ကျော်သူ
|
|
|
မွေးသက္ကရာဇ်
| နိုဝင်ဘာ ၂ ၁၉၅၉
|
အမည်ရင်း
| ကျော်ဝင်း
|
မိဘအမည်
| ဦးစိန်တင် + ဒေါ်မေသန်း
|
နိုင်ငံသား
| {{{နိုင်ငံသား}}}
|
လူမျိုး
| {{{လူမျိုး}}}
|
ကိုးကွယ်သည့်ဘာသာ
| ဗုဒ္ဓဘာသာ
|
မွေးဖွားရာဒေသ
| ရန်ကုန်မြို့
|
ပညာအရည်အချင်း
| နောက်ဆုံးနှစ် (ရန်ကုန်တက္ကသိုလ်)
|
အလုပ်အကိုင်
| ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ
|
ကြင်ဖော်
| {{{ကြင်ဖော်}}}
|
သားသမီး
| {{{သားသမီး}}}
|
ထင်ပေါ်ကျော်ကြားမှု
| အကယ်ဒမီရ မင်းသား၊ နာရေးကူညီမှု အသင်းထူထောင်သူ
|
ကွယ်လွန်ရက်
| {{{ကွယ်လွန်ရက်}}}
|
ကွန်ယက်
| http://www.facebook.com/pages/Kyaw-Thu/174427511697?ref=mf
http://en.wikipedia.org/wiki/Kyaw_Thu
|
ကျော်သူ (မွေး: -၂ နိုဝင်ဘာ-၁၉၅၉) သည် မြန်မာ့ အကယ်ဒမီ ဆုရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင် ဒါရိုက်တာ
တစ်ဦးလည်းဖြစ်သည်။ ၁၉၈၀နှစ်များမှစ၍ ၁၉၉၀ ဝန်းကျင်အထိ မြန်မာ့
ရုပ်ရှင်လောက၏ အကောင်းဆုံး သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့သည်။ ၂၀၀၀ ခုနှစ် အစော
ပိုင်းမှစ၍ ကျော်သူသည် သူဘဝ၏ အဖိုးတန် အချိန်များအား
လူမှုရေးလုပ်ငန်းများတွင် မြုပ်နှံခဲ့သည်။
အစောပိုင်း ဘဝ
ကျော်သူ၏ အမည်ရင်းမှာ ကျော်ဝင်းဖြစ်သည်။ ကျော်သူကို အဖဦးစိန်တင်နှင့်
အမိ ဒေါ်မေသန်း တို့က ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ငယ်စဉ်က အ.ထ.က(၁)
ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ် တွင် တက်ရောက်ခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်ကို အားစိုက်လုပ်နိုင်ရန် နောက်ဆုံးနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။
အနုပညာ လှုပ်ရှားမှုများ
၁၉၈၄-ခုနှစ်တွင် "နှောင်ကြိုးလေး တစ်မျှင်" ဇာတ်ကားဖြင့်
အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သည်။ ၁၉၈၅-ခုနှစ်
ကရိုက်ကူးခဲ့သော"နေရာချင်းတော့ မလဲနိုင်ပါ" ရုပ်ရှင်ဇာတ်ကားဖြင့်
အောင်မြင်ခဲ့သည်။ ၁၉၉၄-ခုနှစ်တွင် “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။
ကျော်သူသည် ပန်းချီပညာကိုလည်း ၀ါသနာပါသဖြင့် ပန်းချီကားများ
ရေးဆွဲပြီး ပြပွဲများ ပြုလုပ်ခဲ့သည်။ မိမိ ဘ၀တစ်လျောက် ကြုံခဲ့ရသော
ခံစားမှုများကို ပန်းချီကားတွေအဖြစ် စူးစူးစိုက်စိုက် ဖန်တီးလာဖြစ်ခဲ့သည်။
အသက် ၅၀-ပြည့် ရွှေရတုမွေးနေ့အဖြစ် ၂၀၀၉-ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ တွင်
သူ၏ အနုပညာလက်ရာများကို Kyaw Thu's Art Zone တကိုယ်တော် ပန်းချီပြပွဲ
အဖြစ် သူ၏နေအိမ်၌ ခင်းကျင်းပြသခဲ့သည်။
လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများ
ကျော်သူ၏ ကျော်ကြားမှုသည် ဆင်းရဲသား လူတန်းစားများအား ကူညီရာတွင်အသုံးဝင်ခဲ့သည်။ ဆင်ရဲသား လူတန်းစားများကို ကူညီရန် နာရေးကူညီမှုအသင်း ကို ဆရာကြီးဦးသုခ နှင့် တွဲဖက်တည်တောင်ခဲ့သည်။ စက်တင်ဘာ အရေးအခင်း ကာလတွင် ပါဝင်ကူညီမှုဖြင့် ကျော်သူ နှင့်သူ့ဇနီးတို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ကိုယ်ရေးကိုယ်တာ
ကျောလ်သူ၏ မိသားစု(ဓာတ်ပုံ - People Magazine)
စာမေးပွဲ တဖုန်းဖုန်းကျကာ ဆေးဆွဲခဲ့ဖူးသော ကိုကျော်သူကို ချစ်သူဖြစ်သူ
ဦးဌေးအောင်ဖေ၊ ဒေါ်တင်တင်လတ် (မြစ်သား ဇာတိ) တို့၏ သမီး မြင့်မြင့်ခင်ဖေ
