ဦးတေဇ

ဦးတေဇ
MZ logo
အမည် ဦးတေဇ
အဖအမည် ဦးမြင့်ဆွေ
အမိအမည် ဒေါ်အုန်း
မွေးသက္ကရာဇ် ဇူလိုင် ၁၈ ရက်၊ ၁၉၆၇ ခုနှစ်၊
အလုပ်အကိုင် ဥက္ကဋ္ဌ(ထူးကုမ္ပဏီ)
ဘွဲ့ သီရိပျံချီ
မွေးချင်း ၂ ဦး(ဦးသီဟ၊ ၁၉၅၀ ခုနှစ်)
ကိုးကွယ်မှု ဗုဒ္ဓဘာသာ
ဇနီးအမည် ဒေါ်သီတာဇော်
သားသမီး သား ၂ ဦး(ပြည့်ဖြိုးတေဇ၊ ထက်တေဇ)

၁၉၆၇ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သော ဦးတေဇသည် မြန်မာစစ်အစိုးရနှင့် အကျွမ်းတ၀င်ရှိသော မြန်မာ့နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။

စီးပွါးရေးလုပ်ဆောင်မှု

ဦးတေဇသည် ၁၉၈၄ ခုနှစ်တွင် ကြို့ပင်ကောက်မြို့ရှိ မိသားစုစီးပွားရေးလုပ်ငန်းမှ စတင်ကာ စီးပွားရေးလောကထဲသို့ ၀င်ရောက်လာခဲ့သူဖြစ်သည်။ သူ၏ အဓိက စီးပွါးရေးလုပ်ငန်းမှာ ထူးအုပ်စု စီးပွါးရေးလုပ်ငန်း နှင်. အဲယားပုဂံလေကြောင်းလိုင်းဖြစ်သည်။မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်လေကြောင်းလိုင်း ပိုင်ဆိုင်သူလည်းဖြစ်သည်။၂၀၀၆ခုနှစ်နဲ.၂၀၀၇ ခုနှစ်မှာ ထူးအုပ်စု မှ ကျွန်းသစ် တွေ export  လုပ်ကိုင်ခဲ့ပြီး အခွန်ဘဏ္ဌာ အမေရိကန်ဒေါ်လာ ၆၅.၁ သန်း ရှိတယ်လို. ခန်.မှန်းရပါတယ်။

ခရီးသွားလုပ်ငန်း ၊မိုဘိုင်းဖုန်းလုပ်ငန်းများနဲ.ဆောက်လုပ်ရေးလုပ်ငန်း များ လောင်စာဆီ ရောင်းဝယ်ရေး လုပ်ငန်းများ စွာကိုလည်း လုပ်ကိုင် လျက်ရှိသည်။ ဦးတေဇဟာ မြန်မာ နေရှယ်နယ်လိဒ်မှာ နံပါတ် ၉ အဆင်.ရှိတဲ.ရန်ကုန် ယူနို်က်တက် ဘောလုံးအသင်းရဲ. အဓိကစပွန်ဆာ တစ်ဦး ဖြစ်ပြီး သူ့ရဲ.သားကတော. ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ရဲ. ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွှက်နေတယ်လို.သိရှိရပါတယ်။


ပေါင်းသင်းဆက်ဆံရေး

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးသူတစ်ဦးဖြစ်သည်။ ထို့အတူ တပ်မတော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ပြီးလျှင် တတိယအာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သူရရွှေမန်း(ခ)ဦးရွှေမန်းနှင့်လည်း ဧရာဝတီတိုင်း တိုင်းမှူးဖြစ်စဉ်အချိန်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သည်။



.

ဦးတေဇပိုင် ဟိုတယ်များ

ထူးအုပ်စု၏လုပ်ငန်းခွဲများ

  1. Aureum Palace Hotels & Resorts
  2. Air Bagan Holdings Company Ltd.
  3. Ayer Shwe Wah Company Ltd.
  4. Htoo Trading Company
  5. Htoo Wood Products Company Ltd.
  6. Myanmar Avia Export Company Ltd.
  7. Myanmar Treasure Resorts
  8. Pavo Aircraft Leasing Company Ltd.
  9. Pavo Trading Company Ltd.
Comments