ထွန်းဝေ(မင်းသား)

ထွန်းဝေ

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေႛ၊ ပဲခူးတိုင်း၊ နတ်တလင်းမြို့၌ အဖ ဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားကြီး ဖြစ်သည်။

နတ်တလင်း အထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြိုႚတွင် စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် နယ်ခြား သတင်းထောက်၊ နေႛစဉ်လမ်းညွှန် သတင်းစာများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ - ၄၉-ခုနှစ်တွင် မန္တလေးမြိုႚထုတ် `ဘဝသစ် နေႛစဉ်´တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၅၀-ပြည့်နှစ်တွင် ဗြိတိသျှ ဘာမား ရုပ်ရှင်ကုမ္ပဏီမှ သရုပ်ဆောင် အဖြစ်နှင့် ရုပ်ရှင်လောကထဲကို စတင် ဝင်ရောက်ခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃-ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားများနှင့် ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီရရှိခဲ့ပါသည်။

၁၉၅၂-ခုနှစ်တွင် ပီကင်းတွင်ကျင်းပသော အာရှနှင့် ပစိဖတ် ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သိုႛ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၅၆-ခုနှစ်တွင် မြန်မာ့ ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ် အဖြစ် တရုပ်ပြည်သိုႛ သွားရောက်ခဲ့ပါသည်။ ၁၉၆၀-ပြည့်နှစ်တွင် မြန်မာ့ ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ် အဖြစ် တရုတ်ပြည်၊ ဘေကျင်းသိုႛ သွားရောက်ခဲ့ပြန်သည်။

၁၉၆၇-ခုနှစ်မှစပြီး အမြင့်သဘင်နှင့် ရုပ်ရှင် အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃-ခုနှစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲႚ ကောင်စီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးထွန်းဝေသည် ပထမ ဒေါ်စောနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဇနီး ဒေါ်စော ကွယ်လွန်သွားသောအခါ၊ ဇနီး၏ တူမဖြစ်သူ ဒေါ်ထွေးထွေးနှင့် ထပ်မံ လက်ထပ်ခဲ့ပြီး၊ သား (၂) ယောက် ထွန်းကားခဲ့သည်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားသည့်အခါ အနုပညာရှင်များနှင့် အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီ စောင့်ရှောက် ပေးခဲ့သူ ဖြစ်သည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ ခြံအမှတ် ၅ နေအိမ်တွင် ၁၃၊ ၈၊ ၂၀၀၅ စနေနေႛ နံနက် ၁း၂၅ နာရီ၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးထွေးနှင့် သားသမီး၊ မြေးများ ကျန်ရစ်ခဲ့သည်။

ထွန်းဝေသည် အကယ်ဒမီ(၃)ကြိမ်ရသော ရုပ်ရှင်မင်းသားကြီး ဖြစ်သည်။

  • ၁၉၅၇ ခုနှစ်တွင် ဗိုလ်မြဒင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောက်ဆု အကယ်ဒမီ၊
  • ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ဇာတ်ကားဖြင့် အကယ်ဒမီ၊
  • ၁၉၈၃ တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ပို့ဆု အကယ်ဒမီ ရရှိခဲ့သူ။

၁၃-၅-၂၀၀၅ တွင်ကွယ်လွန်သည်။ 

ကိုးကား

  1. (မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် ၂၀၀၆)
  • ForeverSpace ၏ 'ကြေကွဲ ဝမ်းနည်း မှတ်တမ်း' ကွန်ရက် စာမျက်နှာ။
  • သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ၊ ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။
Comments