(ခေါ်) ရွှေဇီးကွက်
မိသားစု အသိုင်းအဝိုင်းက သဘောမတွေ့ခဲ့တာကြောင့်၊ အသက် ၂၀ အရွယ်မှာ
ကိုသူကျော်ဟာ မရွှေဇီးကွက်ကို ခိုးပြေးပြီး၊ ၁၉၈၁ ခု၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က
တရားရုံးမှာ နှစ်ဦး သဘောတူ လက်ထပ်ကာ သာယာသော အိမ်ထောင်တခုကို
တည်ဆောက်ခဲ့ရသူ ဖြစ်ပါသည်။ ပြည်သိမ်းကျော် နှင့် မြင့်မိုရ်ကျော်သူ
ဆိုသည့် သားတစ်ယောက် သမီး တစ်ယောက် ထွန်းကားသည်။ ကိုကျော်သူသည် အိမ်ထောင်
ကျပြီးနောက်မှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်နှင့် တွေ့ပြီး
ရုပ်ရှင်လောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်သည်။
ကျော်ကြားမှု
ရုပ်ရှင်မင်းသားကျော်သူသည် ဆင်းရဲသား လူတန်းစားများအား
ကူညီရာတွင်အသုံးဝင်ခဲ့သည်။ ဆင်ရဲသား လူတန်းစားများကို ကူညီရန်
နာရေးကူညီမှုအသင်း ကို ဆရာကြီးဦးသုခ နှင့် တွဲဖက်တည်တောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး ကိုယ်တိုင်
သွားရောက်ဖွင့်လှစ်ပေးခဲ့သည့် အသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ကိုကျော်သူက
ဆိုသည်။ တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးနေသည့်
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့ပြီး ယခုနှစ်
ဇန်နဝါရီလလယ်အထိ နိဗ္ဗာန်ယာဉ် ၁၇ စီးဖြင့် သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့၏
ရုပ်အလောင်းများအား အခမဲ့ သဂြိင်္ုဟ်ပေးခဲ့သည်မှာ ရုပ်ကလာပ်ပေါင်း
ရှစ်သောင်းခွဲကျော် ရှိခဲ့ပြီ ဖြစ်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တိုးချဲ့ဖွင့်လှစ်ခဲ့သော သုခကုသိုလ်ဖြစ် ဆေးခန်းတွင်
စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးဖြင့် တနေ့လျှင် လူနာ ၂၀၀ ဦးခန့်
ကုသပေးနေလျက်ရှိသည်။ သုခ သွေးလှူရှင်အသင်းကိုလည်း နောက်ပိုင်းတွင်
ဖွဲ့စည်းခဲ့သည်။ မျိုးဆက်သစ် လူငယ်များ အတွက် ပညာဗဟုသုတ
တိုးပွားစေလိုသောငှာ သုခအလင်း စာကြည့်တိုက် ဟူ၍လည်း ဖွင့်လှစ်
ခဲ့ပါသည်။ ထို့ပြင် အသင်းသူ အသင်းသားများ အတွက် လူမှု ဆက်ဆံရေး
လုပ်ဆောင်မှုတွင် အရေးပါသော ဆက်ဆံရေး (ကိုယ်၊ နှုတ်၊ အမူအယာ)
ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်လျှက် လူမှုရေး သရုပ်ဆောင်သင်တန်းကို
ဝါရင့်သရုပ်ဆောင်များ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခြင်း ၊
နာရေးလမ်းကြောင်းများ လိုက်ပါ ရာတွင် ထူးခြားဖြစ်စဉ် (ရေနစ် သေဆုံးခြင်း၊
အသတ်ခံရခြင်း၊ ရထားကြိတ်ခံရခြင်း) ... စသည်ဖြင့် ထူးခြားသော
နာရေးကိစ္စများအတွက် မှတ်တမ်းမှတ်ရာများ ရရှိရန်၊ ဓါတ်ပုံ (လျှပ်တပြက်)
ရိုက်ကူးတတ်စေရန် ရည်ရွယ်၍ ဓါတ်ပုံသင်တန်း တို့ကို ဖွင့်လှစ်ပြီးဖြစ်ပါသည်။
မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေး အထောက်အပံ့ ဖြစ်ရန် ပညာဒါန အခြေခံ အင်္ဂလိပ်စာသင်တန်းကို (၂ဝ . ၃. ၂ဝ၁ဝ) တွင် စတင်ဖွင့်လှစ်ခဲ့ပြန်ပါသည်။
- ၂၀၀၉-ခုနှစ်၊ ဧပြီလတွင် လန်ဒန်ရောက် မြန်မာများမှ ပြည်သူ့ဘက်သား အနုပညာသမားဆု ချီးမြှင့်သည်။
ထိုဆုကို ပန်းချီဆရာ ထိန်လင်းမှ ကိုကျော်သူ ကိုယ်စား လက်ခံ ရယူသည်။
- ၂၀၁၀-ခုနှစ်၊ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ဆန္ဒပြုသူအများဆုံးဖြင့် ကိုကျော်သူ ရရှိသည်။ ဂုဏ်ပြုအလှူငွေအဖြစ် ဒေါ်လာ ၇ ထောင် ရရှိသည်။
|