အက်တမ်

အက်တမ်ဟူသော ဝေါဟာရသည် ဘီစီ ၅ ရာစုကတည်းက ဂရိတွေးခေါ်ပညာရှင် ဒီမိုကရစ် (Democritus) မှစတင်ခဲ့သည်။ ဒီမိုကရစ်၏ ဆရာဖြစ်သူ ဂရိတွေးခေါ်ပညာရှင် လျူစီပက် (Leucippus) က အရာဝတ္တုတစ်ခုကို အထပ်ထပ် ခွဲခြမ်းလိုက်သောအခါ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို ရရှိမည် ၊ ၎င်းသေးငယ်သော အစိတ်အပိုင်းလေးကို ထပ်မံ၍ ခွဲစိတ်မည်ဆိုပါက နောက်ဆုံးတွင် ထပ်မံခွဲစိပ်၍ မရနိုင်သော အသေးငယ်ဆုံးသော အစိပ်အပိုင်းလေးတစ်ခုကို ရရှိနိုင်မည်ဟု တွေးခေါ်ယူဆခဲ့သည်။ နောက်ပိုင်း တွင် ဒီမိုကရစ်က ၎င်းထပ်မံခွဲစိပ်၍မရသော အလွန်သေးငယ်သော အစိပ်အပိုင်းလေးကို အက်တမ် ဟုအမည်ပေးခဲ့သည်။ ဂရိဘာသာစကား အက်တမ်မော့စ် (atomos) ထပ်မံခွဲစိပ်၍ မရဟု အဓိပ္ပါယ် ရသည်။ ထိုအချိန်အခါက လက်တွေ့စမ်းသပ်မူ့များ (experiments) မရှိခဲ့သောကြောင့် အက်တမ် ဟူသော ဝေါဟာရသာ ပေါ်ပေါက် ခဲ့ပြီး အက်တမ်တစ်လုံး၏ တည်ဆောက်ပုံကို ပုံဖော်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။

အက်တမ်များ၏ သမိုင်းကြောင်း


Democritus (BC 460- BC 370)

Leucippus (early 5th century of BC)

အက်တမ်ဟူသောဝေါဟာရပေါ်ပေါက်ပြီး နှစ် ၂၀၀၀ ကျော်အကြာတွင် အင်္ဂလိပ် ဓါတုဗေဒ ပညာရှင် Jhon Dalton  က အက်တမ်ဆိုင်ရာ သီအိုရီ (Atomic Theory )တစ်ခုကို ထုတ်ဝေခဲ့သည်။ Dalton ၏ atomic theory အရ

Jhon Dalton (1766-1844)

၁) အရာဝတ္တုတိုင်းကို အက်တမ်များဖြင့် ဖွဲ့စည်းထားသည်။          အက်တမ်များကို ထပ်မံခွဲစိပ်၍မရ။

၂) ဒြပ်စင်တစ်ခုတွင် ဖွဲ့စည်းထားသော အက်တမ်အချင်းချင်း ဂုဏ်သတ္တိများ  ထပ်တူကျသည်။ ဒြပ်စင်မတူလျှင် ဖွဲ့စည်းထား သောအက်တမ်များ၏ ဂုဏ်သတ္တိများလည်း မတူညီပါ။

၃) မတူညီသော အက်တမ်များပေါင်းစပ်ခြင်းအားဖြင့် ဒြပ်ပေါင်း    များဖြစ်ပေါ်နိုင်သည်။

၎) ဓါတုဓါတ်ပြုခြင်း( chemical reaction) ဆိုသည်မှာ အက်တမ်များ၏ အစီအစဉ် ပြောင်းလဲ သွားခြင်း(rearrangement) သာဖြစ်သည်။

~ ဆိုလိုသည်မှာ ဓါတုဓါတ်ပြုခြင်းများတွင် မည့်သည့် အက်တမ်မှ ပျောက်ဆုံးသွားခြင်းမရှိပါ။ Dalton ၏ atomic theory သည် ယခုအချိန်အထိ သိပ္ပံပညာရှင်များ လက်ခံကြသော သီအိုရီ တစ်ခုဖြစ်သည်။ Dalton သည် အက်တမ်များ၏ သဘောသဘာဝကို ရှင်းလင်းစွာ ဖော်ပြ နိုင်ခဲ့သော်လည်း အမ်တမ်များ၏ တည်ဆောက်ပုံကို ပုံဖော်နိုင်ခြင်းမရှိခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် ထိုအချိန်အထိ အက်တမ်များကိုဖွဲ့ စည်းထားသော အီလက်ထရွန်၊ ပရိုတွန်၊ နူထရွန် စသော အခြေခံအမှုန်များကို စူးစမ်းရှာဖွေ  နိုင်ခြင်းမရှိသေး သောကြောင့်ဖြစ်သည်။

