မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ်တပ်မတော်ခေါ် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၁)၊ ကိုးကန့် တပ်ဖွဲ့၏ ဥက္ကဌမှာဖုန်ကြားရှင်ဖြစ်ပြီး
ဒု ဥက္ကဌမှာ ဖုန်ကြားဖူး ဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်
မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ
မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး ၂၀၀၉ နှစ်
ဧပြီ(၂၈)ရက်နေ့က စ၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် နအဖ၏ ဖိအားပေးခံနေရသည်။
ကိုးကန့်လူမျိုး
၁၉၈၉ ခုနှစ်၊ မတ်လမှာ ဗကပက ခွဲထွက်ပြီး ၅၊ ၃၊ ၈၉ နေ့မှာ နဝတ (ယခု နအဖဟု
အမည်ပြောင်းထား) နဲ့ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ကြတယ်။
ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ (၁) လို့ နဝတက သတ်မှတ် ပေးခဲ့တယ်။
ဗကပမှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး ယူစဉ် ကာလမှာ ခေါင်းဆောင်
ခဲ့ကြသူတွေကတော့ ဖုန်ကျားရှင်၊ ဖုန်ကျားဖူး - ဖုန်ညီနောင်နဲ့ ရန်မိုအန်း၊
ရန်မိုလျှံ - ရန်ညီနောင်တို့ ဖြစ်တယ်။
ငြိမ်းချမ်းရေး ယူစဉ် သတ်မှတ် ပိုင်းခြားပေးခဲ့တဲ့ ဒေသတွေကတော့ သံလွင်
အရှေ့ခြမ်း၊ နမ့်တိန်းချောင်းမြောက်ခြမ်း၊ ဟိုပန်၊ပန်လုံမြို့နယ်များမှ အပ
ကိုးကန့် ဒေသနဲ့ သံလွင် အနောက်ခြမ်း မွန်ဂို၊ မုံရာ၊ မုံကျီး ဒေသတို့
ဖြစ်တယ်။
၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ဖုန်ညီနောင်နဲ့ ရန်ညီနောင်တို့ အကြား
မကျေလည်မှုများ ဖြစ်ပွားကာ ရန်ညီနောင် ရန်မိုအန်းနဲ့ ရန်မိုလျှံတို့က ဝ
အကူအညီ ယူပြီး ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူး တို့ကို ဖြုတ်ချ အာဏာ
သိမ်းခဲ့တယ်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ဖုန်ညီ အကို ဖြစ်တဲ့
ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူးတို့က ဗကပ (၈၁၅) အကူအညီ ယူပြီး ရန်ညီနောင်ကို
ဖြုတ်ကာ ကိုးကန့်မှာ အာဏာ ပြန်သိမ်းခဲ့တယ်။
သံလွင်မြစ် အနောက်ဘက်ကမ်းမှာလည်း မုံဆာလ ခေါင်းဆောင်ပြီး မုံးကိုးဒေသ
ကာကွယ်ရေး တပ်ဖွဲ့ (Mongko Defense Army - MDA) အဖွဲ့ကို ဖွဲ့စည်းကာ
မုံးကိုးဒေသမှာ ကြီးစိုး ချယ်လှယ်နေတဲ့ ရန်ညီနောင် အုပ်စုကို တိုက်ခိုက်
မောင်းထုတ်ပြီး မုံးကိုးဒေသကို အာဏာ သိမ်းလိုက်တယ်။
ဒါကြောင့် အခုအခါ ကိုးကန့်ဒေသကို ဖုန်ညီနောင် ဖြစ်တဲ့ ဖုန်ကြားရှင်နဲ့
ဖုန်ကြားဖှုတို့ ခေါင်းဆောင်တဲ့ အဖွဲ့က ချုပ်ကိုင်ထားနိုင်လိုက်ပြီး၊
လောက်ကိုင်ဒေသမှာ အခြေချပါတယ်။ ဖုန်ညီနောင်တို့ အောက်မှာ အင်အား ၁,၃ဝဝ
လောက်ရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့ ရှိပါတယ်။ ငြိမ်းချမ်းရေးနှင့်
ဒီမိုကရေစီ တပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင်လည်း
ဖြစ်တယ်။ သံလွင်မြစ် အနောက်ဘက်ကမ်း မုံးကိုး၊ မုံကျီး၊ မုံရာဒေသကို မုံဆာလ
ခေါင်းဆောင်တဲ့ မုံးကိုးဒေသ ကာကွယ်ရေး တပ်ဖွဲ့က ထိန်းချုပ် ရယူထားပါတယ်။
ရန်ညီနောင် ဖြစ်တဲ့ ရန်မိုအန်း၊ ရန်မိုလျှံနဲ့ နောက်လိုက်နောက်ပါ အင်အား
