မင်းမော်ကွန်း(မင်းသား)

မင်းမော်ကွန်း
အမည်ရင်း ကျော်ကျော်ဌေးလွင်
မွေးသက္ကရာဇ် ၂၇.၂.၁၉၇၉
မိဘအမည် ဦးဇင်ဝိုင်း +ဒေါ်ခင်နွယ်နွယ်ထွန်း
မွေးဖွားရာ ဒေသ
နိုင်ငံ မြန်မာ
ပညာအရည်အချင်း ကွန်ပျူတာ နောက်ဆုံးနှစ်


အလုပ်အကိုင် သရုပ်ဆောင် ၊ အဆိုတော်
ထင်ရှားကျော်ကြားမှု နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်
Website MinMawKunn.COM

ကိုယ်ရေးအကျဉ်းချုပ်

မင်းမော်ကွန်းသည် ၁၉၇၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် နာမည်ကျော် သရုပ်ဆောင် ဇင်ဝိုင်းနှင့် ဒေါ်ခင်နွယ်နွယ်ထွန်းတို့မှ မွေးဖွားဖြစ်သည်။ သရုပ်ဆောင်အပြင် တေးသီချင်းလည်း သီဆိုသော အဆိုတော်တစ်ယောက် ဖြစ်သည်။ အရပ် ၅ပေ၆လက်မ ဖြစ်သည်။ အိမ်ထောင်ရှိသည်။ သားတစ်ယောက် မွေးသည်။ အ.ထ.က(၁) ဒဂုံမြို့  နယ် ၏ ကျောင်းသားဟောင်းဖြစ်သည်။

၁၉၉၆-ခုနှစ်တွင် အရိပ် ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်လာသည်။

အဆိုတော် အဖြစ်နှင့်လည်း မြေပဲယိုအဖွဲ့နှင့် ဂီတဘက်တွင် မှတ်တိုင်ထူနိုင်ခဲ့သည်။

၂၀၀၁-ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုကို (နှလုံးလှလူမိုက်)ဇာတ်ကားဖြင့် ရရှိခဲ့သည်။ 

လိပ်စာ

အမှတ်(၁၁၀၈)၊ တိုက်အမှတ်(ဘီ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရန်ကုန်မြို့။

Comments