ကျော်ဟိန်း
|
|
|
မွေးသက္ကရာဇ်
| ၁၄.၇.၁၉၄၇
|
အမည်ရင်း
| ကျော်ဌေး
|
မိဘအမည်
| ဦးဂျွန်မောင်စိန် + ဒေါ်ချိုချို
|
နိုင်ငံသား
| {{{နိုင်ငံသား}}}
|
လူမျိုး
| {{{လူမျိုး}}}
|
ကိုးကွယ်သည့်ဘာသာ
| ဗုဒ္ဓဘာသာ
|
မွေးဖွားရာဒေသ
| ရန်ကုန်မြို့
|
ပညာအရည်အချင်း
| တက္ကသိုလ်ဝင်တန်း အောင်
|
အလုပ်အကိုင်
| ရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊
|
ကြင်ဖော်
| {{{ကြင်ဖော်}}}
|
သားသမီး
| {{{သားသမီး}}}
|
ထင်ပေါ်ကျော်ကြားမှု
| ပီပြင်စွာ သရုပ်ဆောင်နိုင်မှု
|
ကွယ်လွန်ရက်
| {{{ကွယ်လွန်ရက်}}}
|
ကွန်ယက်
|
|
ကျော်ဟိန်းသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် အနုပညာကြေး အမြင့်ဆုံးရရှိသော
သက်တမ်းရင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ၌ အနုပညာလောကတွင်
အထင်ရှားဆုံး၊ အချမ်းသာဆုံး မင်းသားဖြစ်သည်။
ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင်
ရန်ကုန်မြို့၌ ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ
ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။
ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်က
စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ ၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ
ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ၀င်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ်
`အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေ၀င်သည်´၊
`ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွေလည်းမွှေး´ဇာတ်ကားများဖြင့်
အကယ်ဒမီ လေးကြိမ်ရရှိခဲ့သည်။ `မွန်းတည့်ချိန်တွင် နေ၀င်သည်´ဇာတ်ကားကို
ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။
နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သော ကြော်ငြာဒီဇိုင်းများ
ဝတ္ထုတို၊ ၀တ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း
သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း အရုပ်ဆောင်ကြေး
အများဆုံးရသူဖြစ်သည်။
၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ကျော်ဟိန်းသည် ရုပ်ရှင်လောကက
အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း
ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ
မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ
ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည် ဦးကိတ္တိသာရ(ခေတ္တ ၃၁-ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်း ဖြစ်သည်။
သီဆို၍ ထုတ်ခဲ့သော စီးရီးများ
- မျက်ရည်ငှက်များနားစေသတည်း
- အဓိပ္ပါယ်ရှိသောလူ
- တစ်ကိုယ်တော်လေလွင့်ခြင်း
- ထာဝရရှင်သန်နေမယ်
- ၀ီရရသ
- စင်ပေါ်ကသီချင်းများ
- “The Next” VCD Karaoke သီချင်းခွေ
- “Nov: 11th” VCD Karaoke သီချင်းခွေ
ရေးသားသော စာပေ
- ပြာ အက်ဆေး
- စိတ်ဓားပြ ကွယ်လွန်သူ ဒွေးရဲ့ အမှတ်တရစာ
- `ကျော်ဟိန်းများ´(ကျော်ဟိန်း၏ နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို
Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး
တစ်အုပ်လျှင် ကျပ် ၁၁၅၀၀ ဖြင့် ရောင်းချခဲ့သည်။
- သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)
- ဝတ္ထုတိုပေါင်းချုပ် (ကျော်ဟိန်းရေးခဲ့သော ဝတ္ထုတိုများ စုစည်းမှု)
- “လုံးဝအဖြူ” ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း
|