ်းပြည်နယ်နေ့ ဖေဖော်ဝါရီလ (၇) ရက်

မြန်မာနိုင်ငံရေးဘောဂဗေဒသမိုင်းဖြစ်စဉ် (၁ဝ၄၄-၂ဝဝ၈)
စဉ် ခရစ်နှစ် အမျိုးသားစီးပွားရေး ပုံသဏ္ဍာန် နိုင်ငံရေးစနစ် နိုင်ငံရေးအာဏာ/ အစိုးရသဏ္ဍာန်
(၁) ၁ဝ၄၄-၁၈၈၅ ပဒေသရာဇ် မြေယာ ကုန်ထုတ်လုပ်မှုဖြင့် ကုန်သွယ်မှု

အခြေခံ ပဒေသရာဇ် ကုန်လုပ် ဆက်ဆံရေး

သက်ဦးဆံပိုင်ဧကရာဇ် -

ပဒေသရာဇ် စနစ်

ဘုရင့်နိုင်ငံတော်

ဘုရင့်အစိုးရသဏ္ဍာန်

(၂) ၁၈၈၅-၁၉၄၈ ကိုလိုနီ အရင်းရှင်စနစ် အခြေခံ၊ ပဒေသရာဇ်မြေယာ ထုပ်လုပ်ရေး၊

ကိုလိုနီ အရင်းရှင် တစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်း၊ ကုန်လုပ် ဆက်ဆံရေး

ကိုလိုနီအရင်းရှင်စနစ် ဗြိတိသျှဘုရင်မကို တာဝန်ခံရသည့်

မြန်မာပြည်ဘုရင်ခံ အစိုးရ

(၃) ၁၉၄၈-၁၉၆၂ ယျေဘုယျအားဖြင့် လွတ်လပ်သော ဈေးကွက် စီးပွားရေး

အခြေခံ အရင်းရှင် ကုန်လုပ်ဆက်ဆံရေး

ပါတီစုံပါလီမန်ဒီမိုကရေစီ စနစ် ပြည်သူလွတ်တော်နှင့် လူမျိုးစု လွှတ်တော်ကို တာဝန်ခံရသည့်

ပြည်ထောင်စု သမ္မတ နိုင်ငံအစိုးရ

(၄) ၁၉၆၂-၁၉၈၈ ဗဟိုမှ ထိန်းချုပ်သည့် ဆိုရှယ်လစ် စီးပွားရေး

အခြေခံကုန်လုပ်ဆက်ဆံရေး

တစ်ပါတီ ဆိုရှယ်လစ် ဒီမိုကရေစီ စနစ် ပြည်သူ့ လွှတ်တော်ကို တာဝန်ခံရသည့်

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ နိုင်ငံအစိုးရ

(၅) ၁၉၈၈-၂ဝဝ၉ ဗဟိုမှ ထိန်းချုပ်ကန့် သတ်မှု အားကြီးသည့် ဈေးကွက်

စီးပွားရေးနှင့် လက်ဝါးကြီးအုပ် ကုန်လုပ် ဆက်ဆံရေး

စစ်တပ်ဗြူရိုကရေစီစနစ် အာဏာသိမ်းစစ်ကောင်စီကို တာဝန်ခံရသည့်

ဗိုလ်ချုပ်ကြီးများ အစိုးရ

ဝေးလံသော မြန်မာသက်ဦးဆံပိုင် ဘုရင်များ ကာလကို ချန်လှပ်၍ ကိုလိုနီခေတ်မှ အစပြု ပါလီမန် ခေတ်အလယ် မဆလနှင့် နဝတ-နအဖ ခေတ်အဆုံး ကာလများ၏ နိုင်ငံရေး ဘောဂဗေဒကို ကြည့်လျှင် အောက်ပါ အတိုင်း တွေ့ ရသည်။

၁) ကိုလိုနီခေတ်၌ အုပ်စိုးသူ ဗြိတိသျှတို့က မြန်မာ့လူအဖွဲ့ အစည်းကို စီးပွားရေးအရ၊ ဈေးကွက် အခြေခံကိုလိုနီ အရင်းရှင် စီးပွားရေးစနစ်နှင့် နိုင်ငံရေးအရ ကိုယ်စားလှယ်ပြု ထုံးစဉ်လာ (ေယ်ဘူယ် ဒီမိုကေရစီ) စနစ် အစပျိုး လေ့ကျင့်ပေးခဲ့သည်။

၂) တို့ဗမာ အစည်းအရုံး၏ လွတ်လပ်ရေး ကျိုးပမ်းမှု အထွဋ်အထိပ် ကာလတွင် ပေါ်ပေါက်ခဲ့သည့် ရဲဘော် သုံးကျိတ် အမှူးပြု ဘီအိုင်အေနှင့် ဂျပန်ဖက်ဆစ် စစ်တပ်က မြန်မာနိုင်ငံကို ၀င်သိမ်းပြီး ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာနေရခိုက်၊ ဂျပန်ခေတ် မြန်မာ့စီးပွားရေးစနစ်သည် ဂျပန်စစ်တပ် ထိန်းချုပ်သည့် ဖက်ဆစ် ကျွန်စီးပွားရေးစနစ် လုံးလုံး ဖြစ်ခဲ့ရပြီး နိုင်ငံရေး အာဏာမှာလည်း ဂျပန်စစ်တပ်က တင်းတင်း ကျပ်ကျပ် ထိန်းချုပ်သည့် ဖက်ဆစ် အာဏာရှင် စနစ် ဖြစ်ခဲ့သည်။

သို့ဖြင့် ဖ.တ.ပ.လ (နောင် ဖ.ဆ.ပ.လ) ဖွဲ့စည်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေးအပြီး၊ ဗြိတိသျှတို့ မြန်မာနိုင်ငံ ပြန်လာချိန်မှ၊ ၁၉၄၈ လွတ်လပ်ရေး ရချိန်ထိ ကာလတို အတွင်းတွင်၊ မြန်မာ့ လူ့အဖွဲ့အစည်းက ဈေးကွက် စီးပွားရေးနှင့် ပါတီစုံ ဒီမိုကရေစီကို ယျေဘုယျအားဖြင့် ပြန်လည် အစပျိုးနိုင်ခဲ့သည်။

၃) ဖ.ဆ.ပ.လ အစိုးရ (၁၉၄၈-၁၉၅၈) အိမ်စောင့် အစိုးရ (၁၉၅၈-၁၉၆၀) ပထစအစိုးရ (၁၉၆၀-၁၉၆၂) ကာလတို့မှာ ဈေးကွက် စီးပွားရေးနှင့် ပါလီမာန် ဒီမိုကရေစီစနစ် ပြန်လည်သက်ဝင် လှုပ်ရှား၊ တစ်စုံတစ်ခုသော အတိုင်းအတာထိ လေ့ကျင့် ရင့်ကျက်မှု့ ရခဲ့သည့် ကာလများဖြစ်၏။

၎) ၁၉၆၂-၁၉၈၈မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလကား မြန်မာ့ လူအဖွဲ့အစည်းတွင် ဆိုရှယ်လစ် စီးပွားရေးအမည်ခံ ဗဟိုမှ ကြိုးကိုင်သည့် အမိန့်ပေး စီးပွားရေးစနစ်နှင့် တစ်ပါတီ၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင် နိုင်ငံရေးစနစ်တို့ အမြစ်တွယ် ထွန်းကားသည့် ကာလဖြစ်ခဲ့၏။