J.J Thomson (1856-1940

J.J Thomson ၏အက်တမ်ပုံစံ

၁၈၉၇ ခုနှစ်တွင် ဗြိတိသျှရူပဗေဒပညာရှင် ဂျေဂျေသော်မဆင် (Joseph John “J.J Thomson) က အီလက်ထရွန်ကို စမ်းသပ်ရှာဖွေနိုင်ခဲ့သည်။ ၎င်းရှာဖွေတွေ့ရှိမှု့ကြောင့် သော်မဆင်သည် ၁၉၀၆ တွင် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့သည်။ အီလက်ထရွန်သည် ဓါတ်မသတ္တိ (negative charge) ဆောင်သည်။ ထို့ကြောင့် အက်တမ်ထဲတွင် ဓါတ်မသတ္တိဆောင်သော အီလက်ထရွန်များကို အပြန် အလှန် ဆွဲအား သက်ရောက်ခြင်း အားဖြင့် ထိန်းသိမ်းထားရန်အတွက် ဓါတ်ဖိုသတ္တိ (positive charge) ဆောင်သာ အမှုန်များလည်းရှိရမည်ဟု သော်မဆင်ကယူဆသည်။ နောက်ပိုင်းတွင် ၎င်းအဖိုဓါတ်ဆောင်သော အမှုန်များကို ပ၇ိုတွန် (protons) ဟုအမည်ပေးခဲ့ကြသည်။အက်တမ်ထဲတွင် အဖိုဓါတ်ဆောင်သော ပရိုတွန်နှင့် အမဓါတ် ဆောင်သော အီလက်ထရွန်တို့သည် အရေအတွက်တူညီစွာ ပါဝင်ဖွဲ့စည်း နေကြသည်။ အဖိုဓါတ် နှင့်အမဓါတ် ညီမျှနေသောကြောင့် အက်တမ်တစ်ခုလုံးသည် (neutral) ဓါတ်ပြယ်နေသည်။ သော်မဆင်သည် အက်တမ် တစ်လုံး၏ပုံသဏ္ဌာန်ကို စပျစ်သီးခြောက်များ မြုတ်ထားသော ကိတ်မုန့်တစ်လုံးနှုင့် ဥပမာပေး ခိုင်းနိုင်း ထားသည်။ ကိတ်မုန့်သည် အက်တမ် စပျစ်သီးခြောက်များကို အီလက်ထရွန်များဟု ယူဆပါ။အက်တမ်၏ ဓါတ်ဖိုသတ္တိ ဆောင်သော နေရာများတွင် ဓါတ်မသတ္တိဆောင်သော အီလက်ထရွန်များ ကပ်ငြိနေခြင်းဖြစ် ကြောင်း သော်မဆင်က ဆိုလိုခြင်းဖြစ်သည်။ သော်မဆင်သည် အက်တမ်အတွင်းတွင် အီလက်ထရွန် နှုင့် ပရိုတွန်များ တည်ရှိနေမူ့ကို အဆိုပြုနိုင်ခဲ့သည်။

Ernest Rutherford (1871-1937)

