ဓါတုဗေဒ

ဓာတုဗေဒပညာရပ် သည် ဒြပ်ဝတ္တု တို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန် နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်သော အခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်း တိုကိုလဲ လေ့လာသော သိပ္ပံ ဘာသာရပ် တစ်ခုဖြစ်ပါသည်။ ဓာတုဗေဒသည် ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တန်၊ မော်လီကျူး၊ ပုံစောင်ခဲ နှင့် အခြား စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတု လမ်းစဉ်များ (chemical processes) ဖြစ်ပေါ်ခြင်း ပတ်သက်သော စွမ်းအင် နှင့် အင်ထရိုပီ သဘောတရားများကို လေ့လာသည်။ ခေတ်သစ် ဓာတုဗေဒသည် ဗိန်းဓေါပညာရပ် မှ ဓာတု တော်လှန်ရေး (chemical revolution 1773) ဖြင့် ပေါ်ပေါက်လာသည်။

ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္တု အပေါ်မှုတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ inorganic များကို လေ့လာသော inorganic chemistry၊ သြဂဲနစ် organic chemistry၊ သက်ရှိ များတွင် ဖြစ်ပေါ်သော ဇီဝဖြစ်စဉ် များနှင့်သက်ဆိုင်သည့် ဇီဝဓာတုဗေဒ (biochemistry)၊ များလာသောအခါတွင် (at macro level) သို့မဟုတ်၊ မော်လီကျူလာ နှင့် မော်လီကျူလာ ထက်သေးငယ်သော အခြေများ တို့ရှိ ဓာတုစနစ် (chemical system) ရှိ စွမ်းအင် ကိုလေ့လာသော physical chemistry နှင့် ဓာတုဒြပ်ပေါင်း နှင့် ပုံသဏ္ဍာန်များကို ခွဲခြားစိတ်ဖျာလေ့လာသော analytical chemistry ဘာသာရပ်ခွဲများတို့ဖြစ်သည်။ ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွင်ရက်များကို လေ့လာသော neurochemistry များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျှက်ရှိသည်။

အကျဉ်းချုပ်

ဓာတုဗေဒသည် ဓာတု အက်တန် သို့မဟုတ် ၎င်းတွင်ရှိ ပရိုတွန်၊ အီလက်ထွန် နှင့် နျူထွန် တို့ပါဝင်သည့် ရုပ်ဝတ္တုများ၏ အပြန်အလှန် သက်ရောက်သော အကြောင်းအရာကို သိပ္ပံနည်းကြ လေ့လာခြင်းဖြစ်သည်။ဓာတုဗေဒကို တစ်ခါတစ်ရံ သိပ္ပံ၏ဗဟိုချက်ဘာသာရပ် အဖြစ် မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် များမြှောင်လှစွာသော ဘာသာရပ်များ ဖြစ်သည့် နက္ခတဗေဒ၊ ရူပဗေဒ၊ material science၊ ဇီဝဗေဒ နှင့် ဘူမိဗေဒ တို့ကို အချက်ကျကျဆက်သွယ်နေ၍ ဖြစ်သည်။ 

ဓာတုဗေဒ ပညာရပ်၏ အစဦးပုံကို ဆန်းစစ်လျှင် လက်တွေ့ပညာများဖြစ်သည့် ဗိန်းဓော ပညာရပ်မှ စလာသည်ကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ ကမ္ဘာ အရှေ့အလယ်ပိုင်းရှိ အထောက်အထားများအရ သိနိုင်သည်။

ကျွန်ပ်တို့ အသုံးပြုနေကြဖြစ်သော အရာဝတ္တု ပုံသဏ္ဌာန်နှင့် သဘော်သဘာဝများမှာ ၎င်းဒြပ်ဝတ္တု၏ ဂုဏ်သတ္တိများ နှင့် ၎င်းတို့ အပြန်အလှန် ဒြပ်သက်ရောက်မှု့ များပင်ဖြစ်သည်။ ဥပမာ သံမဏီ သည် သံ ထက်မာကြောသည် အဘယ်ကြောင့်ဆိုသော် သံမဏီ၏ အက်တန်များသည် ပိုမို၍ခိုင်မာသော ပုံဆောင်ခဲ အကွက် (crystalline lattice) များဖြင့် တွယ်ဆက်ထား၍ဖြစ်သည်။ သစ်သားစများသည် မီးလောင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်စုံတစ်ခုသော အပူချိန် အထက်တွင် အောက်ဆီဂျင် နှင့် အလိုလျောက် ဓာတ်ပြုပြီး ဓာတ်လျော့ (oxidation) သွားသောကြောင့် ဖြစ်သည်။ ဆား နှင့် သကြား တို့မှာ ရေတွင် ပျော်ဝင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မော်လီကျူး သတ္တိတို့မှာ သာမန် အခြေတွင် ပျော်ဝင်ခြင်းက အကောင်းဆုံးအခြေကို ရောက်ရှိခြင်းကြောင့်ဖြစ်သည်။