၅) ၁၉၈၈-၂၀၀၉ (ယ္ခု ထိ) ကာလပိုင်းမှာ စစ်တပ်အစိုးရ ထိန်းချုပ် ကွပ်ညှပ်မှု အောက်မှ၊ ဈေးကွက် အခြေခံ စီးပွားရေး ပြန်လည် အစပျိုးဖြစ်ထွန်း အားယူစနှင့် ဒီမိုကရေစီ မဲ့နေဆဲ (အားနာနာနှင့် လျှော့ပြောရလျှင် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရန် (သို့မဟုတ်) အုပ်ချုပ်သူ (စစ်တပ်) အလိုကျ နိုင်ငံ ဖွဲ့စည်းပုံသစ်၊ ရွေးကောက်ပွဲသစ်တို့ဖြင့် အားယူဆဲ) ကာလ ဖြစ်သည်။

အထက်ပါတို့မှာ မြန်မာ့သမိုင်းစဉ် တလျှောက် ပေါ်ပေါက် ဖြစ်တည် လာခဲ့သော မြန်မာ့စီးပွားရေး (ဘောဂဗေဒ) အခြေပြု နိုင်ငံရေးနှင့် နိုင်ငံရေး စနစ်များ ဖြစ်စဉ်အကျဉ်း ဖြစ်သည်။

ယင်းအထဲမှ မြန်မာ့ လွတ်လပ်ရေး ရပြီး ဖ.ဆ.ပ.လ၊ အိမ်စောင့်အစိုးရ နှင့် ပ.ထ.စ ခေတ် (၁၉၄၈-၁၉၆၂) ကို ပြန်ကောက်ပါမည်၊ ထိုကာလသည် မြန်မာ့နိုင်ငံရေး ဘောဂဗေဒကို "ဈေးကွက် စီးပွားရေး အခြေပြု ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လေ့ကျင့် ရင့်ကျက်မှု ရခဲ့သည်" ဟု ဆိုရပြီး၊ ဤသည်မှာ ယျေဘုယျဖြစ်၍၊ ထိုကာလ၏ ၀ိသေသ လက္ခဏများကို စူးစမ်းကြည့်လျှင် စင်စစ် "တစ်စုံတစ်ခုသော အတိုင်းအတာထိ ဈေးကွက်နှင့် ဒီမိုကရေစီ မရင့်ကျက်သေး၊ ဟာကွက် ၊ပျော့ကွက်၊ အားနည်းချက်များ ရှိသေးသည်" ဟုဆိုလိုသည်။

ထိုအတွက် ထိုစဉ်က တာဝန်ယူခဲ့သော "ကတ္တား" ပိုင်း (Subjective Role) အစိုးရများကို အပြစ် မဖို့လိုပါ။ မြန်မာ့ရုပ်ဘ၀ "ကမ္မ" ပိုင်း ( Objective Role ) တွင် ဈေးကွက် စီးပွားရေး အခြေမခိုင်ခဲ့၍၊ ထိုသို့ အခြေမခိုင်ခဲ့ သည်မှာလည်း ၊ဒုတိယကမ္ဘာစစ် အ၀င်အထွက် နှစ်ကြိမ်နှင့် လွတ်လပ်ရေး ရပြီး ပြည်တွင်းစစ်တို့ကြောင့် ဖြစ်၍ တာဝန်ရှိခြင်းရှိလျှင် ကမ္ဘာစစ် တရားခံ ဖက်ဆစ်စနစ်၊ စစ်ပြီးခေတ် ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးနှင့်ရောင်စုံသူပုန်သောင်းကျန်းသူတို့၏ (ပြည်တွင်းစစ်) လမ်းစဉ်တို့သာ အဓိကတာဝန်ယူ ရမည် ဖြစ်သည်။

ထိုသို့ မြန်မာ့လူဘောင်တွင် ဈေးကွက် စီးပွားရေး အခြေမခိုင်လှ၍ အမျိုးသား စီးပွားရေး မဖွံ့ဖြိုး လူတန်းစား အစပ်အဟပ်တွင် လူလတ်တန်းစား မကြီးထွား၊ နိုင်ငံရေး အမြင်တွင်လည်း ကွန်မြူနစ် သူငယ်နာ မစင်သည့် လက်ဝဲယောင် လက်ဝဲယိမ်း အယူအမြင်များ ကိန်းကာ စီးပွားရေး၌ ဈေးကွက် အခြေပြုထားသည့် ဖ.ဆ.ပ.လအစိုးရသည်ပင်လျှင် "ကျုပ်တို့အစိုးရက လက်နက်ကိုင် ကွန်မြူနစ်တွေနဲ့ “ဆိုရှယ်လစ်" တာချင်းတော့ တူပါတယ် လက်နက်ကိုင်နည်းနဲ့ ပါလီမန် ဒီမိုကရေစီနည်းဘဲ ကွဲတာပါ" ဟုဆိုကာ မြေယာ စီးပွားရေး၌ လွတ်လပ်ရေး မရမှီက တည်ရှိခဲ့သော ပဒေသရာဇ်နည်း မြေယာ ထုတ်လုပ်ရေး နေရာတွင် အရင်းရှင် မြေယာ ထုတ်လုပ်ရေးကို အစားထိုးပြောင်းလဲ တည်ဆောက် ရမည့်အစား ကွန်မြူနစ်တို့၏ "မြေယာသိမ်း၊ မြေယာဝေ" ကို သွေးလန့်ပြီး "လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ကြွေးကြော်ကာ "နိုင်ငံပိုင်" ဆိုင်းဘုတ် အောက်၌ လုံးချင်းပြန့်ကြဲ ပဒေသရာဇ် မြေယာ ထုတ်လုပ်ရေး စနစ်ကို လက်တွေ့ ၌ ဆက်လက် အသက်ရှည်စေခဲ့သည်၊ ကုန်စည်စီးပွားရေး၌လည်း နိုင်ငံပိုင် အခန်းကဏ္ဌကို လျှော့မချဘဲ စခန်းသွားခဲ့သည်။