Rutherford ၏ အက်တမ်ပုံစံ

ယခုလက်ရှိအချိန်တွင် သိပ္ပံပညာရှင်များ လက်ခံထားသော အက်တမ်၏တည်ဆောက်ပုံကို ၁၉၁၁ တွင် ဗြိတိသျှ ရူပဗေဒပညာရှင် ရူသာဖို့ဒ် (Ernest Rutherford) က အစပျိုးခဲ့သည်။ရူသာဖို့ဒ် ၏ အဆိုအရ အက်တမ်တစ်လုံး၏ အလယ်တွင် အလွန်သေးငယ်ပြီး သည်းသည်းဆရှိသော (အလေးချိန်ရှိသော) အဖိုဓါတ်ဆောင် နူကလိယ (nucleus ) ရှိသည်။ နူကလိယ၏ အဖိုဓါတ်သည် ၎င်းအတွင်းတွင် ပါဝင်ဖွဲ့စည်းထားသော ပရိုတွန်၏ အဖိုဓါတ်ပင်ဖြစ်သည်။ နူကလိယ၏ပတ်လည်တွင် အမဓါတ် ဆောင်သော အီလက်ထရွန်များက အကွာအဝေးတစ်ခုမှ နူကလိယကိုဗဟိုထား၍ လှည့်ပတ် နေကြသည်။ နူကလိယကို အီလက်ထရွန်များလှည့်ပတ်နေပုံကို စကြာဝဠာ နေအဖွဲ့အစည်းတွင် နေကို အခြားဂြိုလ်များ လှည့်ပတ်ပုံနှင့် ဥပမာပေး ခိုင်းနိုင်းထားသည်။နေအဖွဲ့အစည်းတွင် gravity ဟုခေါ်သော ဆွဲအားဖြင့် ဂြိုလ်များက နေကိုလှည့်ပတ်နေသကဲ့သို့ Coulomb force ဖြင့် နူကလိယကို အီလက်ထရွန်များ လှည့်ပတ်နေသည်။ gravity နှင့် coulomb force ကွာခြားသည့်အချက်မှာ gravity သည်ဆွဲအား တစ်မျိုးသာရှိပြီး coulomb force မှာ ဓါတ်ရှိသော အမူန်များ(positive or negative charges particles) ကြားတွင်ဖြစ်ပွားပြီး အမှုန်သဘာဝ ပေါ်မူတည်၍ တွန်းအား၊ဆွဲအား နှစ်မျိုးလုံးဖြစ်ပွားနိုင်သည်။ နူကလိယ နှင့် အီလက်ထရွန်ကြားတွင် မျိုးမတူသောကြောင့် (positive & negative charges) ဆွဲအားသက်ရောက်သည်။ အီလက်ထရွန် အချင်းချင်းဆိုလျှင် မျိုးတူသောကြောင့် (negative & negative charges) တွန်းအားသက်ရောက်မည်ဖြစ် သည်။ ရူသာဖို့ဒ်၏ အက်တမ်တည်ဆောက်ပုံနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ လက်မခံနိုင်သော အချက်တစ်ချက်ရှိသည်။ ၎င်းအချက်မှာ အကယ်၍ အရာဝတ္တုတစ်ခု ရွေ့လျားနေမည်ဆိုလျှင် ထိုအရာဝတ္တုမှ စွမ်းအင်များဆုံးရူံးမည်။ ဥပမာ ရပ်နေသော လူတစ်ယောက်နဲ့ ပြေးနေသော လူတစ်ယောက် နိုင်းယှဉ် ကြည့်လျှင် ပြေးနေသောလူက စွမ်းအင်များ ဆုံးရူံးနေမည်။ ရူသာဖို့ဒ်၏ အဆိုအရ အီလက်ထရွန် သည် နူကလိယကို အဆက်မပြက် လှည့်ပတ်နေသောကြောင့် စွမ်းအင်များ  အဆက်မပြက်ဆုံးရူံးနေပြီး နူကလိယ ရှိရာသို့ တဖြည်းဖြည်းကျ လာမည်။ နောက်ဆုံးတွင် အီလက်ထရွန်များ နူကလိယထဲသို့ ကျသွားပြီး အမ်တမ် လည်း ယို့ယွင်းပျက်စီး သွားမည်ဖြစ်သည်။ အက်တမ်မရှိလျှင် အရာဝတ္တုပစ္စည်းများလည်း ရှိမည်မဟုတ်။ ဤသို့ဆိုလျှင် အီလက်ထရွန်များ စွမ်းအင်ဆုံးရူံးပြီး နူကလိယထဲကျမသွားအောင် (တနည်းအားဖြင့်) အက်တမ်များ ယို့ယွင်းပျက်စီး မသွားအောင် ဘယ်အရာက တားဆီးထားသနည်း ?
