လောကနန္ဒာစေတီသည် ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ လောကနန္ဒာစေတီကို
အေဒီ၁၀၅၉တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွါး၍ လောကနန္ဒာ သဘောင်္ဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီ တည်၍ ဌာပနာခဲ့သည်။ လောကနန္ဒာစေတီကို
အောက်ခြေတွင် ရှစ်ထောင့် ပစ္စာယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖေါင်းရစ် အဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည်။ လောကနန္ဒာစေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။ လောကနန္ဒာစေတီ
အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက်အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃မီတာ(၆ပေခန့်) မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကိုဖူးမျှော်နိုင် ပါသည်။ လောကနန္ဒာဘုရားအနီးတွင် လောကနန္ဒာဘေးမဲ့ဥယျာဉ်တည်ရှိသည်။ လောကနန္ဒာ
ဘေးမဲ့ဥယျာဉ်အတွင်း ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင် ကြယ်လိပ်များကို ၂၀၀၁
ခုနှစ်တွင် မွေးမြူခဲ့ပြီး ကောင်ရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ လောကနန္ဒာဘုရားအနီး ညောင်ဦး- ချောက်သွားကားလမ်း၏ ၀ဲဘက်တွင် ကပ်လျက်ရှိပြီး ရွှေသမင်၊ ကြိုးကြာ၊ သင်္ဘောယုန်များအား ခြံခတ်မွေးမြူထားကာ ဒရယ်၊ ဆတ်၊ ဂင်လိပ်၊ ဒေါင်း၊ ကြောင်ဝံပိုက်၊ ယုန်၊ ကြက်တူရွေးတို့ကို သဘာဝအတိုင်း မွေးမြူထားကြောင်းသိရသည်။ |
မူလစာမျက်နှာ > လ >