သို့ဖြင့် ကွန်မြူနစ်၊ အနီ၊ အဖြူတို့ ဂမှုးရှုးထိုး စတင် ဖန်တည်းလိုက်သည့် လက်နက်ကိုင် တော်လှန်ရေး ( ပြည်တွင်းစစ်) လမ်းစဉ်နောက်သို့ ပြည်သူရဲဘော် (အဖြူ)၊ ကရင် ၊မွန် ၊ ရခိုင်၊ရှမ်း ၊ကချင်၊ပအို့ စသည့် လူမျိုးစု လူမျိုးငယ် အဖွဲ့အစည်း အတော်တော် များများလည်း မိမိတို့ ဆိုင်ရာ "အမျိုးသား လွတ်မြောက်ရေး" ဆိုင်းဘုတ်များတင်ကာ လိုက်လျှောက်ရင်းမြန်မာတစ် ပြည်လုံးအနှံ ပြည်တွင်းစစ်မီးပြန့် လောင်ကြွမ်းမှု ရှည်ကြာလာသည့် အခြေအနေ၊ ထိုအခြေအနေကို ထိန်းသိမ်းရန် မြန်မာ့ တပ်မတော်ကို တိုးချဲ့ ကြီးထွားလာစေရသည့် အခြေအနေ၊ တဆက်တည်းမှာပင် ထိုစစ်တပ်ကို "ပ" စားပေးနေ ရသည့် အခြေအနေတို့အရ မြေယာရော၊ ကုန်စည် ထုတ်လုပ်ရေးမှာပါ၊ ဈေးကွက် စီးပွားရေးစနစ်၊ မပီပြင် အခြေမကျနိုင်ခြင်းကြောင့် လူလတ်တန်းစား ကြီးထွား သြဇာရှိန် မတက်နိုင်သဖြင့် ဒီမိုကရေစီ နိုင်ငံရေး စနစ် အားကောင်းခိုင်ခန့် မလာနိုင်သေး လူလား မမြှောက်နိုင်သေးသည့် အခြေအနေအောက်တွင်၊ ဖက်ဆစ် ဂျပန်ဝမ်းကြာတိုက်၌ ကံမကောင်း အကြောင်းမလှ သန္ဓေတည်ခဲ့ရသည့် "ဗမာတပ်မတော်" တည်းဟူသော အခိုင်အမာဆုံး လက်နက်ကိုင် အဖွဲ့အစည်းက ပါတီစုံ ဒီမိုကရေစီ ပါလီမန်ကိုဖျက်၊ မြန်မာဆိုရှယ်လစ် ဆိုင်းဘုတ်ကိုတင်၊ တစ်ပါတီ၊ ငါ့မင်းငါ့ချင်း အာဏာရှင်စနစ် တည်ထောင် လိုက်နိုင်လေသည်။ အစပျိုး ရှင်သန်အားယူဆဲ ဈေးကွက် စီးပွားရေးစနစ် ဖျက်ဆီးဖြိုချခံလိုက်ရပြီး ဗဟိုဦးစီး အမိန့်ပေး စီးပွားရေးစနစ် ပေါ်ပေါက်လာလေသည်။

ဤသည်မှာ "လွတ်လပ်စွာ ယှဉ်ပြိုင်သည့် ဈေးကွက် စီးပွားရေးစနစ် လူ့ အဖွဲ့အစည်းတစ်ခုအတွင်း ကောင်းစွာ အမြစ်တွယ် အခြေခိုင် မပွါးစီး၊ မထွန်းကားသေးသမျှ ထိုလူ့အဖွဲ့အစည်း၌ လူလတ်တန်းစားအ ခြေမခိုင် ထိုအခြေအနေမျိုးတွင် ဒီမိုကရေစီဝါဒ၊ စနစ်၊ အဆောက်အအုံနှင့် အလေ့အကျင့်များ (Democratism, Democratic System, Democratic Institutions & Practices) ကောင်းစွာမထွန်းကား အခြေမခိုင်၊ ထိုအခြေအနေမျိုးတွင် အာဏာရှင်စနစ် တစ်မျိုး မဟုတ်တစ်မျိုး (လက်ဝဲ၊ လင်္ကျာ၊ စစ်အာဏာရှင် တစ်မျိုးမျိုး) ပေါ်ပေါက်တတ်သည်။ ပေါ်ပေါက်နိုင်သည် " ဆိုသော နိုင်ငံရေး ဘောဂဗေဒ ပညာ၏ လမ်းညွှန် ကောက်ချက် မှန်ကန်ကြောင်း ထင်ရှားသည့် သက်သေ တစ်ခု ဖြစ်ခဲ့ပေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂-၁၉၈၈) ကိုကား အထူး ပြောစရာမလိုပါ၊ အများ သိကြသည့်အတိုင်း စီးပွားရေး၌ ဗဟိုကြိုးကိုင် လက်ဝါးကြီးအုပ် အမိန့်ပေး စီးပွားရေး စနစ် နိုင်ငံရေး၌ တစ်ပါတီ ငါ့မင်းငါချင်း အာဏာရှင် စနစ် ထွန်းကားခဲ့သည်။

အရေးပါလှသည့် သတိပြုစရာ အချက်မှာ ထိုမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၂၆နှစ်ကာလ၌ မ.ဆ.လ ဆန့်ကျင်ရေး ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမှုထမ်း၊ အရာထမ်း စသည့် လှုပ်ရှားမှု အများအပြား ပေါ်ပေါက်ခဲ့ခြင်းများ ဖြစ်ပါသည်။

၁၉၆၂ ဇူလိုင် ရ ရက်မှသည် မှိုင်းရာပြည့် ၊ ချည်စက်၊ဂုံနီစက်၊ သင်္ဘောကျင်း၊ မြစ်ငယ်၊ ဦးသန့်၊ စစ်တွေ ဆန်လုပွဲတို့ အလယ် ၈၈၈၈ အရေးတော်ပုံကြီး အဆုံးဖြစ်ပါသည်။ ပိုမိုထူးခြား သတိပြုစရာ နောက်အချက်မှာ-

မြန်မာနိုင်ငံ၌ လက်ဝဲတို့သာ လွှမ်းမိုးထားသည့် လက်နက်ကိုက် နယ်ပယ်သို့ လင်္ကျာနိုင်ငံရေးအင် အားစုတို့ လည်း ရောက်ရှိပါဝင်လာခြင်း ဖြစ်ပါသည်။ ရဲဘော် သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ဦးဆောင်သည့် (၁၉၆၄-၁၉၆၅) တွင်စခဲ့သော "တန်ပြန် တော်လှန်ရေး" မဆလ ဆန့် ကျင်ရေး လက်နက်ကိုင် လှုပ်ရှားမှုနှင့် (၁၉၆၇-၆၈) တွင်စတင်ခဲ့သော ဦးနု (သခင်နု) ခေါင်းဆောင်သည့် "ပါလီမန် ဒီမိုကရေ စီပါတီ" လက်နက်ကိုင် လှုပ်ရှားမှုတို့ ဖြစ်ပါသည်။

ဒီမိုကရေစီ ဘက်သား ဆိုသူအများစုက ("ဘက်သားဆိုသူ" ဟုဆိုရခြင်းမှာ ဒီမိုကရေစီကို တကယ် ယုံကြည်သူများ ပါဝင်သလို၊ အသွေးအသားထဲတွင် အာဏာရှင်စနစ် တမျိုးမျိုးကို စိမ့်ဝင်လက်ခံထားပြီး ဒီမိုကရေစီ ယောင်ဆောင်နေသူများလည်း ပါဝင်နေ၍ ဖြစ်ပါသည်၊ စကားချပ်) ၇ ရက်ဇူလိုင် ၆၂ မှသည် ၈၈၈၈ အရေးတော်ပုံထိ လှုပ်ရှားမှုများက မြန်မာလူထု၏ ဒီမိုကရေစီ အသိတရား မြင့်မားမှု နှင့်၊ သတ္တိကို သက်သေပြနေသည်။ ထို့ ကြောင့် မြန်မာတို့ ဒီမိုကရေစီနှင့် ကောင်းမွန်စွာ ထိုက်တန် သည် စသည် ဖြင့် ပြောဆို ရေးသားလေ့ ရှိကြသည်။ သို့သော်လည်းအဆိုပါ လှုပ်ရှားမှုများသည် ဆိုင်ရာ ကျောင်သား၊ အလုပ်သမားတို့၏ ဘ၀ခံစားချက် (တွေ့ထိသိ) နှင့် ထိုသူတို့ အကြားရှိနှင့်ပြီးသား မြေအောက် လက်နက်ကိုင် ကွန်မြူနစ် အနီ၊ အဖြူကလပ်စည်းတို့၏ လှုံဆော်ပေးမှုတို့ ပေါင်းစပ်ပေါ်ပေါက် လာခြင်းဖြစ်ပြီး ဆိုင်ရာ အလုပ်သမား၊ ကျောင်းသား စသူတို့၏ ဆင်ခြင်ထိုးထွင်းအသိ (ဆင်ခြင်သိ) သက်သက်ဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ဟု ယူဆ သည်။ သို့ဖြစ်ရာ ဆိုခဲ့ပါလှုပ်ရှားမှုသည် ဆင်ခြင်ထုံ ဖြင့် သိခြင်းမျိုးမှ ပေါက်ဖွားလာခြင်း မဟုတ်မှုဘဲ၊ တွေ့ထိသိ (ခံစားမှု) ပေါ်အခြေခံခဲ့သဖြင့် ကြာရှည်မခံ ကာလတို အတွင်း ပြိုကွဲသွားခဲ့ရသည် ဟု ယူဆရသည်။