ဤမေးခွန်းကို ဒိန်းမက်နိုင်ငံသား Niles Bohr က ဖြေဆိုခဲ့သည်။Bohr ၏ အဖြေမှာ
၁) အီလက်ထရွန်တွေဟာ သက်မှတ်ထားသော လမ်းကြောင်းများဖြင့်သာ နူကလိယကို လှည့်ပတ်နိုင်သည်။ အီလက်ထရွန်ပတ်လမ်း တစ်ခုချင်းစီတွင် တိကျသောစွမ်းအင်ပမာဏရှိသည်။ ဆိုလိုသည်မှာ ပတ်လမ်းတစ်ခု စီမှာရှိသော စွမ်းအင်သည် တိုးသွားခြင်း ၊ လျော့သွားခြင်းမရှိ ကိန်းသေသာဖြစ်သည်။
၂) အီလက်ထရွန်သည် စွမ်းအင်များကို အဆက်မပျက်ထုတ်လွှတ်နေခြင်းမဟုတ်။ စွမ်းအင်မြင့်သော အီလက်ထရွန်ပတ်လမ်းတစ်ခုမှ ၎င်းထက်စွမ်းအင်နိမ့်သော ပတ်လမ်းသို့ အီလက်ထရွန်ကူးပြောင်းသည့် အခါတွင်သာ စွမ်းအင်ကို အလင်းအဖြစ်ထုတ်လွှတ်ခြင်းဖြစ်သည်။
ထိုအလင်းအဖြစ်ထုတ်လွှတ်သော စွမ်းအင်ကို ဘယ်ကရသလဲဟု မေးစရာရှိသည်။ အီလက်ထရွန်သည် စွမ်းအင်အတိအကျရှိသော ပတ်လမ်းများဖြင့် နူကလိယကို လှည့်ပတ်နေခြင်းဖြစ်ကြောင်း Bohr က ပြောခဲ့ ပြီးဖြစ်သည်။ နူကလိယ နှင့်အနီးဆုံးမှာရှိသော အီလက်ထရွန်ပတ်လမ်းသည် စွမ်းအင်ပမာဏ အနည်းဆုံး ဖြစ်သည်။ နူကလိယနှင့်ဝေးလာသည်နှင့်အမျှ အီလက်ထရွန်ပတ်လမ်းမှာရှိသော စွမ်းအင်ပမာဏလည်း တဖြည်းဖြည်း မြင့်မားလာသည်။ နူကလိယနဲ့အဝေးဆုံးမှာရှိသော တနည်းအားဖြင့် အပြင်ဘက်ဆုံးမှာရှိသော အီလက်ထ ရွန် ပတ်လမ်းသည် စွမ်းအင်ပမာန အများဆုံးဖြစ်သည်။ ဥပမာ နူကလိယနှင့် အနီးဆုံးပတ်လမ်း မှာရှိသော စွမ်းအင်သည် 3ev (ev = electron volt) ရှိသည်ထားပါစို့။ ၎င်း ပတ်လမ်းနှင့်ကပ်လျက် စွမ်းအင်မြင့်သော ပတ်လမ်းတွင် 5 ev ရှိသည်ဟု ယူဆကြည့်မည်။ (ဥပမာပေးခြင်းသာဖြစ်သည်) ၎င်းပတ်လမ်းနှစ်ခု၏ စွမ်းအင်ခြားနားခြင်းသည် 2 ev ဖြစ်သည်။ ထိုစွမ်းအင်ခြားနားချက် 2ev သည် ၎င်းပတ်လမ်းနှစ်ခုအတွင်း အီလက်ထရွန် အပြောင်းအရွေ့ လုပ် သောအခါ အလင်းအဖြစ်ထုတ်လွှတ်သော စွမ်းအင်ပမာဏပင်ဖြစ်သည်။အက်တမ်ဆိုင်ရာယူဆချက်များတွင် Bhor ၏ ယူဆချက်များမှာ အခြေခံအကျဆုံးဖြစ်သည်။

