ကြက်ဥ ၃ လုံးကို ဖောက်ပြီး ဇလုံထဲမှာ ထည့်ပါ။  ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ နို့ဆီ ၂ ဇွန်း နဲ့ ဆားဆိုဒါ အနည်းငယ်ထည့်ကာ ခက်ရင်းဖြင့် နာနာခလောက်ကာ မွှေပေးပါ။   ပူတင်းပေါင်းမည့် ဒန်ခွက်ထဲတွင် သကြားအနည်းငယ်ထည့်ကာ သိပ်မပြင်းသည့် မီးအပူချိန်ဖြင့် မီးဖိုပေါ်တွင်တည်ပါ။  ဒန်ခွက်ထဲသို့ ရောမွှေထားသော ကြက်ဥကို ထည့်ပြီးနောက် အိုးအကြီး တစ်လုံးထဲတွင် ရေအနည်းငယ်ထည့်ကာ ဒန်ခွက်ကို ထည့်ပြီးနောက် အဖုံး အုပ်ပါ။ ထို့နောက် အိုးကြီးကို အဖုံးအုပ်ကာ မီးဖိုပေါ်တွင် ရေများဆူပွက်လာ အောင်တည်ပါ။  ၁၀ မိနစ်ခန့်အကြာတွင် ပူတင်း ကျက် ၊ မကျက်ကို စမ်းပြီးနောက် မကျက်သေးလျှင် ဆက်လက်ကာ မီးဖိုပေါ်တွင်တည်ပါ။  ပူတင်းကျက်လျှင် စားသုံးနိုင်ပါပြီ။ ကိုးကားမြန်မာအင်တာနက်ဖိုရမ် -http://myanmarinternetforum.com/ |