မော်စီတုန်း

၁၈၉၃ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ မော်စီတုန်းဘ၀အကျဉ်း ….

မော်စီတုန်းကို ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဟူနန်နယ် ရှောက်ရှန်း တောင်ကြားက ရွာလေးတစ်ရွာ
 ဖြစ်သည့် ရှောက်ရှန်း ရွာကလေး၌ မွေးဖွားသည်။
မော်စီတုန်း နေအိမ်သည် ယနေ့ခေတ် တရုတ်ပြည်၏ ပြတိုက်
တစ်ခုဖြစ်သည်။

မော်၏ အဖေသည် ကျောင်းကောင်းကောင်း မနေခဲ့ရ။ အသက် (၁၆)နှစ် ရောက်သည့်အခါတွင်
သူ့အဖေ (မော် အဖိုး)၏ အကြွေးများကိုဆပ်ရန် တရုတ်ဘုရင် စစ်တပ်ထဲသို့ လိုက်သွားရသည်။

မော်၏ အဖေသည် လမ်းလျှောက်သော ကလေးအရွယ် ကျော်သည်နှင့် သားတွေကို လယ်ထဲဆင်း၍ အလုပ်လုပ်ခိုင်းသည်။ ကောက်ရိတ်ချိန်ကို တွေးပြီး အိပ်မပျော်တတ်သူ ဖြစ်သည်။
 အသုံးအဖြုန်းကြီးလျှင်ပျင်းရိလျှင် အိမ်တွင် ဆူပူကြိမ်းမောင်းတတ်သည်။ မော်စီတုန်းသည်
ချမ်းသာသည့် လယ်သမားတစ်ယောက်၏ သားအဖြစ် ကြီးပြင်းလာရခြင်းမဟုတ်။
ငတ်ပြတ် ချို့တဲ့နေသည့် ဆင်းရဲသား လယ်သမားသားတစ်ယောက်အနေဖြင့် ကြီးပြင်းလာခြင်း ဖြစ်သည်။
 အသက် (၁၆)နှစ်အရွယ်၌ မော်သည် တစ်လကို ကြက်ဥတစ်လုံးသာ စားရသည်။
အသားကို တစ်နှစ်မှ သုံးလေးကြိမ်သာ မြင်ရသည်။

အသက် (၇)နှစ်တွင် မော်သည် နန်အန် မူလတန်းကျောင်းတွင် ကျောင်းတက်ရသည်။
 ကျောင်းဆရာမှာ ရှေးဆရာပုံစံဖြစ်သည်။ ကလေးတွေကိုအရိုက်ကြမ်းသဖြင့် တော်သည်ဟု
 ရွာနီးချုပ်စပ်က ချီးမွမ်းခံရသူ ဖြစ်သည်။ ထိုခေတ်က ကျောင်းအပ်ထားသည့် ကလေးကို ပြင်းပြင်းထန်ထန်
ဆုံးမခြင်းမျိုး မရှိလျှင် ဆရာကောင်းပီသသည်ဟု မထင်ကြ။ ကျောင်းသားက စာအံလျှင် အတန်းထဲမှထွက်၍ ဆရာ့ရှေ့တွင် မတ်တတ်ထ လက်ပိုက်ပြီး စာအံရသည်။ မော်က ထိုသို့စာမအံနိုင်ဟု ညည်းသည်။
 “ကျွန်တော်ထိုင်နေရင်း စာအံရင်လည်း ကြားရသားဘဲ၊ ဘာဖြစ်လို့ ထပြီးစာအံရမှာလဲ”
ဟုဆိုကာ မော်က ထိုင်ရင်း စာအံသည်။ ဆရာက မျက်နှာကြီး နီလာကာစိတ်ဆိုးသည်။
ဤထုံးစံကို တရုတ်ပြည်တွင် ကျင့်သုံးလာသည်မှာ အနှစ်တစ်ထောင်ရှိပြီ။ အနှစ်တစ်ထောင်အတွင်း
 ဤထုံးစံကို အံတုသူဟူ၍တစ်ယောက်မျှ မပေါ်သေး။ ဆရာက (၇)နှစ်သား မော်ကို မတ်တတ်ရပ်
၍ စာအံရမည်ဟု အကျပ်ကိုင်သည်။
ထိုအခါတွင် မော်က သူ့ထိုင်ခုံကိုဆရာ့အနီးသို့ ရွေ့လာပြီး ထိုင်၍စာအံသည်။ ဆရာက မတ်တတ်ရပ်ရ
မည်ဟုဆိုသည်။ မော်သည် မတ်တတ်တော့ ထရပ်ပါသည်။ သို့ရာတွင်စာအံရန် ရပ်ခြင်းမဟုတ်။
 ကျောင်းခန်းထဲမှ ထွက်သွားရန် ရပ်ခြင်းသာဖြစ်သည်။ မော်သည် တောင်ရိုးပေါ်သို့ တက်ကာ သုံးရက်လောက်
ပျောက်နေသည်။ မော်ကို ပြန်တွေ့သည့်အခါတွင် မိဘတွေ ၀မ်းသာမဆုံးဖြစ်ကြသည်။ ထိုကတည်းက
မ်ာသည် ကျောင်းတွင် အရိုက်မခံရတော့။ “ကျုပ် ကန့်ကွက်ချက် အောင်တော့ ကျုပ်သိပ်ဝမ်းသာ
တာဘဲ၊ အောင်မြင်တဲ့ သပိတ်လို့ ဆိုရမှာပေါ့” ဟု မော်က ပြောသည်။

