မုန်တိုင်း

ဆိုင်ကလုံး (Cyclone)မုန်တိုင်း

မုန်တိုင်းဆိုသည်မှာ ပြင်းထန်သော လေတိုက်ခတ်၍ ရာသီဥတုဆိုးရွားခြင်းကို ခေါ်သည်။ မုန်တိုင်းသည် သဲကန္တာရဒေသတွင် ဖြစ်ပွားပါက ၄င်းကို သဲမုန်တိုင်းဟုခေါ်ပြီး၊ နှင်းထူသောဒေသတွင် ဖြစ်ပွားပါက နှင်းမုန်တိုင်းဟုခေါ်သည်။

  • မုန်တိုင်းများကို တနာရီ မိုင် ၃၀-အထက် လေတိုက်နှုန်းရှိလျှင် မုန်တိုင်းငယ်၊
  • တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀-ကျော်ပါက ဆိုင်ကလုံးမုန်တိုင်းငယ်၊
  • မိုင် ၆၀-ကျော်ပါက ဆိုင်ကလုံး မုန်တိုင်းကြီး-ဟု သတ်မှတ်ပါသည်။
  • တစ်နာရီ မိုင် ၃၀-အောက်ကိုမူ မုန်တိုင်းဟု မခေါ်ဘဲ လေပွေလှိုင်းဟုသာ သတ်မှတ်ပါသည်။

မုန်တိုင်းများကို နေရာဒေသလိုက်ပြီး

  • ဆိုင်ကလုံး (Cyclone)၊
  • ဟာရီကိန်း(Hurricane)နှင့်
  • တိုင်ဖုန်း(Typhoon)ဟူ၍ နာမည်များ ခွဲခြားခေါ်ဆိုထားပါသည်။

မုန်တိုင်းများ ဖြစ်ပေါ်လာပုံ

မုန်တိုင်းများ ဖြစ်ပေါ်လာပုံသည် ကမ္ဘာကြီးပူနွေးမှု၊ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်မှုတို့နှင့် ဆက်စပ်နေပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ကား၊ ဆိုင်ကယ် စသည့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်နေသည့် ပစ္စည်းများမှာလည်း တိုးပွားလျက်ရှိပါသည်။ ထို့အပြင် အိမ်တိုင်း အိမ်တိုင်းတွင် အိုဇုန်းလွှာကို ဖျက်ဆီးစေတတ်သည့် ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးနေသည့် ရေမွှေးဘူး၊ ခြင်ဆေးဘူး၊ ရေခဲသေတ္တာများလည်း တိုးပွားလျက်ရှိနေပါသည်။

အဆိုပါ ပစ္စည်းများမှ ထုတ်လွှတ်ပေးနေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ စီအက်ဖ်စီခေါ် ဓာတ်ငွေ့များသည် အိုဇုန်းလွှာကို ပါးလွှာပေါက်သွားအောင် စွမ်းဆောင်နိုင်ပါသည်။ အိုဇုန်းလွှာ ပေါက်သွားခြင်း၏ အကျိုးဆက်ကြောင့် နေမှလာသော အပူချိန် မြင့်မားသည့် ခရမ်းလွန်ရောင်ခြည်များသည် ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်ကျရောက်လာပါသည်။

ထိုခရမ်းလွန်ရောင်ခြည်တို့၏ အကျိုးဆက်ကြောင့် ကမ္ဘမြေကြီး၏ အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပါသည်။ ဤသို့ဖြစ်ပေါ်လာခြင်းကို ကမ္ဘာကြီးပူနွေးလာခြင်းဟု ခေါ်ပါသည်။ ကမ္ဘာကြီး ပူနွေးလာရခြင်း၏ အကြောင်းရင်းများတွင် လူတို့ ခုတ်လှဲမှုကြောင့် သစ်တောကြီးများ ပြုန်းတီးလာခြင်းသည်လည်း အရေးပါသော အချက်တချက် ဖြစ်ပါသည်။ သစ်ပင်မရှိသောအခါ အရိပ်မရှိတော့သည့်အပြင် သစ်ပင်များမှ ထိန်းသိမ်းပေးထားသည့် မြေအောက်ရေများပါ ခမ်းခြောက်သွားကာ ပိုမိုပူပြင်းလာရပါသည်။