ဒြပ်ပြောင်းလည်းခြင်းကို ဓာတုနည်းဖြင့် လေ့လာရာတွင် မတူညီသော ဓာတုပစ္စည်းများ သို့မဟုတ် အရာဝတ္တု နှင့် စွမ်းအင် ခြားနားခြင်းကြောင့် ဖြစ်သည်။ သာမန်အားဖြင့် ဓာတုပညာကို စူးစမ်းမှု့ပြုရာတွင် ဓာတ်ခွဲခန်း များရှိ laboratory glassware များကို အသုံးပြုသည်။

ကောလိပ် တစ်ခုရှိ ဓာတု ဓာတ်ခွဲခန်း
ဒြပ်ပြုခြင်းတွင် အရာဝတ္တုများသည် တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလည်းသည်။ ၎င်းကို ဓာတု ညီမျှခြင်းများသုံး၍ သင်္ကေတများဖြင့် ဖော်ပြနိုင်သည်။ ညီမျှခြင်း ဘယ်ဘက်နှင့် ညာဘက်ရှိ အက်တမ် အလုံးရေမှာ အမြဲလိုလို တူညီကြသည်။ ဓာတု ဒြပ်ပြုခြင်း၏ သဘောသဘာဝမှာ အရာဝတ္တုများ ထိုသို့ပြောင်းလည်းကြရာတွင် မလွဲမသွေ လိုက်နာကြမည့် အချင်းအရာများရှိပြီး ၎င်းတို့ကို ဓာတု ဥပဒေသ ဟု ခေါ်ဆိုသည်။

ဓာတုဗေဒ လေ့လာမှု့အားလုံးတွင် စွမ်းအင် နှင့် အင်ထရိုပီ တို့ကို စဉ်းစားကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဓာတု ဒြပ်ဝတ္တုတို့ကို ၎င်း၏ structure ဖြင့် သက်မှတ်နိုင်ပြီး ၎င်း၏အခြေကို ဓာတုပေါင်းစပ်ပုံ များဖြင့် သတ်မှတ်နိုင်သည်။ ၎င်းအချင်းအရာများကို spectroscopy၊ chromatography စသည့် chemical analysis များသုံး၍ လေ့လာနိုင်သည်။

ဓာတုဗေဒ ဘာသာရပ်ကို အဆင့်မြင့် အခြေခံပညာ နှင့် ကောလိပ် အစပိုင်းနှစ်များတွင် အဓိက ဘာသာအဖြစ် ပါရှိသည်။ ၎င်းလေ့လာမှု့များမှာ များမြှောင်လှစွာသော အခြေခံများကို စတင်ပေးသော ယေဘူယ ဓာတုဗေဒ ဘာသာရပ်ဖြစ်သည်။ ၎င်းမှသည် လေ့လာသူ အနေဖြင့် အဆင့်မြင့် ဓာတု လမ်းခွဲများကို ဆက်လက်လေ့လာနိုင်သည်။ ဓာတု သုသေသန တွင် လုပ်နေသော သိပ္ပံပညာရှင်ကို chemist (ဓာတုပညာရှင်) ဟုခေါ်သည်။ အများအားဖြစ် ဓာတုပညာရှင်မှာ ဓာတုဘာသာရပ်ခွဲ တစ်ခုကိုသာ အထူးပြု လုပ်ကိုင်လေ့ရှိသည်။

မြန်မာနိုင်ငံနှင့် ဓာတုဗေဒ

မြန်မာနိုင်ငံမှာ ဓာတုဗေဒ ဓာတ်ဆေး (Chemicals) တွေကို ပုဂံခေတ် ကတည်းက စပြီး သုံးတတ်တဲ့ အလေ့အဓ ရှိနေပြီလို့ ကျောက်စာ အထောက်အထား အရ သိရပါသည်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရား အနီး အမတ် အသ၀တ် ဓမ္မာမယား ကျောက်စာမှာ တွေ့နိုင်ပါသည်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရသည်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရသည်။ မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀၀ ကျော် ဖော်ပြထားသည်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေသည်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာသည်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါသည်။