မော်အမေသည် အဖေထက်အသက်ကြီးသည်။ မော့်အမေသည်၁၉၁၈ခုနှစ်၊ အောက်တိုဘာလထဲတွင်
 ချောင်းဆိုးသွေးပါ ရောဂါဖြင့်ဆုံးခဲ့သည်။

မော်က သူ့သဘောတူညီချက်မပါဘဲ အိမ်ထောင်မပြုချင်။ သို့ရာတွင်အဖေက အတင်းစီစဉ်ကာ
၁၉၀၈ ခုနှစ်တွင် သူ့ကို အိမ်ထောင်ပြုလိုက်သည်။ မော်က ထိုမိန်းကလေးကို လက်မခံ။
အကြင်လင်မယားအဖြစ်နေထိုင်ခြင်းမပြု။ မိန်းကလေးဘက်မှ ကြည့်လျှင် ဤကိစ္စသည် ရှက်စရာ
ဖြစ်သည်။ ယောက်ျားလေးက မယူဟု အငြင်းခံရသဖြင့် မိန်းကလေးနာမည်ပျက်ရသည်။
ထို့ကြောင့် ယနေ့အထိ ထိုမိန်းကလေးသည်မည်သူမည်ဝါဖြစ်ကြောင်း ရှောက်ရှန်းကလူများက ထုတ်မပြောကြ။

သူက စာဖတ်တတ် ရေးတတ်သည်။ စစ်သားအများစုက သေစာရှင်စာကိုမျှ ရေးတတ်သည် မဟုတ်။
သူ့ကို သူ့အပေါင်းအဖော်များက လေးစားကြသည်။ သူတို့အတွက် စာရေးပေးသည်။ သတင်းစာဖတ်ပြသည်။
(မော်သည် တစ်လကို ၇ ဒေါ်လာရသည့်အနက် အစားအသောက်အတွက်
၂ ဒေါ်လာသာကုန်၍ ကျန်ငွေကိုမူ သတင်းစာဝယ်သည်။) မော်သည်
စစ်သားတွေကြားထဲ ရောက်သည့်အခါတွင် “လူတန်းစား” ခြားနားမှု၏ သဘောကို ပို၍ မြင်လာသည်။

သူ ဆယ်နှစ်မပြည့်မှီ တရုတ် ဂန္တ၀င်များကို ဖတ်ဘူးပြီ။ ၁၃ နှစ်သားတွင် လက်နက်ကိုင် ပုန်ကန်မှုကြီးနှစ်ခုနှင့်
 အုံကြွမှုကြီး တစ်ခုကိုတွေ့ခဲ့ဘူးပြီ။ ၁၆ နှစ်သားတွင် ကျောင်းပြန်သွားရပြီး ၁၇ နှစ်သား
တွင် ငါးလလောက် စစ်သား လုပ်ခဲ့ဘူးသည်။ (၁၉၁၁ ခုနှစ်၊ အောက်
တိုဘာလမှ ၁၉၁၂ ခုနှစ်၊ ဖေဖ်ါဝါရီလ အထိ)

မော်သည် ၁၉၁၁ ခုနှစ် တော်လှန်ရေးထဲတွင် ပါဝင်ရင်း “ဆီယန်မြစ်နေ့စဉ်သတင်းစာ” ဆိုသည့်
သတင်းစာ တစ်စောင်တွင် “ဆိုရှယ်လစ်”ဆိုသည့် စကားလုံးကို ပထမဆုံးသွားတွေ့သည်။