လေထု၏ သဘာဝမှာ ပူလျှင် ပေါ့ပါးလာပြီး အထက်သို့ ပျံတက်တတ်သော သဘောရှိပါသည်။ ထိုအခါ အပူရှိန် မြင့်မားသော ဒေသမှ လေများမှာ အထက်သို့ တက်သွားသဖြင့် ထိုနေရာတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာပါသည်။ ၄င်းကို မိုးလေ၀သမြေပုံပေါ်တွင် "ပေါ့" ဟု ရေးသားဖော်ပြပါသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသို့ ဘေးဘက်မှ လေများသည် တိုးဝင်တိုက်ခတ်လာပါသည်။ လေဖိအားနည်းလေလေ တိုးဝင်လာသော လေပမာဏ များပြားပြင်းထန်လေလေပင် ဖြစ်ပါသည်။ တိုးဝင်လာသော လေပမာဏပြင်းထန်လာပါက မုန်တိုင်း စတင် ဖြစ်ပေါ်လာပါသည်။

မုန်တိုင်းအရှိန်ရလာသည်နှင့်အမျှ လေအေးတို့ မုန်တိုင်းအတွင်း တိုးဝင်မှုအရှိန်ကြောင့် လေပူများသည် ၀က်အူရစ်သဖွယ် ရစ်ခွေပြီး အထက်သို့ တက်လာကာ လေပူစီးကြောင်းများ ဖြစ်ပေါ်လာပါသည်။ ထိုလေပူစီးကြောင်းကြီး၏ အရှိန်ကြောင့် မုန်တိုင်းမှာ ပိုမိုအားကောင်းလာပါသည်။

ထိုသို့ မုန်တိုင်းကြီးများ ၀က်အူကဲ့သို့ လည်ပတ်တိုက်ခတ်ရာတွင် အီကွေတာ မြောက်ဘက်ခြမ်းရှိ မုန်တိုင်းများသည် နာရီလက်တံ ပြောင်းပြန်လည်ပတ်ပြီး အီကွေတာတောင်ဘက်ခြမ်းရှိ မုန်တိုင်းများမှာမူ နာရီလက်တံအတိုင်း လည်ပတ်နေသည်ကို တွေ့မြင်နိုင်ပါသည်။

ဤသို့ဖြစ်ရခြင်းမှာ အီကွေတာပေါ်ရှိ အမှတ်တခုသည် အနောက်မှ အရှေ့သို့ တနာရီ မိုင်တထောင်နှုန်းဖြင့် ရွေ့လျားလည်ပတ်နေသောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အီကွေတာမြောက်ပိုင်းတွင် ရှိသည့်အတွက် ရေပိုက်မှကျသော ရေသည်ပင် နာဂစ်မုန်တိုင်းကဲ့သို့ နာရီလက်တံပြောင်းပြန် လည်နေသည်ကို သတိထားကြည့်လျှင် တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း မတိုက်ခတ်ခင် ဧပြီလက မြန်မာပြည်အလယ်ပိုင်းတွင်း အပူချိန်များ မြင့်တက်လာနေခဲ့ပါသည်။ ထို့အတွက် ကုန်းတွင်းပိုင်းတွင် လေဖိအားလျော့နည်းပြီး နာဂစ်မုန်တိုင်းကြီး ကုန်းတွင်းသို့ တိုးဝင်လာရခြင်း ဖြစ်ပါသည်။

ဟာရီကိန်း(Hurricane)မုန်တိုင်း

လေမုန်တိုင်းများ

ဆိုင်ကလုံး (Cyclone)

ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် တွေ့ရသော လေမုန်တိုင်းများကို ဆိုင်ကလုံး (Cyclone) ဟုခေါ်ဆိုကြပါသည်။ အဓိပ္ပါယ်မှာ ခွေနေသော မြွေ-ဟူ၍ ဖြစ်ပါသည်။ လွန်ခဲ့သော အနှစ် ၁၅၀-ခန့်က အိန္ဒိယပြည်တွင် ဟင်နရီ ပစ်ဒစ်တန်-ဆိုသူက စတင်သုံးစွဲခဲ့ပါသည်။