  1. ဆင်စွယ်လုပ်ငန်း - အစိမ်းဆိုးနည်း၊ ဆင်စွယ်ပျော့နည်း။
  2. သင်္ဘောဆေးနှင့် ငွေမင်လုပ်နည်း (၃) နည်း။
  3. အရိုး အနက်ဆိုးနည်း၊ အရိုးပျော့နည်း။
  4. ပုလဲတု လုပ်နည်း။
  5. ရွှေလုပ်ငန်း - ရွှေရေး ရွှေချနည်း၊ သံပေါ် ရွှေရေးနည်း၊ ရွှေချနည်း (၂) နည်း၊ ရွှေပင် ငွေပင် စိုက်နည်း (၄) နည်း၊ ရွှေမှုန့် စားဆေးဖော်နည်း (၂) နည်း၊ သံ ရွှေရောင်တင်နည်း၊ ရွှေရောင်ရေးနည်း (၂) နည်း ရွှေ အတုချက်နည်း။
  6. ကြေးနီလုပ်ငန်း - ကြေးနီဖြူနည်း (၂) နည်း၊ ကြေးဝါ ကြေးနီ ဖော်နည်း၊ သံကြေးနီလုပ်နည်း။
  7. ရေပြင်း (Acid) လုပ်နည်း (၅) နည်း။
  8. မီးစုံး (Phosphorus) ချက်နည်း (၂) နည်း။
  9. သတ္ထု အရည်ပျော် အကူပစ္စည်း (Flux) လုပ်နည်း (၅) နည်း။
  10. ဒုတ္ထာ ဆီချက်နည်း (၃) နည်း။
  11. သန္ဓာ၊ ဥဿဘုရား နှင့် ကျောက်မျက် ရတနာ အတုလုပ်နည်း။
  12. သံပင် စိုက်နည်း။
  13. လောင်မီး ဖော်နည်း (၃) နည်း။
  14. ဖန်ချက်နည်း (၁၁) နည်း။
  15. သစ်ပင်ဆား (Potassium Carbonate) ထုတ်လုပ်နည်း။
  16. မိန်လာ မျိုးစုံ လုပ်နည်း (၁၂) နည်း။
  17. သစ်သား အရောင်တင်ဆီ လုပ်နည်း (၃) နည်း။
  18. သစ်သီး၊ သစ်စေ့၊ ကြက်ဥတို့မှ အဆီထုတ်နည်း။
  19. ပြဒါး သန့်စင်နည်း။
  20. လက်ချား ပြုလုပ်နည်း။
  21. ကန်ပွင့် ချက်နည်း။
  22. မှန်ပြဒါးတင်နည်း၊ ဆေးရေးနည်း။
  23. တရုတ် ပန်းကန် လုပ်နည်း။
  24. ချည် အ၀တ်ဆိုးဆေး လုပ်နည်း (၆) နည်း။ ချုပ်ဆေး ဖော်နည်း။
  25. သစ်သီးများ တာရှည်ခံအောင် ထားသိုနည်း။
  26. သံလိုက်အိမ်မြှောင် လုပ်နည်း။
  27. တဏှာကျွဆေး ဖော်နည်း (၂) နည်း။
  28. သံဂုဏ်ဂမ္မံ အားဆေးဖော်နည်း (၂) နည်း။
  29. ဆံပင် မဖြူအောင် လုပ်နည်း။
  30. ၀က်ခြံပျောက်ဆေး ဖော်နည်း။

အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်သည်။ အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရိစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်သည်။