မော်စီတုန်းသည် ချန်ရှား နော်မန် ဆရာဖြစ်သင်တန်းတွင် ငါးနှစ်ကြာသည်။
၁၉၁၃ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိဖြစ်သည်။ ထိုငါးနှစ်အတွင်း
မော်၏ နိုင်ငံရေး အယူအဆသည် ပီပြင်၍လာသည်။ မော်သည်
ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။

၁၉၁၇ ခုနှစ်၌ စစ်ဘုရင် ဆန့်ကျင်သည့် ကျောင်းသားကာကွယ်ရေးတပ်များ ဖွဲ့သောအခါတွင် မော်သည်
ဆရာဖြစ်သင်ကျောင်း တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက်မကြာမှီ စစ်ဘုရင်ဖူလျှံဆို
၏ တပ်များက ဆရာဖြစ်သင်ကျောင်း အဆောင်များကို သိမ်းလိုက်သည်။
 မော်သည် အနီးရှိ ပုလိပ်ဋ္ဌာနတစ်ခုသို့သွားကာ ပုလိပ်များနှင့် စကားပြောသည်။
ရင်းနှီးအောင်လုပ်သည်။ ၎င်းတို့၏ အကူအညီဖြင့် ပုလိပ်ဋ္ဌာနမှ ရိုင်ဖယ်အစစ်များနှင့် အတုများကို ဌားခဲ့သည်။
ညအချိန်၌ မော်နှင့် သူ့ရဲဘော် ကျောင်းသားများသည် ကျောင်းခန်းများပေါ်သို့တက်နေသည့် စစ်တပ်များကို ညာသံပေး၍ ၀ိုင်းသည်။လက်နက်အချခိုင်းသည်။ စစ်ဘုရင်၏ စစ်သားများသည် မြေမကိုင်မိလက်မကိုင်မိဖြစ်ကာ လက်နက်ချအညံ့ခံကြသည်။ ဤသို့ဖြင့် ကျောင်းသား ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်များရလိုက်ကြသည်။
ဤသည်မှာ မော်၏ ပထမဆုံးသော လျှပ်တပြက်ပြောက်ကျားတိုက်ပွဲအတွေ့အကြုံဖြစ်သည်။ ထိုကတည်းက မော်သည် စစ်သိပ္ပံပညာကိုလေ့လာခဲ့သည်။

၁၉၁၇ ခုနှစ် နွေရာသီတွင် မော်စီတုန်းသည် ဟိုရှုဟင်း (၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တစ်ဦးဖြစ်၍
၁၉၃၅ ခုနှစ်တွင် ချန်ကေရှိတ်၏ အသတ်ခံရသည်။) နှင့်အတူ ပြည်သူ့ဘ၀ လေ့လာရေးသစ်အဖွဲ့ကို
တည်ထောင်သည်။

၁၉၁၈ ခုနှစ်အလွန်တွင် လီတာချို (Li Dazhao) ခေါင်းဆောင်ဖွဲ့စည်းသည့် မတ်ဝါဒ (Marxism)
 လေ့လာရေး အဖွဲ့ထဲသို့ ၀င်သည်။မော်သည် ပါမောက္ခ ယန်ချန်ချိ၏သမီး ယန်ခိုင်ဟွီးနှင့် ကြိုက်ကြသည်။

၁၉၁၉ ခုနှစ် ဧပြီလ၌ မော်စီတုန်းသည် ရှန်ဟဲဆိပ်ကမ်းတွင် ပြင်သစ်ပြည်သွား သူ့မိတ်ဆွေများကို သွားရောက် နှုတ်ဆက်ခဲ့ပြီးနောက် ချန်ရှားသို့ ပြန်လာခဲ့ကာ နိုင်ငံရေးကို ဇောက်ချလုပ်သည်။
န်ာမန်ကျောင်းနှင့်တွဲထားသည့် မူလတန်းကျောင်းတွင် ဆရာလုပ်ရသည်။ လခကနည်း
သည်။ ကျောင်းသားဘ၀မှ ကျောင်းဆရာဘ၀ ရောက်သည့်အထိစာအုပ်ဖိုး၊ သတင်းစာဖိုးများကြောင့် အစားအသောက်ချွေတာရသည်။
တနေ့လျှင် ထမင်းတစ်နပ်နှင့် ပဲပြားကိုသာ စားသည်။
၁၉၁၉ ခုနှစ်တွင် ဟူနန်ပြည်နယ် ပထမဆုံးသော မတ်ဝါဒအစုကို
ချန်ရှားတွင် တည်ထောင်သည်။