ဟာရီကိန်း (Hurricane)

အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းသည် အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်း (Date Line) ၏ အရှေ့ဘက်ဖြစ်သော မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့မြောက် ပစိဖိတ်သမုဒ္ဒရာတို့တွင် ကျရောက်ပါက ဟာရီကိန်း (Hurricane) ဟု ခေါ်ဆိုပါသည်။ ကာရေဒီယန် ပင်လယ်နတ်ဆိုးဟု အဓိပ္ပါယ်ရပါသည်။

တိုင်ဖုန်း(Typhoon)မုန်တိုင်း

တိုင်ဖုန်း (Typhoon)

အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းသည် အပြည်ပြည်ဆိုင်ရာ ရက်စွဲမျဉ်း (Date Line) ၏ အနောက်ဘက် ဖြစ်သော ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပွားပါက ၄င်းကို တိုင်ဖုန်း (Typhoon) မုန်တိုင်းဟု ခေါ်ဆိုပါသည်။ အဓိပ္ပါယ်မှာ ခေါင်းတရာရှိသော သတ္တ၀ါကြီးဟူ၍ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အနီးတွင် တည်ရှိရကား ဆိုင်ကလုံးမုန်တိုင်းသာ ဖြစ်ပေါ်လေ့ရှိပါသည်။ မြန်မာနိုင်ငံ၏မုန်တိုင်းသည် မည်မျှပင် ပြင်းထန်နေပါစေ ဟာရီကိန်းနှင့် တိုင်ဖုန်းဟုခေါ်ဆို၍ မရပါ။

လေမုန်တိုင်း အမည်များ

မုန်တိုင်းများအား ရှေးဦးပထမ အမည်မှည့်သူများမှာ သြစတေးရီးယားလူမျိုး ရာသီဥတုခန့်မှန်းသူများ ဖြစ်ပါသည်။ ၄င်းတို့သည် သူတို့မကြိုက်သော နိုင်ငံရေးခေါင်းဆောင်များ အထူးသဖြင့် မိုးလေ၀သ ခန့်မှန်းလေ့လာရေးဆိုင်ရာ ဘတ်ဂျက်ကို ဖြတ်တောက်သော နိုင်ငံရေး ခေါင်းဆောင်များ အမည်ကို မုန်တိုင်းကြီးများတွင် အမည်မှည့်ခေါ်လေ့ရှိပါသည်။ ၄င်းအမည်ပေးစနစ်ကို ၂၀-ရာစုစောစောပိုင်းက စတင်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ အမေရိကန်လေတပ်မှ အရာရှိများ၊ ရေတပ် ရာသီဥတုခန့်မှန်းရေး အရာရှိများက သူတို့၏ ဇနီးများနှင့် ချစ်သူများအမည်ကို မှည့်ခေါ်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် လူယောက်ျား၊ မိန်းမတို့၏ အမည်များကိုပါ မှည့်ခေါ်လာပြီး ABCD အစဉ်အတိုင်း တန်းစီမှည့်ခေါ်လာကြပါသည်။ ထို့ကြောင့် M အက္ခရာဖြင့်စသော မာလာမုန်တိုင်း၊ ပြီးနောက် N အက္ခရာဖြင့်စသော နာဂစ်မုန်တိုင်း ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ မုန်တိုင်းအမည်များကို သက်ဆိုင်ရာ မိုးလေ၀သဌာနများက ကြိုတင်ရွေးချယ်ထားလေ့ရှိပါသည်။

နာဂစ်ဟူသော အမည်မှာ အူရဒူဘာသာစကား ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Daffodil ဟုခေါ်ဆိုသော ပန်းရိုင်းလေးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ သိပ္ပံအမည်ဖြင့်မူ Narcissus ဟုခေါ်ဆိုကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