Niles Bhor (1885-1962)

Bohr ၏အက်တမ်ပုံစံ

  • Bohr ၏အက်တမ်ပုံစံ
  • ရူသာဖို့ဒ်လက်ထက်အထိ အမ်တမ်များကို အခြေခံအမူန်နှစ်မျိုး (ပရိုတွန် နှင့် အီလက်ထရွန်) ဖြင့်ဖွဲ့စည်းထားသည်ဟု ယူဆခဲ့ကြသည်။ ပရိုတွန် သည် နူကလိယထဲတွင် တည်ရှိပြီး အီလက်ထရွန်က နူကလိယပြင်ပမှ လှည့်ပတ်နေသည်။ သို့သော် ပရိုတွန်သည် အဖိုဓါတ်ဆောင်သော ကြောင့် နူကလိယ ထဲတွင် ပရိုတွန်တစ်လုံးထဲဆိုလျှင် ကိစ္စမရှိ။ အကယ်၍ ပရိုတွန်တစ်လုံးထက်ပိုလာလျှင် အဖိုဓါတ်ဆောင်သော ပရိုတွန်အချင်းချင်း တွန်းကန်ကြမည်။ ပရိုတွန်အရေအတွက် များလာသည်နှင့်အမျှအချင်းချင်း တွန်းကန် အားလည်းများလာမည်။ တွန်းကန်အား များလာလျှင် အက်တမ် သည်လည်း တည်မြဲမည် မဟုတ်။ ၎င်းပြသနာကို အဖြေရှာခဲ့သူမှာ အင်္ဂလိပ်ရူပဗေဒပညာရှင် James Chadwick ဖြစ်သည်။ဂျိမ်းစ်က နူကလိယ ထဲတွင် ပရိုတွန်အချင်းချင်းတွန်းကန်နေမူ့ကို လျော့ချဖို့အတွက် နောက်ထပ် ဓါတ်မဲ့ (no charge) အမူန်တစ်မျိုးပါဝင်ဖွဲ့စည်းနေသည်ဟု ၁၉၃၂ ခုနှစ်တွင် အဆိုပြုခဲ့သည်။ ၎င်းဓါတ်မဲ့အမူန်ကို နူထရွန် (neutron) ဟုအမည်ပေးခဲ့သည်။ နူထရွန်သည် ပရိုတွန်ထက် အလေးချိန် အနည်းငယ်ပိုသည်။ အခြေခံအမူန်သုံးမျိုး (အီလက်ထရွန်၊ပရိုတွန်၊နူထရွန်) တွင် အီလက်ထရွန်သည် အပေါ့ဆုံးဖြစ်သည်။ နူထရွန်၊ပရွန်တွန်တို့နှင့်နိုင်းယှဉ်လျှင် အီလက်ထရွန်သည် အဆ၂၀၀၀နီးပါး ပို၍ ပေါ့သည်။ နူကလိယ ထဲ တွင် အလေးချိန်ရှိသော အမူန်များ (ပရိုတွန်နှင့်နူထရွန်) ပါဝင်ဖွဲ့စည်း နေသောကြောင့် အက်တမ်တစ်ခုလုံး၏ အလေးချိန်စုဝေးရာနေရာသည် နူကလိယပင် ဖြစ်သည်။ တနည်းအားဖြင့် နူကလိယ ၏ အလေးချိန်သည် အက်တမ်တစ်ခုလုံး၏ အလေးချိန်ပင်ဖြစ်သည်။ ဥပမာ ဟီလီယံအက်တမ် 2He4 တွင် “2” သည် အက်တမ်အမှတ်စဉ်(atomic number) ၊ “4” သည် ဟီလီယံအက်တမ်၏ အလေးချိန် (atomic mass) ဖြစ်သည်။ အက်တမ်အမှတ်စဉ်သည် ပရိုတွန်နှင့် အီလက်ထရွန်အရေအတွက်ကို ကိုယ်စားပြု၍ အက်တမ် အလေးချိန်သည် ပရိုတွန်နှင့်နူထရွန် အတူတကွပါဝင်ဖွဲ့စည်းထားသော နူကလိယ၏ အလေးချိန် ပင်ဖြစ်သည်။

    Notes: Mass of proton=1.6726 x 10-27 kg  or 1 amu (atomic mass unit)

    Mass of neutron=1.6749 x 10-27kg or 1 amu

    Mass of electron=9.11 x 10-31kg or 1/1840 amu           1amu=1.6 x10-7 kg  or 931 MeV

    အီလက်ထရွန် ရှာဖွေတွေ့ရှိသူ – J.J. Thomson   (တွေ့ရှိသည့်ခုနှစ်=၁၈၉၇)           နူကလိယ ရှာဖွေတွေ့ရှိသူ – Ernest Rutherford  (တွေ့ရှိသည့်ခုနှစ်=၁၉၁၁)           နူထရွန် ရှာဖွေတွေ့ရှိသူ – James Chadwick       (တွေ့ရှိသည့်ခုနှစ်=၁၉၃၂)ပရိုတွန်ကို အဖိုဓါတ်ဆောင်သောအမှုန်အဖြစ် Thomson ကစတင်အဆိုပြုခဲ့ပြီး Rutherford       လက်ထက်တွင် ပရိုတွန်ဟု အမည်ပေးခဲ့သည်။

    Comments