စင်စစ်သော်၊ ထိုလှုပ်ရှားမှုများကို လက်နက်ကိုင် ကွန်မြူနစ်တို့က ၄င်းတို့ မြေအောက်တိုက်ပွဲနှင့် မြေပေါ်လူထု တိုက်ပွဲ များပေါင်းစပ် အရှိန်မြှင့် အောင်ပွဲခံ အာဏာသိမ်းရေး မဟာဗျူဟာဖြင့် ၄င်းတို့ ၏ကေဒါများ မှတဆင့် တိုက်ပွဲဖေါ်ခဲ့ခြင်းဖြစ်သည်။

သို့ ဖြင့်၍ တော်လှန်ရေး ကောင်စီခေတ်- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နဝတ၊ နအဖခေတ် တလျှောက် ပေါ်ပေါက်ခဲ့သမျှ လူထုလှုပ်ရှားမှု အတော်များများမှာ အပြင်သဏ္ဌာန်အားဖြင့် ဟုတ်ဟန် မတူသော်လည်း အတွင်းအနှစ်မှာမှု ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်လိုသူ လက်နက်ကိုင် မြေအောက် ကွန်မြူနစ်များနှင့် လက်နက်ကိုင် မြေပေါ် အာဏာရှင် အစိုးရများအကြား ပဋိပက္ခများသာ ဖြစ်ခဲ့လေသည်။

အားကြီးသော ၊အပေါ်စီးရသော မြေပေါ်အာဏာရှင်က အားနည်းသော အောက်စည်းရောက် မြေအောက် အာဏာရှင် ထူထောင်လိုသူကို အပြတ်အသား နှိပ်ကွပ်နိုင်ခဲ့သည်ချည်း ဖြစ်လေသည်။ ထိုလှုပ်ရှားမှုများတွင် ယျေဘုယျအားဖြင့် လင်္ကျာသမားများဟု ဆိုသော ဒီမိုကရက်များ ပါဝင်လှုပ်ရှားမှုများလည်း ရံဖန်ရံခါရှိ ခဲ့သော်လည်း အလွှမ်းအမိုးမဖြစ်ခဲ့ပါ၊ မြေအောက် လှုပ်ရှားမှုတွင် အသားကျနေသော လက်ဝဲများသာ တွင်ကျယ်ခဲ့လေသည်။

အထက်ပါ မြန်မာသမိုင်း ဖြစ်စဉ် နောက်ခံများအရ ၁၉၆၂ ဈေးကွက်စီးပွားရေးနှင့် ပါတီစုံ ပါလီမန်ဒီမိုကရေစီ စနစ်တို့ ဖျက်သိမ်းခံရချိန်မှ ၁၉၈၈ လူထုအလုံးစုံအုံကြွ ပေါက်ကွဲပါဝင်ဆင်နွဲခဲ့ရာ ရှစ်လေးလုံးအရေး တော်ပုံကြီးအထိ ၂၆နှစ်အတွင်း အမိန့်ပေး စီးပွားရေးသာ ဆိုရှယ်လစ် မျက်နှာဖုံးစွပ် တွင်ကျယ်နေခဲ့သဖြင့် လူလတ်တန်းစား ပျောက်လုနီးပါးဖြစ်ပြီး ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစု အကြီးကျယ် ဖိနှိပ်ခံရမှုကြောင့် ဒီမိုကရေစီ အမြင်၊ အလေ့အကျင့်များ မရှိသလောက် ခေါင်းပါးကွင်းဆက်ပြတ်ခဲ့ရ၏၊ သို့နှင့် ၈၈၈၈ အရေးတော်ပုံကြီး တိုင်ခဲ့လေသည်။

နိုင်ငံရေးနှင့် အစိုးရ
အစိုးရဝါဒဖြန့်ခြင်းပိုစတာသည် "တပ်နှင့်ပြည်သူလက်တွဲကူပြည်ထောင်စုဖြိုခွဲသူမှန်သမျှချေမှုန်းကြ။" ရေးဆိုသည်။

အဓိက

ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင်ရှိသည်။ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ခံရသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ကို မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးဆောင်ပုဒ်ဖြင့် ၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဦးစိန်ဝင်းသည် ယင်းအဖွဲ့၏ လက်ရှိဝန်ကြီးချုပ်ဖြစ်သည်။ သို့သော်ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမ၀င်သော အသင်းအဖွဲ့အဖြစ် ကြေညာထားခြင်းခံရသည်။[3]

လက်ရှိနိုင်ငံတော်အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဠ ရာထူးကိုလည်း ရယူထားသူဖြစ်သည်။ သူသည် လုပ်ပိုင်ခွင့်အာဏာများစွာကို ပိုင်ဆိုင်ထားပြီး ဝန်ကြီးများနှင့် ကက်ဘိနက်အဖွဲ့ဝင်များအားပြောင်းရွှေ့ခြင်း၊ နိုင်ငံတကာရေးရာများတွင် အဓိကျသော ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခြင်းများလည်း ပြုလုပ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာအထိ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် အစားထိုးပြောင်းလဲခဲ့သည်။ ၄င်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်မှုရှိသူဟုသိရှိရသည်။ ဝန်ကြီးနေရာအများစုနှင့် ကက်ဘိနက်နေရာ အများစုမှာ တပ်မတော်အရာရှိကြီးများက ရယူထားပြီး ကျမ်းမာရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ စီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေးဝန်ကြီးနေရာများကို အရပ်သားများက ရယူထားရှိသည်။