ထုတ်လုပ်မှု ကိရိယာများ

အငွေ့ပြန် ပေါင်းခံရန် လံဘိကာပ (Alembic) ပေါင်းချောင်၊ စဥ့်သုတ်အိုးကောက်၊ ခံအိုး (Condenser Receiver)၊ ဖန်ခံအိုး၊ ခဲမဖြူ ပွတ်ခံအိုး၊ အလိုက်ကလိုက်။ အရည်ကျိုရန်၊ ပြုတ်ရန်၊ လှော်ရန် မြေအိုး၊ ကြေးအိုး၊ သံအိုး၊ ဖန်အိုး၊ သမ္ပရာပိုင်း။ မီးပြင်းတိုက်၍ ကျိုရန် လုံ၊ မိုက်၊ မိုက်လုံ၊ မိုက်ခွက်၊ စဥ့်သုတ်မိုက်၊ စဥ့်ဖြူသုတ်မိုက်၊ စဥ့်ဖြူလိမ်းမိုက်၊ ဖန်ဖြူ အတွင်းပြီးမိုက်၊ မိုက်စောက်၊ စလောင်းပါမိုက်။ အရည်စိမ်၊ အရည်ဖျော်၊ အနည်ထိုင်ရန် စဥ့်အိုး၊ ကြွေအိုး၊ အင်တုံ၊ မြေပုံး၊ ဖန်ဖလား၊ ဖန်အိုးလက်ရှည်၊ ပုလင်းကြီး၊ ညောင်ရေအိုး အ၀ကျယ်။ မွှေရန် သံဇွန်း၊ သံယောင်းမ။ အမှုန့်ကြိတ်ရန် ကြေးဆုံ၊ ကျောက်ပြင်။ စကာချရန် အ၀တ်၊ ပုဆိုး။ ဆီထုတ်ရန် အရည်စစ်သားရေအိတ်၊ အိတ်ကို ညစ်ယူရန် အပူပေးနိုင်သည့် ကြေးညှပ်၊ သံပြားညှပ်။ ပုဂံကြွေရည်သုတ် ရာတွင် ညှိပေးသည့် ယုန်မွှေးစုတ်တံ၊ နွားမွှေးစုတ်တံ။ အထွေထွေသုံးရန် ဖန်ခွက်၊ ပန်းကန်ပြား၊ ဖန်လုံး၊ မှန်ပြား၊ စက္ကူဖြူ၊ ရေပြင်းချက်ဖို၊ အိုးထိန်းစက်။

ဓာတုဗေဒ ပစ္စည်းများ

ရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပုရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒါန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆ၀ရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇ၀က်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အာရကော် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။

အပင်ထွက် ပစ္စည်းများ

ဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။

လူတိရိစ္ဆာန်တို့၏ ပစ္စည်းများ

လူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ၀က်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ၀မ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။ ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံသြရလောက်အောင် တိကျမှုရှိသည်။ စနစ်ကျသည်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းသည်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မ၀င်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းသည်။ ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရသည်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါသည်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ၀ိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးသည်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါသည်။ 

အခြေခံ သဘောတရားများ

ဓာတုဗေဒကို လေ့လာရာတွင် များစွာသော အရေးပါသည့် အခြေခံ သဘောတရားများ ရှိသည်။ ၎င်းတို့များ - 

အက်တန်


အက်တန်သည် ဒြပ်စင်၏ အခြေခံ ယူနစ် ဖြစ်သည်။ အက်တန်တစ်ခုတွင် ပုရိုတွင် နှင့် နျူထွန် များပါဝင်သော အဖိုဓာတ်ရှိ မံတိုင်ရှိပြီး ၎င်းကို တူညီသော အမဓာတ် ပမာဏ ရှိ အီလက်ထထွန် ကဝင်းရံ ထားသည်။ အက်တန်သည် ဒြပ်စင်တစ်ခု၏ electronegativity, [[ionization potential], oxidation state, coordination number, bond စသည့် ဓာတု ဂုဏ်သတ္တိကိုလေ့လာမည်ဆိုလျှင် အသေးငယ်ဆုံး ဖြစ်သည်။

ဒြပ်စင်


ဒြပ်စင်ဆိုသည်မှာ ဓာတု အမြင်အရဆိုလျှင် ဓာတုပစည်း နှင့်ပါတ်သက်သည်။ ဓာတုဒြပ်စင် တစ်ခုကို ၎င်း၏ အက်တန်ရှိ နျူကလီယမှ ပရိုတွန် အရေအတွက် ဖြင့် ဆုံးဖြတ်သည်။ ၎င်းအရေအတွက်ကို ၎င်းဒြပ်စင်၏ atomic number ဟုခေါ်သည်။

ဒြပ်စင်များကို အကောင်းဆုံးဖော်ပြရန်မှာ atomic number အရ အုပ်စုခွဲထားသော periodic table ပင်ဖြစ်သည်။ periodic table သည် ညဏ်ကျယ်ကျယ်ဖြင့် အစီအစဉ် တကျစဉ်ထားသောကြောင့် ၎င်းဇယားတွင် အုပ်စု (ဒေါင်လိုက်) နှင့် နရီ (period) (အလျားလိုက်) ဒြပ်စင်၏ တူရာ ဂုဏ်သတ္တိ ဖြင့် စဉ်ထားသည်။

Comments