မုန်တိုင်းဖြစ်ပေါ်တတ်သည့်ကာလ

မြန်မာနိုင်ငံတွင်မုန်တိုင်းရာသီနှစ်ချိန်ရှိရာမိုးကြိုကာလဖြစ်သည့်ဧပြီလလယ်မှမေလလယ်အထိနှင့်မိုးလွန်ကာလဖြစ်သည့်အောက်တိုဘာလ

နှင့်နိုဝင်ဘာလများ၌ဖြစ်ပေါ်တတ်သည်။မုန်တိုင်းဖြစ်ပေါ်မှုသည်ဘင်္ဂလားပင်လယ်အော်အတွင်းစတင်ဖြစ်ပေါ်လေ့ရှိပြီးမုန်တိုင်းများသည်

ကနဦးတွင်အနောက်(သို့)အနောက်မြောက်ဘက်သို့ဦးတည်ရွေ့လျားပါသည်။တစ်ခါတစ်ရံတွင်မြောက်(သို့)အရှေ့မြောက်အရပ်ဆီသို့

ပြောင်းလဲရွေ့လျားတတ်ပြီးထို့ရွေ့လျားမှုသည်မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဝင်ရောက်မှုကိုဖြစ်ပေါ်စေတတ်ပါသည်။ ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းအကြွင်း အကျန် များသည် အနောက်အရပ်သို့ရွေ့လျားရာမှ ကပ္ပလီ

ပင်လယ်ပြင်သို့ရောက်ရှိလာပြီး မုန်တိုင်း အဖြစ်ပြန်လည်အားပျိုးလာတတ်ပါသည်။

မုန်တိုင်းဒီရေ

မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ်လေပြင်းနှင့်အတူပင်လယ်ဒီလှိုင်းကြီးများရုတ်တရက်ကုန်းတွင်းသို့အရှိန်အဟုန်ဖြင့်ဝင်ရောက်ပြီးနောက်

ပင်လယ်ဒီလှိုင်းကြီးများသည်ပင်လယ်ထဲသို့ပြန်လည်စီးဆင်းရာတွင်သက်ရှိနှင့်အဆောက်အဦ၊ပစ္စည်းများကိုပင်လယ်ထဲသို့ဆွဲယူသွားလေ့ရှိသည်။

မုန်တိုင်းဒီရေသည်ရေထရက်တွင်ပိုမိုမြင့်မားနိုင်ပြီးကမ်းရိုးတန်းမြစ်ဝများမှတဆင့်ကုန်းတွင်းပိုင်အထိဝင်ရောက်နိုင်သည်။

မုန်တိုင်းကမ်းခြေသို့မဝင်ရောက်မီနာရီအနည်းငယ်အလိုတွင်မုန်တိုင်း၏လက်ယာဘက်၊အောက်ဘက်တွင်ဖြစ်ပေါ်တတ်သည်။

မုန်တိုင်းရာသီမကျရောက်မီ

၁။မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊

၂။မိမိနှင့်အနီးဆုံးတည်ရှိသောမုန်တိုင်းခိုအဆောက်အဦကိုကြိုတင်သတ်မှတ်ထားရှိရန်နှင့်ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်

အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကိုကြိုတင်ရှာဖွေထားရန်၊

၃။ကောလဟာလသတင်းများကိုနားမထောင်မိရန်၊

၎။အရေးကြီးပစ္စည်းများပါဝင်သည့်အရေးပေါ်လက်စွဲအသုံးအဆောင်အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊

၅။မိမိအိမ်အားသေချာစွာစစ်ဆေး၍ခိုင်ခန့်မှုမရှိသည်များကိုခိုင်ခံ့အောင်အားဖြည့်ပြုပြင်ထားရန်၊

၆။အိမ်၊ခြံဝင်းအတွင်းကျိုးပဲ့နိုင်သည့် အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်း ထားရန်၊

၇။မိမိအရပ်ဒေသသည်မုန်တိုင်းဒီရေလှိုင်းဒဏ်ကျရောက်နိုင်သည့်ဒေသဖြစ်လျှင်ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်

