လွင်မိုး(မင်းသား)

လွင်မိုး
လွင်မိုး
မွေးသက္ကရာဇ် ၁၉၇၀-ခု၊ စက်တင်ဘာလ (၁၇)ရက်နေ့
နိုင်ငံ မြန်မာ
အမည်ရင်း မောင်မိုး
မိဘအမည် ဦးမြင့်လွင်+ ဒေါ်လေးရှင်
မွေးဖွားရာ ဒေသ မြိတ်မြို့
ထင်ရှားကျော်ကြားမှု နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ ဓာတ်ပုံပညာရှင်

လွင်မိုးသည် ၁၉၇၀-ပြည့်နှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့၌ အဖ ဦးမြင့်လွင်နှင့် အမိဒေါ်လေးရှင်တို့မှ မြိတ်မြို့တွင် မွေးဖွားသည်။ မွေးချင်းညီအစ်ကို နှစ်ဦးရှိပြီး အငယ်ဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်မိုးဖြစ်သည်။ အစ်ကိုမှာ ဒါရိုက်တာ မောင်သီ ဖြစ်သည်။ 

သရုပ်ဆောင် အကယ်ဒမီ လွင်မိုးသည် ၁၉၈၉ ခုနှစ်မှစ၍ ရုပ်ရှင် အနုပညာလောကထဲသို့ စတင် ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ၏ သရုပ်ဆောင်သက်တမ်း နှစ်၂၀ အတွင်း

  1. ရင်ထဲက ဆောင်းရာသီ(၁၉၉၉) ၊
  2. ပန်းတပွင့် ဖန်ဆင်းခြင်း(၂၀၀၁) နှင့်
  3. တခါကဧရာဝတီညများ (၂၀၀၇) တို့ဖြင့်

အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆု အကယ်ဒမီများ ရရှိခဲ့သည်။ မြန်မာပြည်အနှံ့ သွားရောက်ကာ ဝါသနာအလျောက် ဓာတ်ပုံများ ရိုက်ယူခဲ့ပြီး တခြား သော ဓာတ်ပုံပညာရှင်များနှင့် ပူးပေါင်း၍ ဓာတ်ပုံပြပွဲများလည်း ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ် နတ်မတောင် နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးကာ “လွင်မိုးခရီးသွားနေသည်” ခေါင်းစဉ်ဖြင့် MRTV4 တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထို့နောက် မြိတ်ကျွန်းစုဒေသနှင့် ဧရာဝတီ လင်းပိုင်များ အကြောင်းကိုလည်း မှတ် တမ်း ရုပ်ရှင် များ ရိုက်ကူးခဲ့ပြီး မြိတ်ကျွန်းစုများအကြောင်းကို ဇူလိုင် ၁၀ ရက်နေ့တွင် စတင် ထုတ်လွှင့် ပြ သခဲ့သည်။ ဆက်လက်၍ ခရီးသွားမှတ်တမ်း ရုပ်ရှင်အနေနှင့် လာမည့် နိုဝင်ဘာတွင် ကချင်ပြည် အတွင်းရှိ ရေခဲတောင် များနှင့် ပတ်သက်၍ ရိုက်ကူးရန်စီစဉ်နေကြောင်း သိရသည်။

ဝါသနာ

ဂေါ့ဖ်ရိုက်ခြင်းကို ၀ါသနာပါပြီး အသက် (၁၀)အရွယ်မှ စတင် ဂေါ့ဖ်ရိုက်ခဲ့သည်။

Comments