မြန်မာနိုင်ငံတွင် အဓိကပါတီကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။ ယင်းတို့၏လှုပ်ရှားမှုများကိုမူ အစိုးရမှ တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ အခြားတိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားပြုသော ပါတီငယ်များလည်းရှိသည်။ နိုင်ငံရေး အတိုက်အခံပြုလုပ်ခြင်းကို ခွင့်ပြုခြင်းမရှိသလောက်ဖြစ်ပြီး ပါတီများစွာမှာ တရားမ၀င်အသင်း အဖြစ်ကြေညာထားခြင်ခံရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် တပ်မတော်ကို ကိုယ်စားပြုပြီး လူထုအစည်းအရုံးကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကပံ့ပိုးထားပါသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နှင့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (Amnesty International) အပါအဝင် အချို့အဖွဲ့အစည်းများ၏ အဆိုအ‌ရ စစ်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းများမှာ လွန်စွာဆိုးဝါးကြောင်းသိရှိရသည်။ လွတ်လပ်သည့် တရားစီရင်ခွင့်မရှိသည့်အပြင် စစ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးအတိုက်အခံမှန်သမျှအားလည်း ခွင့်မပြုချေ။ အင်တာနက်အသုံးအပြုမှုမှာလည်း များစွာကန့်သတ်ထားပြီး ပြည်သူများဝင်ရောက်ကြည့်ရှု နိုင်သည့် ဝက်ဘ်စာမျက်နှာများ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံနှင့် ဒီမိုကရေစီအရေး​ ဝက်ဘ်စာမျက်နှာများအား ပြည်သူတို့ ဝင်‌ရောက်ကြည့်ရှုနိုင်မှုကို ကန့်သတ်ချုပ်ချယ်ထားသည်။ အဓမ္မလုပ်အားပေးစေမှု၊ လူကုန်ကူးခြင်းနှင့် ကလေးအလုပ်သမားကိစ္စများမှာ နေ့စဉ်ဖြစ်ပျက်လျက်ရှိပြီး နိုင်ငံရေးဆန်ကျင်မှုမှန်သမျှကို ခွင့်မပြုချေ။[10]

၁၉၈၈ ခုနှစ်တွင် တပ်မတော်သည် စီးပွားရေးချုတ်ခြုံကျမှုနှင့် နိုင်ငံရေးဖိနှိပ်မှုများအား ဆန္ဒပြသည်ကို ရက်စက်ကြမ်း ကြုတ်စွာ နှိမ်နင်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်၊ ရှစ်လေးလုံးအရေး တော်ပုံဟု လူသိများသည့်နေ့တွင် ဆန္ဒပြသူပြည်သူများအား ပစ်ခတ်ခဲ့သည်။ သို့သော် ယင်းဆန္ဒပြမှုများက ၁၉၉ဝ ပြည့်ရွေးကောက်ပွဲများအား လမ်းပွင့်စေခဲ့သည်။ ရလဒ်များကိုမူ စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မဲအားလုံး၏ ၆၀ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်အား နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်‌မြောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် အကြိမ်ပေါင်းများစွာ နေအိမ်တွင် အကျယ်ချုပ်ကျခံခဲ့ရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တောင်းဆိုထားခြင်းပြုခဲ့သော်လည်း ၂၀၀၆ ခုနှစ် မေ ၂၇ ရက်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အိမ်တွင်းအကျယ်ချုပ်ခြင်းကို နောက်တစ်နှစ်ထပ်မံတိုးလိုက်သည်။ ၁၉၇၅ ခုနှစ်နိုင်ငံကာကွယ်ရေးဥပဒေအရ နိုင်ငံတော်၏ တရားဝင်လုပ်ပိုင်ခွင့်ဖြင့် ခွင့်ပြုထားခြင်းကိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရသည် နိုင်ငံတကာ မျက်နှာစာတွင် ဝိုင်းပယ်ခြင်းတိုးမြင့်၍ခံနေရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအ‌ခြေအနေကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်ကုလသမဂ္ဂတွင် အလွတ်သဘောဆွေးနွေးရန်တင်သွင်းခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် လုံးခြုံရေးကောင်စီဝင် ၁၅ နိုင်ငံအနက် ၁၀ နိုင်ငံတို့က မြန်မာပြည်အရေးကို ကောင်စီ၏ တရားဝင်အဂျင်ဒါတွင် လက်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။အာဆီယံသည်လည်း မြန်မာအစိုးရနှင့် ပတ်သက်၍ များစွာစိတ်အနှောင့်ယှက်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိစ္စကို ကိုင်တွယ်ဆုံးဖြတ်ရန် အာဆီယံနိုင်ငံရေး ပါလီမန်တွင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ တရုတ်ကဲ့သို့သော အဓိကနိုင်ငံကြီးက ထောက်ခံအားပေးနေသ၍ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်ပေါ်ရန် အလားအလာနည်းပါးလျက်ရှိသည်။

နိုင်ငံခြားဆက်ဆံရေးနှင့်စစ်ရေးကိစ္စများ

မြန်မာနိုင်ငံ၏ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာလျက်ရှိသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား ကျယ်ပြန့်သော ပိတ်ဆို့ဒဏ်ခတ်မှုများကို ၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီးနှင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲများအပြီးတွင် ကျင့်သုံးခဲ့သည်။အလားတူပင် ဥရောပသမဂ္ဂ (အီးယူ) သည်လည်း ပိတ်ဆို့မှုတွင် လက်နက်ရောင်းချခြင်း ပိတ်ဆို့မှု၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးပိတ်ဆို့မှုနှင့် အတူလူသားချင်းစာနာ ထောင်ထားမှုကူညီပံ့ပိုးမှုမှ လွဲ၍ အခြားကူညီထောက်ပံ့မှုအားလုံးကို ပိတ်ဆို့ထားရှိသည်။ အမေရိကန်နှင့် ဥရောပအစိုးရတို့၏ ပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုနှင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ပံ့ပိုးပေးကြသည့်အဖွဲ့များ၏ တိုက်ရိုက်ဖိအားပေးမှုများကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ဟာကွက် ပျော့ကွက်များ ကြောင့် အနောက်နိုင်ငံ ကုမ္ပဏီအချို့ ကျန်ရှိသေးလျက်ရှိသည်။ သို့သော် အာရှကုမ္ပဏီများကမူ သဘာဝသယံဇာတထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမူအသစ်များပါ ထပ်ပံတိုးချဲ့ကြပြီး ဆက်လက်၍ လုပ်ငန်းများလုပ်ကိုင်ကြရန် သာမန်အားဖြင့် ဆန္ဒရှိကြဆဲဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ်သည် မြန်မာနိုင်ငံအား အားယူမှ ပိတ်ဆို့သည့်ကြားထဲက မြနမာပြည်နှင့် ထိုင်းနိုင်ငံကို သွယ်တန်းထားသော ရတနာဓာတ်ငွေ့ပိုက်လိုင်းကို အောင်မြင်စွာ လည်ပတ်စေနိုင်ခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ယခုအခါတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတရားရုံးများတွင် မြန်မာနိုင်ငံတွင် ရတနာဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်အခါက မြန်မာအရပ်သားများအား အဓမ္မအသုံးချခဲ့သည် ကိုမသိကျိုးကျွန် ပြုလုပ်ခဲ့မှုများ ကြောင့် အမှုရင်ဆိုင်ရလျက်ရှိသည်။ နားလည်တတ်ကျွမ်းသူများက ပိုက်လိုင်းတစ်လျှောက်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများသည် တပ်မတော်မှ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးခဲ့ပြီး တိုတယ်ကုမ္ပဏီနှင့် ယင်း၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အမေရိကန်အကျိုးတူလုပ်ငန်း ဆောင်ရွက်ဘက်ချယက်ဗရွန်ကုမ္ပဏီတို့၌ တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုပါသည်။ ချယ်ဗရွန်မှ မဝယ်ယူမီ ရှေ့က ယူနိုကယ်ကုမ္ပဏီသည်လည်း ဒေါ်လာ သန်းနှင့် ချီ၍လျော်ကြေးပေးခဲ့ရပြီး ဖြစ်သည်။အမေရိကန်ဦးဆောင်သည့် ဒဏ်ခတ်အရေးယူမှုများသည် စစ်ခေါင်းဆောင်များနှင့် အရပ်သားများမည်သူ့အား ထိခိုက်သည် ဆိုသည်ကိုမူအငြင်းပွားနေကြဆဲဖြစ်သည်။