၁၉၂၀ ခုနှစ် မေလထဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အမြုတေတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းနှင့်အတူ ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့သည်။

၁၉၂၀ ခုနှစ် ဧပြီလတွင် ဆိုဗီယက်ယူနီယန် ကွန်မြူနစ် ပါတီဝင်
သုံးဦး ပီကင်းသို့ ရောက်လာကာ လီတာချိုနှင့် ဆွေးနွေးကြသည်။
၎င်းတို့မှာ ဗွိုင်တင်စကီး၊ ယန်မင်ချေးနှင့် စနီလီယက်(မာလင်း)
တို့ဖြစ်ကြသည်။ သူတို့ သုံးယောက်စလုံး ကွန်မြူနစ် အင်တာနေ
ရှင်နယ် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ပီကင်းမှတဖန် ရှန်ဟဲသို့ သွား
ကာ ချန်တူရှူး စသူတို့နှင့် ဆွေးနွေးကြပြန်သည်။ ထိုနှစ်မေလတွင်
ချန်တူရှူးက ကွန်မြူနစ်ပါတီ အမြုတေကို စဖွဲ့ခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၃)


၁၉၂၀ ခုနှစ် ဆောင်းရာသီတွင် မော်သည် ယန်ခိုင်ဟွီးနှင့် လက်ထက်
လိုက်သည်။ ယန်ခိုင်ဟွီးသည် ၁၉၂၂ ခုနှစ်တင် ကွန်မြူနစ်ပါတီဝင်
တစ်ဦးဖြစ်လာကာ လူငယ်လှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်
လာသည်။ ၁၉၃၀ ခုနှစ်တွင် ချန်ကေရှိတ်၏ အဖမ်းကို ခံခဲ့ရသည်။
လင်ယောက်ျားနှင့် ယုံကြည်ချက်ကို စွန့်လွှတ်ရန် ငြင်းဆန်သဖြင့်
ညှင်းပန်းသတ်ဖြတ်ခြင်း ခံသွားရသည်။ သားနှစ်ယောက် မွေးသည်။
အကြီး မော်အန်ယန်းသည် ၁၉၂၉ ခုနှစ်တွင် မွေးပြီး ၁၉၅၀ ခုနှစ်
ကိုရီးယားစစ်ပွဲတွင် အပျော်တမ်း တပ်သားတစ်ဦးအဖြစ် ကျဆုံးသွား
ခဲ့သည်။ အငယ် မော်အန်ချင်းမှာ ဘုံအဖွဲ့တစ်ခုတွင် စာရင်းကိုင်း
လုပ်နေသည်။ မော်က သူ့ဆွေမျိုးသားချင်းများကို ချီးမြှောက်လေ့
မရှိ။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၄)

၁၉၂၀ ခုနှစ်တွင် မော်သည် ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ ဟူနန်
ပြည်နယ်ဌာနကို ဖွဲ့စည်းသည်။ ၁၉၂၂ ခုနှစ်တွင် အဖွဲ့ဝင်ပေါင်း
၂၀၀၀ ရှိ၍ တရုတ်ပြည်တွင် အကြီးဆုံး လူငယ်စု တစ်ခု ဖြစ်
လာသည်။ ထိုအစုထဲတွင် ထိုစဉ်က ချန်ရှား ဆရာဖြစ်သင်ကျောင်း
တက်နေသည့် လျူရှောက်ချီလည်း ပါသည်။ နောင်တွင် လျူရှောက်
ချီသည် မော်၏ အစီအစဉ်ဖြင့် ရုရှားပြည်သို့ သွားရောက်လေ့လာ
သည့် ကျောင်းသားအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၂၀ ခုနှစ်
ဆောင်းရာသီတွင် လျူရှောက်ချီသည် ဗလာဒီဗော့စတော့သို့
ထွက်ခွာသွားသည်။ ၁၉၂၁ ခုနှစ်တွင် မော်စကိုသို့ ရောက်သည့်
အခါ၌ မော်စကိုတွင်ရှိသည့် ရုရှားပြည်က တရုတ်ပါတီအစုနှင့်
ဆက်သွယ်မိသည်။

မော်သည် ချန်ရှားတွင် “ယဉ်ကျေးမှု စာအုပ်ဆိုင်” အမည်ဖြင့်
စာအုပ်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်သည်။


(ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)
Comments