ထက်ထက်မိုးဦး(မင်းသမီး)



ထက်ထက်မိုးဦး
ထက်ထက်မိုးဦး
မွေးသက္ကရာဇ်
နိုင်ငံ မြန်မာ
အမည်ရင်း
မိဘအမည်
မွေးဖွားရာ ဒေသ မိုးကုတ်မြို့
ထင်ရှားကျော်ကြားမှု နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်နှင့်ကြော်ငြာသရုပ်ဆောင်












ထက်ထက်မိုးဦးသည် သရုပ်ဆောင်လောကသို့ ၀င်ရောက်ချိန်တွင် မှုံရွှေရည် အမည်နှင့် ဖြစ်သည်။ လက်ဦးဆရာမှာ ဒါရိုက်တာ ကိုစန်းအောင်(ကွယ်လွန်)ဖြစ်သည်။ထို့နောက်ထက်ထက်မိုးဦးဟု အမည်ပြောင်းလဲပြီးနောက်တွင် တရှိန်ထိုး အောင်မြင်ခဲ့သည်။ ကြော်ငြာသရုပ်ဆောင် လောကတွင်လည်း သူမတူအောင် သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်။

အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆု နှစ်ကြိမ် ရရှိခဲ့သည်။

  • ၁၉၉၆-ခုနှစ် (ပန်းသခင်)ဇာတ်ကား
  • ၂၀၀၁-ခုနှစ် (သမီးမိုက်)ဇာတ်ကား

ထက်ထက်မိုးဦးသည် အနဂ္ဂနှင့် ဒုတိယတရားဝင် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၈-ခုနှစ်၊ အိမ်ထောင်သက်တမ်း လေးနှစ်နီးပါးတွင် ကွာရှင်းခဲ့သည်။


သြဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဗီဒီယို သရုပ်ဆောင် တစ်ဦး ဖြစ်သူ ဇူးမြတ်ထက်နှင့် တရားဝင် လက်ထပ်သည့် သတင်းပါရှိသည်။ ထိုသတင်း၌ပင် ထက်ထက်မိုးဦးတွင် ကိုယ်ဝန် ဆောင်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ မိုးကုတ်မြို့ဇာတိ အကယ်ဒမီ ထက်ထက်မိုးဦးသည် အသက် ၄၀ ၀န်းကျင်ရှိပြီဖြစ်သည်ဟု ယူဆရသည်။ သူ၏ မွေးနေ့ရောက်တိုင်း အလှူအတန်း ပြုလုပ်လေ့ ရှိသော်လည်း ထက်ထက်မိုးဦးက သူ၏ အသက်ကို ထုတ်ဖော် ပြောလေ့ မရှိပေ။ သူ၏ အိမ်ထောင်ရေးအကြောင်း ဂျာနယ်များက ရေးသားကြရာတွင် သူပြုခဲ့သည့် အလှူအတန်းများအကြောင်း ထည့်သွင်းခြင်း မရှိသည့်အတွက်လည်း မင်းသမီးက ကန့်ကွက်လိုက်သည်။

“သမီးလေ ကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေ၊ စာသင်ကျောင်းတွေ လှူခဲ့တဲ့အပြင် တစ်သက်တာ ရဟန်းအစ်မ၊ ကျောင်းအစ်မ ခံယူထားတာတွေလည်း အများကြီးပါ။ ဒါပေမယ့် အဲဒါတွေကျတော့ ထည့်မပြောကြတော့ပါလား။ ကောင်းတာကို မမြင်တတ်ကြဘဲ မကောင်းတာကိုချည်း ရွေးမြင်ကြတာက လူ့သဘာဝပဲ လို့ ထက်ထက် ဖြေပါတယ်” ဟု ဆိုသည်။


Comments