မြန်မာစစ်တပ်ကို တပ်မတော်ဟု သိရှိကြပြီး အင်အား၄၈၈,၀၀၀ ရှိလေသည်‌။ မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ နှင့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များပါဝင်ကြသည်။ မြန်မာနိုင်ငံသည် ၄င်း၏ တပ်သားအရေအတွက်အရကမ္ဘာ့အဆင့် ၁၂ တွင် ရှိသည်။စစ်တပ်သည် တိုင်းပြည်တွင် အထူးပင် အ‌ရှိန်အဝါကြီးမားသည်‌။ တပ်မတော်အရာရှိကြီးများသည် ကက်ဘိနက်နေရာများနှင့် ဝန်ကြီးချုပ်နေရာများကို ရရှိထားကြသည်။ မြန်မာစစ်အသုံးစရိတ်များကို တရားဝင်မသိရှိရသော်လည်း စတော့်ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအဖွဲ့ကြီး၏ နှစ်စဉ်ဇယားတွင် မြနမာနိုင်ငံအား ထိပ်ဆုံး ၁၅ နိုင်ငံတွင် တန်းစီထားလေသည်။

တိုင်းနှင့်ပြည်နယ်များ
မြန်မာပြည်သည် ယခင်ကတိုင်း ၇ ခု နှင့် ပြည်နယ် ၇ ခု ရှိသည်။ ၂၀-၈-၂၀၁၀ နေ့မှ စ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်ထောင်စုနယ်မြေ များ ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဟု ဆိုကာ ထပ်မံတိုးချဲ့ သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တိုင်း ခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။[26] တိုင်းများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။

တိုင်းများ

တိုင်းများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ၂၀-၈-၂၀၁၀ နေ့တွင် တိုင်းဒေသကြီးများအဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်လိုက်သည်။

  • ဧ​ရာဝတီတိုင်းဒေသကြီး
  • ပဲခူးတိုင်းဒေသကြီး
  • မကွေးတိုင်းဒေသကြီး
  • မန္တလေးတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး
  • တနင်္သာရီတိုင်းဒေသကြီး
  • ရန်ကုန်တိုင်းဒေသကြီး

ပြည်နယ်များ

ခရိုင်များ

မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ် ၊ တိုင်းဒေသကြီး ခုနှစ်တိုင်းတွင် ခရိုင်ပေါင်း (၆၇)ခရိုင်ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာပြည်သည် ခရိုင်ပေါင်း (၆၇)ခရိုင် ရှိသည်။

ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယဆင့် အုပ်ချုပ်ရေး ယန္တယားများ ဖြစ်သည်။ ခရိုင်များကို မြို့နယ်များ အဖြစ် ထပ်မံစိတ်ပိုင်း ထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရိုင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

ကချင်ပြည်နယ် ကယားပြည်နယ် ကရင်ပြည်နယ် ချင်းပြည်နယ် မွန်ပြည်နယ် ရခိုင်ပြည်နယ် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ပထဝီအနေအထား
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် စပါးစိုက်ပျိုးရေးအတွက် အထူးအရေးပါသည်။ သည်။

မြန်မာနိုင်ငံသည် အကျယ်ဧရိယာ စတုရန်းကီလိုမီတာ ၆၇၈,၅ဝဝ (စတုရန်းမိုင် ၂၆၁,၂၂၇) ရှိ၍ အရှေ့တောင်အာရှတိုက်တွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်. အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ မြန်မာနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဘင်္ဂင်္လားဒေရှ်နိုင်ငံ၏ စစ်တကောင်းခရိုင်၊ အိန္ဒိယနိုင်ငံ၏ အာသံ၊ နာဂလင်းနှင့် မဏိပူရပြည်နယ်တို့ ဆက်စပ်လျက်ရှိသည်။ မြန်နိုင်ငံ၏ မြောက်ဘက်တွင် တိဗက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ပြည်၏ ယွင်နန်ပြည်နယ် တည်ရှိသည်။ တရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁၃၅၈ မိုင်) ရှည်လျားသည်။ [22]မြန်မာသည် အရှေ့တောင်ဘက်တွင် လောနှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘဂင်္လားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [22]

မြောက်ဘက်တွင် တရုတ်နိုင်ငံ၏ ဟန်တွမ့်ရိုးမတောင်တန်းဖြင့် ထိစပ်လျက်ရှိသည်။ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ထိပ်သည် ၅၈၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[28] မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[29] ဤတောင်တန်းကြီးများက မြစ်ကြီးသုံးသွယ်ဖြစ်သော ဧရာဝတီမြစ်သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ကိုပိုင်းခြားထားသည်။[27] ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်‌) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[29] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီဝှမ်းတလျှောက် နေထိုင်ကြသည်။

မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၄င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျန်း?ပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[27]

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၄င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[30] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ‌ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[30] မိုးနည်းရပ်ဝန်းဒေသတွင် မူအပင်များမှာ ကြဲပြီးလှီကြသည်။

တောင်တွင်းသားရဲတိရစ္ဆာန်များအနက်ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်းတောဝက်သမင်ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီးမျောက်လွှဲကျော်နှင့် မျောက်များမှအစရှူးပျံနှင့် ကြံ့သူတော်များအဆုံးတွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀၀ ကျော်ခန့်တွင် ကြက်တူရွေးရစ်၊ ဥဒေါင်း၊ ကျီးကန်းငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူမိချောင်း၊ တောက်တဲ့၊ ‌မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်းရာနှင့် ချီ၍ တွေ့မြင်ရပြီးလွန်စွာမှ ပေါများကာအရေးအပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။[31]

စီးပွားရေး
နိုင်ငံခြားခရီးသည်များ ဝယ်ယူနိုင်ရန် မန္တလေးရှိ souvenir ဆိုင်အချို့တွင် တင်ထားသည့် ပိုးဖျင်အင်္ကျီများ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာစီးပွားဆုတ်ယုတ်မှု၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့မှုဒဏ် ခံနေရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာခိုင်းနှုန်းသာရှိသည်။[22] မဟာမဲခေါင်မြစ်ဝှမ်း ဒေသခွဲနိုင်ငံများတွင် တိုးတက်မှု အနိမ့်ဆုံးဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပြီးနောက်ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို သာယာဝပြောသည့် ပြည်တော်သာနိုင်ငံတော်အဖြစ် ထူထောင်ရန် အားထုတ်ခဲ့သည်။ ဦးနု အစိုးရသည် နှစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူအပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။[32] လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုကဏ္ဍအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် စီးပွားရေးချုပ်ကိုင်မှုများကို ‌လျှော့ချခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများအား အတင့်အသင့် တိုးချဲ့ခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သောကြောင့် နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့သည်။ [33] သို့သော်လည်း အမြတ်စွန်းများသော ကျောက်မျက်ရတနာ၊ ရေနံနှင့် သစ်လုပ်ငန်းကိုမူ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများမှာ မြန်မာ့သယံဇာတများအားထုတ်လုပ်နိုင်ရန် အစိုးရနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများ ထူထောင်ကာဝင်ရောက်နေရာယူကြသည်။

