တည်နေရာနှင့် အကျယ်အဝန်းချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး၊ အိန္ဒိယနိုင်ငံနှင့် နယ်ချင်း ထိစပ်လျက် ရှိသည်။ အကျယ်အဝန်းမှာ ၁၃၉၀၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင်တည်ရှိတည်ရှိပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြင့် ဝန်းရံထားသည်။ လူမျိုးတိဗက်မြန်မာ အုပ်စုဝင်လူမျိုးဖြစ်ပြီး ပထ၀ီအနေအထားအရ ဒေသအလိုက် တောင်ပိုင်း၊ မြောက်ပိုင်း၊ မြေပြန့်ချင်း ဟူ၍ အမည်များ ကွဲပြားနေသည်။ ဒေသအလိုက် လူမျိုးများ ကွဲနေလင့်ကစား စကားကွဲလွဲမှု များစွာမရှိလှဘဲ ဒေသန္တရ အသုံးအနှုန်းနှင့် လေယူလေသိမ်းများကား သိသာစွာ ကွဲလွဲနေသည်။ ရာသီဥတုတောင်ပေါ်ဒေသဖြစ်၍၊ ချမ်းအေးသော ရာသီဥတုရှိသည်။ မြို့တော်ချင်းပြည်နယ်၏ မြို့တော်မှာ ဟားခါးဖြစ်သည်။ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂများကလေးကျောင်းသားသမဂ္ဂ ခရိုင်ရုံးစိုက်ရာမြို့များ
မို့နယ်များချင်းပြည်နယ်အတွင်း၌ တည်ရှိကြသော နယ်တချို့အမည်များမှာ -
အခြား မြို့ရွာများ
စိတ်ဝင်စားဖွယ်နေရာများ
|
မူလစာမျက်နှာ > ခ >