ပုန်းခိုရန်နေရာအား ကြိုတင် ရှာဖွေသတ်မှတ် ထားရန်၊

၈။အရေးပေါ်ဆက်သွယ်ရမည့်ကယ်ဆယ်ရေးအဖွဲ့၊အရေးပေါ်အဖွဲ့၊သတင်းအချက် အလက်ရရှိနိုင်မည့်အဖွဲ့များ၏ ဖုန်းနံပတ်၊ နေရပ်လိပ်စာ တို့ကိုအလွယ်တကူထားရှိရန်၊

၉။အစာအခြောက်များ၊အရေးပေါ်ဆေးဝါးများ၊သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကိုစုဆောင်းထားရန်၊

၁၀။အရေးပေါ်ရှာဖွေခြင်း၊ကယ်ဆယ်ခြင်းလုပ်ငန်းများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်၊

မုန်တိုင်းတိုက်ခတ်လာသောအခါ

၁။လျှပ်စစ်မီးများ၊ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကိုဆက်သွယ်မှုများဖြတ်တောက်ပစ်ရန်၊

၂။လေပြင်းဒဏ်ကြောင့်မိမိမှီခိုရာအဆောက်အဦပြိုကျနိုင်သည့်အနေအထားရှိပါကခိုင်ခန့်သည့်စားပွဲ၊ကုတင်များ၏အောက်တွင်ခိုလှုံနေထိုင်ရန်၊

ခိုင်ခန့်မြဲမြန်သည့်တိုင်တစ်ခုကိုတွယ်ဖက်ထားရန်၊

၃။ဆိုးဝါးပြင်းထန်သည့်အခြေအနေကိုဖော်ပြထားသည့်မုန်တိုင်းသတိပေးချက်များရရှိလာသောအခါပင်လယ်ပြင်ထွက်၍ငါးဖမ်းခြင်းများမပြုလုပ်ရန်၊

၎။မုန်တိုင်းခိုအဆောက်အဦများသို့အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊

၅။ရေဒီယိုဖြင့်နောက်ဆုံးသတင်းထုတ်ပြန်ချက်များကိုအဆက်မပြတ်ဖမ်းယူနားထောင်ရန်၊

၆။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်းကြေငြာချက်ထုတ်ပြန်သည်အထိအန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊

၇။မုန်တိုင်းကျရောက်ချိန်ကားမောင်းနေပါကကားကိုရပ်တန့်ထားရန်၊ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊သစ်ပင်ကြီးများ၊လျှပ်စစ်ပါဝါလိုင်းများ၊

ရေလှောင်ကန်များနှင့်ဝေးကွာပါကကားအတွင်း၌နေရန်၊

မုန်တိုင်းကျရောက်ပြီးပါက

၁။သက်ဆိုင်ရာမှမုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်းမကြေငြာမချင်းအပြင်မထွက်ရန်၊

၂။ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊မရှိစစ်ဆေးရန်၊ရေစိုနေသောလျှပ်စစ်ပစ္စည်းများကိုအသုံးမပြုရန်၊

၃။သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့်အကြံပြုချက်များကိုဂရုစိုက်နားထောင်ရန်၊

၎။မိမိအားကယ်ဆယ်ဆောင်ရွက်ပေးဖို့လိုအပ်ပါကစောစီးစွာဆောင်ရွက်နိုင်ရန်မိမိအိမ်သို့သက်ဆိုင်ရာမှအကြံမပြုမခြင်းဆန္ဒစောပြီးမပြန်ရန်၊

ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊

၅။ကုန်းလမ်းခရီးသွားရပါကမြွေအန္တရာယ်အထူးသတိထားရန်၊

၆။လမ်းဘေးတွင်ပြတ်ကျနေသောလျှပ်စစ်ကြိုးများကိုမကိုင်မိ၊မထိမိရန်သတိပြုပြီးနီးစပ်ရာလျှပ်စစ်ရုံးသို့အကြောင်းကြားရန်၊

၇။မီးဘေးအန္တရာယ်သတိပြုရန်၊

၈။ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်၊

၉။ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီဆောင်ရွက်ရန်


ကိုးကား

သန်းမင်းထွဋ် (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် မေလ)

Comments