‌အင်းလေးကန်ရှိ ရေပေါ်​​ဈေး။

မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။[34] ၁၉၉၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီး နောက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့သည်။ သို့သော်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သွားရောက်လည်ပတ်မှုမှာ ဦးရေ ၇၅ဝ,ဝဝဝ ပင် မပြည့်ပါ။ မကြာမီနှစ်များက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအကျိုးအတွက်ငှာ စစ်အစိုးရနှင့်ဆက်နွယ်မှုများကို အားဖြည့်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် အမေရိကန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများကို ချမှတ်လာကြသည်။ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းတို့မှဖြစ်သည်။[35]

ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည်။။[36] ထစ်ချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါက ရေနံကို ဘီအိုစီကုမ္ပဏီမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။ မြန်မာပြည်အနေနှင့် လူအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများကို ပါ ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စာတတ်မြောက်သည့် လူဦးရေမှာလည်း မြင့်မားလှသည်။[36] ထိုအချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်လျှောက်လှမ်းလျက်ရှိခဲ့သည်ဟု အများက ယုံကြည်လက်ခံခဲ့ကြသည်။

ယနေ့မြန်မာနိုင်ငံသည် အ​ခြေခံ အဆောက်အအုံ လုံလောက်မှု မရှိသေးပေ။ ကုန်စည်များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားကြပြီး နယ်စပ်လမ်းကြောင်းမှပင် တရားမဝင်မူးယစ်ဆေးဝါးများအား ပြည်ပသို့ မှောင်ခိုတင်ပို့ကြသည်။ ရထားသံလမ်းများမှာလည်း ဟောင်းနွမ်း၊ ဆွေးမြေ့လျက်ရှိပြီး ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ချိန်မှစ၍ မွန်းမံပြင်တင်မှု မရှိသလောက်ပင် ဖြစ်သည်။ [37] အဝေးပြေးလမ်းမကြီးများမှာလည်း မြို့ကြီးများမှလွဲ၍ သေချာခင်းထားခြင်းမရှိချေ။ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ [37] မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အမ်ဖက်တမင်း စိတ်ကြွဆေးပြား အပါအဝင်မူးယစ်ဆေးဝါးအဓိက မြစ်ဖျားခံရာလည်း ဖြစ်သည်။[38] အခြားစီးပွားရေးလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ယက္ကန်းနှင့် အထည်အလိပ်၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။

အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး နိုင်ငံ၏ စိုက်ပျိုးမြေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ဆန်စပါးသည် စုစုပေါင်းသီးနှံထုတ်လုပ်မှု အလေးချိန်အားဖြင့် ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၆၆ နှင့် ၁၉၉၇ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအရ ခေတ်မီဆန်မျိုးရင်းပေါင်း ၅၂ မျိုးအား ဖြန့်ဖြူးခဲ့သည်။ ဤသို့ဖြင့် ဆန်စပါးထုတ်လုပ်မှုကို ၁၉၈၇ ခုနှစ်တွင် တန်ချိန် ၁၄ သန်းနှင့် ၁၉၉၆ ခုနှစ်တွင် ခေတ်မီမျိုးစပါးများကို နိုင်ငံ၏ ထက်ဝက်ရှိ လယ်ကွင်းများစီသို့ ဖြန့်ကျက်စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွင်းစိုက်ပျိုးမြေ၏ ၉၈ ရာခိုင်နှုန်းထိစိုက်ပျိုးနိုင်ခဲ့သည်။[39] မြန်မာ့စီးပွားရေးကဏ္ဍတွင် ခေတ်မှီနည်းပညာ ကျွမ်းကျင်သူ ပညာတတ်လုပ်သားအင်အားချို့တဲ့ခြင်းမှာ ကြီးထွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်သည်။[40]

လူဦးရေပျံ့နှံ့နေထိုင်မှု
ရန်ကုန်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာချင်းဆိုင်မှ တိုက်ခန်း။ ရန်ကုန်မြို့၏ လူဦးရေအများစုသည် လူနေထူထပ်သည့် တိုက်ခန်းများတွင် နေထိုင်ကြသည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ မှ ၅၅ သန်းခန့်ရှိသည်‌။[41] လက်ရှိလူဦးရေစစ်တမ်းမှာ ခန့်မှန်းခြေမျှသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် မပြီးပြည့်စုံသော စစ်တမ်းပေါ်တွင် အခြေခံထား သောကြောင့် ဖြစ်သည်။[42] ၁၉၃ဝ ခုနှစ်မှစ၍ တိကျခိုင်လုံသော ပြည်လုံး‌ကြွတ်စစ်တမ်း ‌ကောက်ယူခဲ့ခြင်း မရှိချေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်သည်။[43] မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေထူထပ်မှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည် အိန္ဒိယမြန်မာနယ်စပ်၊ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်များတစ်လျှောက်တွင် ဒုက္ခသည်စခန်းများရှိနေပြီး ထောင်ပေါင်းများစွာမှာလည်း မလေးရှားနိုင်ငံတွင် ရှိလေသည်။ လျှော့​လျှော့ပေါ့ပေါ့ တွက်သည်ဆိုဦးတော့ တိုင်းတပါးရောက် မြန်မာဒုက္ခသည်ဦးရေ ၂၉၅,၈ဝဝ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး၊ အများစုမှာ ရိုဟင်ဂျာ၊ ကရင်နှင့် ကရင်နီများဖြစ်ကြလေသည်။[44]

မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများမှာ များစွာကွဲပြားခြားနားကြသည်။ အစိုးရက လူမျိုးပေါင်း ၁၃၅ မျိုးအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့မှာမူ အနည်းဆုံး ၁၀၈ မျိုးရှိနိုင်သည်ဟု ခန့်မှန်းရသည်။ [45] ဗမာလူမျိုးသည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ၁၀ရာခိုင်နှုန်းသည် ရှမ်းလူမျိုးဖြစ်ပြီ၊ ကရင်သည် ၇ ရာခိုင်နှုန်းရှိသည်။[46] ရခိုင်လူမျိုးသည် ၄ ရာခိုင်နှုန်းရှိသည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးမှာ ၃ ရာခိုင်နှုန်းနီးပါးရှိသည်။[47][46] မွန်လူမျိုးများမှာ ၂ ရာခိုင်နှုန်းရှိသည်‌။[46]ကျန်မျိုးနွယ်စုများမှာ ကချင်လူမျိုးချင်းကုလားနှင့် အခြားသော လူနည်းစုအုပ်စုများဖြစ်ကြသည်။[46]

မြန်မာပြည်ရှိ တိုင်းရင်းသားများအနက် လူမျိုးတမျိုးဖြစ်သည့် ပဒေါင်လူမျိုး မိန်းကလေး။

