အနေသန(၂၁)ပါး

ရဟန်းသာမဏေ တို့နှင့် မအပ်စပ်(မရှာကောင်း)သော ပစ္စည်းရှာနည်းကို ”အနေသန” ဟုခေါ်၏ ။ ထို့ကြောင့်အောက်ပါအလုပ်များကိုjုလုပ်ရာ၌ ဒကာ ၊ ဒကာမတို့ ပြန်၍ လှူအောင်ပြုလုပ်ခြင်းဟုမှတ် ။

၁။ လူများကို ဆေးကုပေးခြင်း ။ (မိဘ ၊ ကိုးကွယ်ရာမဲ့၍ ကျောင်းရောက်လာသူ ၊ကျောင်းတာဝန် ဆောင်နေသော ကပ္ပိယ စသူ ၊ ရန်မူမည့်မင်း ၊ ခိုးသား ၊ ဓါးပြ ၊သူပုန် စသော သူများကို ဆေးမကုကောင်း )
၂။ လူတို့၏ စေတမာန်လုပ်ခြင်း ။ (လူတို့ကစေလွှတ်သဖြင့် တရွာမှတရွာသို့ ခရီးရှည် သွား၍ စာပေးစာယူ စကားပေးစကားယူပြုခြင်း)
     မှတ်ချက်။   ။ ရတနာသုံးပါးနှင့်စပ်သော ကိစ္စမှတပါး အခြားကိစ္စ ၌ မပြုရ ။
၃။ လူတို့၏ အစေအခိုင်းခံခြင်း ။ (ဟိုနား ဒီနားခရီးအတိုသွား၍ ယူစရာ ငင်စရာကို ယူပေးဖို့ရန် အစေအခိုင်းခံခြင်း ။
၎။ အနာကို ဓါးခွဲပေးခြင်း ။
၅။ ဆေးလိမ်းပေးခြင်း ။
၆။ ပျို့ အန်ဆေးပေးခြင်း ။
၇။ ၀မ်းလျှောဆေးပေးခြင်း ။
၈။ နှာပေးခြင်း ။
၉။ မျက်စဉ်းပေးခြင်း ။
၁၀။ ၀ါးပေးခြင်း ။
၁၁။ သစ်ရွက်ပေးခြင်း ။ (အိမ်မိုးဖို့ရာ သက်ငယ် ၊ ဓနိစသည်)
၁၂။ ပန်းပေးခြင်း ။
၁၃။ စားဖွယ်သစ်သီးပေးခြင်း ။
၁၄။ ရေချိုးဆပ်ပြာ ပေးခြင်း။
၁၅။ ဒန်ပူ ခေါ် သွားတိုက်တံပေးခြင်း ။
၁၆။ မျက်နှာသစ်ရေ ပေးခြင်း ။
၁၇။ မျက်နှာချေမှုန့်  ခေါ် ပေါင်ဒါ ပေးခြင်း ။
၁၈။ မြေညက်ပေးခြင်း ။
၁၉။ မိမိကိုယ်ကို အောက်ချခြင်း ။ (စကားပြောသောအခါ မိမိကိုယ်ကို အောက်ချ၍ လူတို့ကို မြှောက်ပင့်ပြောခြင်း )
၂၀။ အနပ်နည်းပါး ၊ အနပ်များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားကိုပြောခြင်း ။
၂၁။ ကလေးထိန်းများကဲ့သို့ လူတို့၏ ကလေးများကို ချော့မြှုခြင်း ။
ထိုသို့ပြုလုပ်၍ ဒကာ ၊ ဒကာမတို့နှင့် အကျွမ်းဝင် ၊ အလွမ်းသင့်ဖြစ်ကာ လှူလေသမျှ ပစ္စည်းသည် (ကျောင်းတိုက်ကြီးပင်ဖြစ်စေ)
ထိုပုဂ္ဂိုလ် လည်းမအပ် ၊ အခြားရဟန်းများလည်း မသုံးဆောင်ကောင်း ၊ ထို့ကြောင့် ၀ိနည်းကို အလွန်ဂရုပြုသောပုဂ္ဂိုလ်တို့သည်
ယုံမှားဖွယ်ရှိသူတို့၏ ပစ္စည်းများကို မသုံးစွဲကြ ၊ ထိုသူတို့ကျောင်းကိုလည်းမသွားကြချေ ။

Comments