ဧရာဝတီတိုင်း

တည်နေရာနှင်.အကျယ်အ၀န်း

ဧ​ရာဝတီတိုင်းသည် ၁၃၅၆၈ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ စိုက်ပျိုးရေး အလွန်ကောင်းမွန်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟုလည်း ခေါ်ဆိုကြသည်။

ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

မြို့တော်

ဧ​ရာဝတီတိုင်း၏ မြို့တော်မှာ ပုသိမ်မြို့ဖြစ်သည်။

ခရိုင်ရုံးစိုက်ရာမြို့များ

ဧရာဝတီတိုင်းအား ခရိုင်၅ခုဖြင့် ဖွဲ့စည်းထားပြီး နာဂစ်မုန်တိုင်းအပြီး ၄ လအကြာတွင် လပွတ္တာမြို့အား ခရိုင်ရုံးစိုက်ရာမြို့အဖြစ်တိုးမြင့်ကာသတ်မှတ်လိုက်သည်။ထို့ကြောင့်ခရိုင်ရုံးများမှာ အောက်ပါမြို့များတွင် ရုံးစိုက်သည်။

  • ပုသိမ်မြို့
  • ဟင်္သာတမြို့
  • မအူပင်မြို့
  • မြောင်းမြမြို့
  • ဖျာပုံမြို့
  • လပွတ္တာမြို့

မြို့နယ်ရုံးစိုက်ရာမြို့များ

ခရိုင်၅ခုအား မြို့နယ်၂၆မြို့နယ်ဖြင့် ဖွဲ့စည်းထားခဲ့ပြီး ၂၀၀၈ ခုနှစ်၊သြဂုတ်လတွင် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် နှစ်မြို့နယ်ကိုပေါင်းကာ လပွတ္တာခရိုင်အဖြစ်တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

  • ပုသိမ်ခရိုင်

ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်

  • ဟင်္သာတခရိုင်

ဟင်္သတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်

  • မြောင်းမြခရိုင်

မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်

  • မအူပင်ခရိုင်

မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်

  • ဖျာပုံခရိုင်

ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်

  • လပွတ္တာခရိုင်

လပွတ္တာမြို့နယ်၊မော်လမြိုင်ကျွန်းမြို့နယ်

ဧရာဝတီတိုင်းမြေပုံ

အခြား မြို့ရွာများ

  • အထောင်
  • အိုင်သပြု
  • အဖျောက်
  • အသုတ်
  • ဘော်မိ
  • ချောင်းသာ
  • ဓမိ
  • ကဒုံကနိ
  • ကနောင်
  • ခမောက်စု
  • ကွင်းကောက်
  • ကျိုက်လတ်
  • ကျုံးဒါး
  • ကျုံကဒွန်း
  • ကျုံမငေး
  • လူခေါင်းကျွန်း
  • မဲဇလီကုန်း
  • မြင်းကကုန်း
  • မြို့ကွင်း
  • နိဗ္ဗာန်
  • ငါးသိုင်းချောင်း
  • ငွေဆောင်
  • အုန်းပင်
  • ပသွယ်
  • ပြင်ခရိုင်
  • သက္ကယ်သောင်
  • ပျဉ်ရွာ
  • စက္ကော့
  • စက်ဆန်း
  • ရှမ်းရွာ
  • ရှောပြာ
  • ရွှေလောင်း
  • ရွှေမြင်တင်
  • ရွှေတောင်မှော်
  • ဆင်မ
  • တဂရက်
  • တောင်ကလေး
  • သစ်ပြုတ်
  • သုံးခွ
  • ထူးကြီး
  • ဝါးခယ်မ
  • ရေလဲကလေး
  • ရွာသစ်
  • ဆကာကြီး
  • ဇီးချိုင်
  • ဒါးက
  • ဟိုင်းကြီးကျွန်း

စိတ်ဝင်စားဖွယ်နေရာများ

  • ရွှေမုဋ္ဌောဘုရား
  • ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း
  • ချောင်းသာကမ်းခြေ အပန်းဖြေစခန်း
  • လိပ်ကျွန်း
  • မော်တင်စွန်း


ဒေသထွက်ကုန်များ

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် စပါးကျည်ကြီး ဖြစ်သည့်အပြင် သစ်တောထွက်ပစ္စည်းများပါ အများအပြား ထွက်ရှိသည်။ ထို့အပြင် ပြောင်း၊ မြေပဲ၊ နေကြာနှင့် ဂုန်လျှော် တို့ပါစိုက်ပျိုး ထုတ်လုပ်ပြီး ငါးဖမ်းလုပ်ငန်းမှာလည်း များစွာအရေးပါလှသည်။ ငါးဖမ်းလုပ်ငန်းနှင့် အတူ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများလည်း များစွာဖွံဖြိုးသည်။

တက္ကသိုလ်နှင့် ကောလိပ်များ

  • ပုသိမ်တက္ကသိုလ်
  • ဟင်္သာတတက္ကသိုလ်
  • မအူပင်တက္ကသိုလ်
  • ပုသိမ်ပညာရေးကောလိပ်
  • ဘိုကလေးပညာရေးကောလိပ်
  • မြောင်းမြပညာရေးကောလိပ်
Comments