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဘာသာစကားအုပ်စုကြီး လေးမျိုးရှိသည်။[48] ၎င်းတို့မှာ တရုတ်-တိဗက်၊ ဩစတြိုနီးရှန်း၊ တိုင်းကဒိုင်နှင့် အင်ဒို-ဥရောပတို့ဖြစ်ကြသည်‌။[49] တရုတ်-တီဗက်သည် အကျယ်ပျံ့ဆုံးအသုံးပြုသော ဘာသာစကားဖြစ်သည်။ ယင်းတွင် ဗမာကရင်ကချင်ချင်းနှင့် တရုတ်ဘာသာများ ပါဝင်သည်။ တိုင်-ကဒိုင်ဘာသာတွင် အဓိကမှာ ရှမ်းဘာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကပြောဆိုသည့် ဩစတြိုနီးရှန်းစကားမှာ မွန်ဘာသာဖြစ်သည်။ အဓိကကျသော အင်ဒို-ဥရောပဘာသာစကားနှစ်မျိုးမှာ ဗုဒ္ဓဘာသာ စာပေသုံးပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။

ယူနက်စ်စကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၈၉.၉ ရာခိုင်နှုန်းဖြစ်သည်။[50] မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက်ကတည်းက စာတတ်မြောက်နှုန်း မြင့်မားခဲ့သည်။ သို့သော် ကုလသမဂ္ဂဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် စစ်အစိုးရက ၁၉၈၇ ခုနှစ် စာတတ်မြောက်နှုန်းကို ၇၈.၆ ရာခိုင်နှုန်းမှ ၁၈.၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။[51] သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ အလုပ်ဖြစ်ရန် စာတတ်မြောက်နှုန်းကို ၃၀ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။[46]

မြန်မာနိုင်ငံတွင် ထွန်းကားသော ဗုဒ္ဓဘာသာမှာ ဒေသခံတိုင်းရင်းသားယုံကြည်မှုများနှင့် ရောပြွမ်း နေသည့် ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ၈၉ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ယုံကြည်ကြပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်နှင့် တရုတ်လူမျိုးအများစုဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို ၄ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ပြီး အထူးသဖြင့် ကချင်၊ ချင်းနှင့် ကရင်အပြင် သာသနာပြုလုပ်ငန်းများ ထွန်းကားခဲ့သည့် ဒေသအသီးသီးရှိ ဥရောပ-အာရှမျိုးနွယ်စုများဖြစ်သည်။[22]မြန်မာနိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်များအနက် ငါးပုံလေးပုံမှာ ပရိုတက်စတင့်များ (Protestants) ဖြစ်ကြပြီး အဓိကအားဖြင့် မြန်မာနှစ်ခြင်းကွန်ဗင်ရှင်းအသင်းဝင် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြသည်။ ကျန်သူများမှာ ရိုမန်ကက်သလစ်ဘာသာဝင် (Roman Catholics) များဖြစ်ကြသည်။

လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပြီး အများစုမှာ ဆွန်နီများဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့တွင် အိန္ဒိယကုလားတိုင်းရင်းသား၊ အိန္ဒိယ-မြန်မာ၊ ပါရှန်း၊ အာရပ်၊ ပန်းသေးနှင့် ကမန်များ ပါဝင်ကြသည်။ မူဆလင်နှင့် ခရစ်ယာန်တို့သည် လူမှုရေးအရ ဘေးထွက်နေကြပြီးကျယ်ပြန့်စွာခွဲခြားထား ခြင်းခံရသည်။[52][53][54] ဟိန္ဒူ ဘာသာကို ကိုးကွယ်သူ အနည်းငယ်မျှသာ ရှိသည်။

ယဉ်ကျေးမှု

မန္တလေးမြို့၏ မဟာမုနိဇေတိတွင် တွေ့ရသည့် နားသမင်္ဂလာပွဲ။ ထိုမင်္ဂလာပွဲမှာ မြန်မာ့ယဉ်ကျေးမှုတွင် မိန်းမငယ် လူလား​​​​မြောက်ကြောင်း အသိအမှတ်ပြုသည့် အစဉ်အလာ တရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြွပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်‌ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကားအစားအသောက်ဂီတပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည်။ အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒ ဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။[55] ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။[56][57]

ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းတော်ကြီး‌ကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။[58] ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုခြင်းမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်လည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်လည် တောင်းခံယူကြရသည်။ အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။[58] မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည်[59][60] ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။

အရမပူရမြို့၏ မဟာဂန္ဓရုံကျောင်းတွင် ကိုရင်များသည် သပိတ်နှင့် ဆွမ်းခံချသည်။

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသသည်ကိုတွှေ့ရှိရသည်။[61] တိုင်းရင်းသားမျိုးနွယ်စုများအနက်ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်း ကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်လူမျိုးနှင့် ချင်းတိုင်းရင်းသားများတွင်လည်း ကောင်းမြင်တွေ့နိုင်သည်။[62]

ဘာသာစကား

မြန်မာဘာသာစကားသည် မြန်မာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့် လည်းနီးစပ်လေသည်။[63][48] ဗြည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂမ်များ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ​ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗြည်းအက္ခရာများ၊ အသံထွက်ပြသကေင်္တများကိုလည်း အသုံးပြုထားသည်။[64] မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်‌ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။[59] မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။

အစားအစာ

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်

မြန်မာ့အစားအစာတွင် တရုတ်အိန္ဒိယထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။[65] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။[65] ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာ‌ရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။[66][67] မြန်မာ့အမျိုးသား အစားအစာဟုကျယ်ပျံ့စွာ ယူဆထားသည့် မုန့်ဟင်းခါးချက်ရာတွင် ငါးခူဟင်းရည်တွင် ကုလားပဲမှုန့်၊ ဆန်ကြာဆံနှင့် ငံပြာရည်များ ရော၍ ချက်ကြသည်။[68] အပူပိုင်း အသီးအနှံများကို အချိုပွဲအဖြစ် တည်ခင်းသည်။ မြို့ကြီးပြကြီးများတွင် ရှမ်းစာ၊ တရုတ်စာနှင့် ကုလားအစားအစာများကိုပါ စုံလင်စွာ ရရှိနိုင်သည်။

တေးဂီတ

မြန်မာ့တေးဂီတကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တလားနှင့် လေမှုတ်တူရိယာများဖြစ်သည့်နှဲ၊ နှဲကြီး၊ ပလွေ၊ ဝါးလက်ခုပ်နှင့် ကြိုးတတ်တူရိယာများအား ဆိုင်းဝိုင်းခေါ်သံစုံတီးဝိုင်းဖွဲ့၍ တီးခတ်ကြသည်။[60][58] မြန်မာ့ယဉ်ကျေးမှုတွင် လှေပုံသဏ္ဌာန် ကိုယ်ထည်တွင် ပိုးကြိုးသွယ်တန်းထားပြီး လည်တိုင်တွင် မှန်စီရွှေချထားသော စောင်းကောက်မှာ နှစ်ပေါင်းများစွာကတည်းကပင် ရှိခဲ့သည်။[69] ၁၉၅၀ ပြည့်လွန်နှစ်မှစ၍ မြို့ကြီးပြကြီးများတွင် အနောက်တိုင်းတေးဂီတများ စတင်ရေပန်းစားလာသည်။
Comments