၃ဝဝ ခန့်ကတော့ နဝတထံမှာ လက်နက် ချလိုက်ရပြီး၊ ရဲ အဖြစ် နဝတက
အသွင်ပြောင်းပေးကာ ကုန်းကြမ်းမြို့နယ်မှာ အခြေချ ပေးခဲ့တယ်။
အင်အားနှင့် ခေါင်းဆောင်မှု အခြေအနေ
မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (အမ်အဲန်ဒီအေ)
တပ်မဟာ (၅) ခု၊ တပ်မဟာ တခုလျှင် တပ်ရင်း နှစ်ရင်း၊ အင်အား
စုစုပေါင်း ၁,၃ဝဝ ယောက်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး ( PEACE
AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်တယ်။
ကိုးကန့် အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီ -
- ၁။ ဦးဖုန်ကြားရှင် - ဒု-ဥက္ကဋ္ဌ (စစ်ဦးစီးချုပ်)
- ၂။ ဦးဖုန်ကြားဖှု - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
- ၃။ ဦးပယ်စောက်ချိန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
- ၄။ ဦးရန်ကျုံးဝေ - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
- ၅။ ဦးကျန်တဲ့ဝင် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
- ၆။ ဦးလီကျုံးချန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
- ၇။ ဦးဖုန်တာရွှင် - ဒု-ဥက္ကဋ္ဌ
- ၈။ ဦးလျှိကွယ်ရှီး - အတွင်းရေးမှူး
- ၉။ ဦးဝေရှောက်ရင် - အဖွဲ့ဝင် (စစ်ဦးစီးမှူး)
- ၁ဝ။ ဦးစစ်ဆန်း - အဖွဲ့ဝင် (စစ်ဦးစီးမှူး)
- ၁၁။ ဦးကျောက်ကျိယွင် - အဖွဲ့ဝင် (ခရိုင်မှူး)
- ၁၂။ ဦးလီဝင်မြင့် - တွဲဖက် အတွင်းရေးမှူး
- ၁၃။ ဦးဟော်ချန်း - ဒု-မြို့နယ်မှူး (ပါစင်ကျော်)
- ၁၄။ ဦးလျှံထွဲကန် - ဒု-မြို့နယ်မှူး (တာရွှေထန်)
နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ
ကိုးကန့်ဒေသ တစ်ခုလုံးကို စစ်အစိုးရက အမြဲတမ်း ဗျုဟာနှစ်ခုဖြင့်
(ရှေ့တန်း တပ်မ) (၁၉၉၈ ခုနှစ်က တပ်မ(၉၉)/ ၁၉၉၉ ခုနှစ်က တပ်မ (၁ဝ၁))
ဝင်ရောက် ချုပ်ကိုင်ထားပြီး နအဖ အမည်ပြောင်းပြီး နောက်ပိုင်း ၁၉၉၉ ခုနှစ်၊
သြဂုတ်/စက်တင်ဘာလက စတင်ကာ ဒကစ လောက်ကိုင် အခြေစိုက် အပါအဝင် ထလတ (၂၉) က
ချုပ်ကိုင်ထားတာ တွေ့ရပါသည်။ လောက်ကိုင်ခရိုင် အဖြစ် အဆင့် တိုးလိုက်တာ
တွေ့ရပြီး နိုင်ငံရေးအရ လှုပ်ရှားမှုမတွေ့ရတော့ဘဲ ဘာမျှ မလုပ်နိုင်တော့ဟု
သုံးသပ်ရပါသည်။ ဒေသ အတွင်းမှာ ခစအ/ မစအ (ခရိုင် အစိုးရ အုပ်ချုပ်ရေး
အဖွဲ့/ မြို့နယ် အစိုးရ အုပ်ချုပ်ရေး အဖွဲ့) လို့ နာမည် ပေးထားသည့် နအဖ
အုပ်ချုပ်ရေး အဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ပူးတွဲ
အုပ်ချုပ်တယ်လို့ နအဖက ဆိုပါသည်။ လက်နက်ချရန်၊ အသွင်ပြောင်းရန် နအဖက
ဖိအားပေးခြင်း ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါသည်။ စီးပွားရေးအရ
ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူထုတ်လုပ် ရောင်းဝယ်ခြင်းကို ပြုလုပ်
နေတာကို တွေ့နေရသေးသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ
ထွက်ရှိနေတာလည်း ဖြစ်ပါသည်။ မိုးကုတ် ကျောက်တွင်းတွေမှာ အများပိုင် ဖက်စပ်
လုပ်ကိုင်ခြင်း၊ ဖားကန့်တွင်လည်း ကျောက်စိမ်းတွင်းတွေ ဖက်စပ် လုပ်တာတွေ
လုပ်နေသည်။
|